ဘာကြောင့်နည်း
တနေ.ကျွှန်တော်နှင့်ညီအစ်မလိုခင်သော ကရင်အမျိုးသမီးလေးများအားမေးလိုက်မိ၏။ ဘယ်လိုလဲ ရီးစားမရသေးဘူးလား အိမ်ထောင်မပြုသေးဘူးလားဟု မေးသောအခါ အင်း တနေ.တော့ဖြစ်လာမှာပေါ့လို. သူမတို.တတွေကပြန်ဖြေတော့ ကျွှန်တော်က အင်း ယူမယ်ဆိုရင်လဲ ကိုယ်အမျိုးသားတွေထဲကယူနော်လို.ပြောတော့ သူတို.က ဟွန်း ဒီကရင်အမျိုးသားတွေက အရက်သောက်တယ် ဘာပွဲဆိုလဲသောက် ဟိုပွဲဆိုလဲသောက် ..အားလုံးနီးပါးဘဲ အရက်သောက်ကြတယ်စိတ်ညစ်တယ်သူတို.ကိုမြင်ရဒါသူတို.
ဂေါင်းထဲမှာမူးဖို.လောက်ဘဲရှိတယ်လားမပြောတတ်တော့ပါဘူး အဲလိုလဲဆိုတော့ ကျွှန်တော်က ဒါဆိုမယူတော့ဘူးပေါ့ ဟုတ်လားလို.မေးတော့ ?_?
ဒီလိုလဲဟုတ်ပါဘူး အရက်မသောက်တဲ့ ကရင်ဆိုရင်ယူမယ်တဲ့ တာကျော်ရှာပေးတဲ့ ခက်ပြီ..သူတို.ကအဲလိုဆိုလာတော့ ကိုယ့်ခွားတွေကို ပြောရတော့မယ် ကရင်အမျိုးသမီးလေးတွေက အရက်မသောက်တဲ့သူဆိုယူမယ်တဲ့ ဒီတော့တချိန်တခါက အရက်ကြောင့် ကိုယ်ထီးကိုယ့်နန်း၊ ကိုယ်အင်ပါယာနဲ. နေထိုင်ပြီးရွှေထီးဆောင်းခဲ့ရတဲ့ ကရင်သမိုင်းကို ကိုယ့်ခွားတွေ သိပြီး အရက်ကြောင့် ဘယ်လိုဆိုးကျိုးရှိတယ်ဆိုဒါကို ပြောပြတော့မယ် ဒီလိုကွ ကရင့်ကမိုင်းက%#@%#*@#%%#@#@%#
တစ်ချိန်က ကရင်လူမျိုးတို့သည် ကြီးကျယ်ခမ်းနားသောဒေသကြီးကိုပိုင်ဆိုင်ပြီး ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်အင်ပါယာဖြင့် နေထိုင်ခဲ့ရဖူးပါသည်။ တစ်ချိန်ကရွှေထီးဆောင်းခဲ့ဖူးတာ အမှန်ပါ။ ဘာကြောင့် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်အင်ပါယာ ပျောက်ဆုံးသွားရပါသလဲ?
ခရစ်တော်မပေါ်မီ ဘီစီ (၆၀၀) လောက်အချိန်၊ တရုတ်ပြည်ကြီးမှ ''တိုင်း'' လူမျိုးများ လက်ရှိ ''ထိုင်းနိုင်ငံ'' မြောက်ပိုင်းသို့ဝင်ရောက်ချိန်တွင် "Ai Lao" ''အိုင် လာအို'' တွေ့ရသော သံလွင်မြစ် အရှေ့ဘက်ခြမ်းဒေသမှ ''ယွန်း'' သို့မဟုတ် ကရင်လူမျိုးများနေထိုင်လျက်ရှိသည် ဟုဆိုပြီး ၄င်းကရင်တိုင်းနိုင်ငံကြီးမှာ သံလွင်မြစ်မှ မဲခေါင်မြစ်အထိ ကျယ်ပြန့်ပါသည်ဟုအဆိုရှိ၍ ကမ္ဘောဒီးယားအထိ ချမ်းသာကြွယ်ဝသောတိုင်းနိုင်ငံဖြစ်ကြောင်း Dr.Dodd မှဖော်ပြပါသည်။
''Ai Lao'' ''အိုင်လာအို'' ကရင်ဘုရင်မင်းမြတ်အား သစ္စာခံအဖြစ်နေပါမည်ဟုဆို၍ ကရင်ဘုရင်မင်းမြတ်ကလက်ခံပြီး သူ၏တိုင်းနိုင်ငံတွင် နေထိုင်ခွင့်ပေးခဲ့ပါသည်။ ရာဇ်ဝင်ကြောင်းအရ ဘီစီ (၅၄၃) တွင် အိုင်လာအိုမှ ဥပါယ်တံမျဉ်ဖြင့် သစ္စာဖောက်ဖျက်ပြီး နယ်မြေအားလုံးကို ရယူသိမ်းပိုက်ခဲ့သည်ဟုဆိုပါသည်။ မည်သို့သောဥပါယ်တံမျဉ်နည်း?
ဆရာစောအောင်လှ၏ ကရင်ရာဇ၀င်သမိုင်းစာအုပ်တွင် ဖော်ပြချက်အရ ကရင်လူမျိုးများ ''ချင်းမိုင်'' ယခင်ဇင်းမယ်တွင် မြို့တော်တည်၍ လူမျိုးစုအားလုံး စုပေါင်းနေထိုင်ကြကြောင်း၊ လူအင်အားတစ်သန်းကျော်ပင်ရှိကြောင်း ထိုစဉ်က ယိုးဒယား(ထိုင်း) မြို့တော်မှာ ဘန်ကောက်ဖြစ်ကြောင်း၊ မကြာခဏဆိုသလို ယိုးဒယားနှင့် ကရင်လူမျိုးများ တိုက်ခိုက်မှုဖြစ်ပွားကြောင်း၊ သူနိုင်လိုက်၊ ကိုယ်နိုင်လိုက်ဖြစ်ကြောင်းဖော်ပြထားပါသည်။
ထိုစဉ်အခါက ကရင်ဘုရင်တွင် သားထောက်နောက်ခံမရှိပဲ သမီးတော်တစ်ပါးသာရှိသောအချက်နှင့် ကရင်လူမျိုးများ အရက်သေစာ လွန်စွာမှကြိုက်နှစ်သက်သည့် အားနည်းချက်ကို ယိုးဒယားဘုရင်မှ သိထားသဖြင့် အကောက်ကြံစည်ကြောင်း၊ ယိုးဒယားတိုင်းပြည်နှင့် ကရင်တိုင်းပြည် နှစ်ပြည်ထောင်စလုံးကို အုပ်ချုပ်နိုင်မည့်နည်းလမ်း ကြံစည်ပြီး ကရင်ဘုရင်မင်းမြတ်၏ သမီးတော်အား မိဖုရားခေါင်ကြီးမြှောက်မည်ဟု ကမ်းလှမ်းခဲ့သော်လည်း ကရင်ဘုရင်မင်းမြတ်မှ လက်မခံသဖြင့် ယိုးဒယားဘုရင်မှ နည်းလမ်းတစ်မျိုးကြံစည်ပြန်ပြီး နှစ်ပြည်ထောင်နယ်စပ်တစ်လျှောက် ကူးသန်းသွားလာရောင်းဝယ်ဖောက်ကားမှု လမ်းကြောင်းအားလုံးကို ပိတ်ဆို့အကျပ်ကိုင်ထားလိုက်ရာ ကရင်လူမျိုးများ ပင်လယ်ထွက်ပေါက်ပိတ်သွားပြီး ဆားမစားရသဖြင့် သုံးနှစ်ကြာသောအခါ အရိုးပျော့ရောဂါဘယ အဖြစ်များလာသောကြောင့် နောက်ဆုံး သမီးတော်အား ယိုးဒယားဘုရင်မိဖုရားခေါင်အဖြစ် လက်ဆက်ပေးအပ်လိုက်ရာ ယိုးဒယားဘုရင်မှလည်း ကရင်လူမျိုးများ၏ အယုံအကြည်ရစေရန်အတွက် ကတိထားရှိသည့်အတိုင်း ကရင်ဘုရင်မင်းမြတ်၏ သမီးတော်အား မိဖုရားခေါင်ကြီးမြှောက်ခဲ့ပါသည်။
(၁၆)နှစ်ကြာသောအခါ ကရင်ဘုရင်မင်းမြတ် နတ်ရွာစံသွားလေရာ ကရင်လူမျိုးများမှ ၄င်းတို့၏ ရာထူးအကြီးဆုံးစစ်သူကြီး ''စောခိုဘိုဖိုး'' ကိုနန်းတင်မည်အပြုတွင် ယိုးဒယားဘုရင်မှ ကရင်ဘုရင်မင်းမြတ်၏ သမီးတော်(မိမိ၏မိဖုရားခေါင်ကြီး) မှရသော ကရင်ဘုရင်မင်းမြတ်၏မြေးအား ထီးနန်းပေးအပ်မည်။ သို့ရာတွင် ကရင်ဘုရင်မင်းမြတ်၏မြေးမှာ အသက် (၁၅) နှစ်ခန့်သာရှိသေး၍ ကရင်စစ်သူကြီးမှ ကရင်နိုင်ငံအား ဘုရင်၏ကိုယ်စားအဖြစ် ယာယီအုပ်ချုပ်ထားရန် ကရင်ဘုရင်မင်းမြတ်၏သမီးတော်မှမွေးဖွားသော ကရင်ဘုရင်မင်းမြတ်၏မြေးတော် အသက် (၂၀) ပြည့်လျှင် ထီးနန်းပေးအပ်မည်ဟုဆိုခဲ့သဖြင့် ကရင်လူကြီးများမှ လက်ခံလိုက်နာကြပါသည်။
သို့ဖြင့် (၅) နှစ်တာအချိန်ကာလပြည့်သွားသောအခါ ကရင်လူမျိုးများသည် ကရင်ဘုရင်မင်းမြတ်၏မြေးတော်အား ထီးနန်းတင်မြှောက်ဖို့စောင့်မျှော်နေပါသော်လည်း ယိုးဒယားဘုရင်မှထီးနန်းမလွဲပေးသဖြင့် ကရင်လူကြီးများ ဘန်ကောက်သို့သွားရောက်တောင်းဆိုကြလေရာ ကရင်လူကြီးများ ကရင်ဝတ်စုံအပြည့်ဖြင့် မလာရောက်သဖြင့် ၄င်းတို့အားမည်သူမည်ဝါ အတပ်မပြောနိုင်သောကြောင့် ကရင်ဝတ်စုံဖြင့် ရာထူးအကြီးဆုံး စစ်ဗိုလ်စစ်သားလူနှစ်ရာ လာရောက်တောင်းခံရန် ပြောဆိုပြန်ကြားသောကြောင့် ကရင်လူကြီးသံတမန်အဖွဲ့ပြန်သွားပြီး နောက်တစ်ကြိမ်ကရင်လူကြီးများမှ ရာထူးအကြီးဆုံးစစ်ဗိုလ်စစ်သားလူနှစ်ရာအား ကရင်ဝတ်စုံအပြည့်အစုံဖြင့် ဘန်ကောက်သို့ထပ်မံသွားရောက်ပြီး ကရင်ဘုရင်၏မြေးတော်အား ထီးနန်းလွဲအပ်ပေးရန်အတွက် တောင်းခံကြပြန်ပါသည်။
ကရင်လူကြီးများအဖွဲ့လာသည်နှင့် မြို့တော်တွင်းသို့ဝင်ခွင့်မပေးမီ ယိုးဒယားဘုရင်မှ ယိုးဒယားအမျိုးသားများကို တခြားတစ်ပါးသို့ထွက်နေစေပြီး မိန်းမပျိုများနှင့် ကလေးများကိုသာချန်လှပ်ထားစေပြီးမှ ကရင်လူကြီးများအဖွဲ့အား မြို့တော်တွင်းသို့ဝင်ခွင့်ပြုခဲ့သည်။
ထို့နောက် ကရင်လူကြီးများအဖွဲ့မှ ခေါင်းဆောင်များအား နန်းတွင်းသို့ဖိတ်ခေါ်ပြီး ကျန်စစ်ဗိုလ်စစ်သားများအား ကောင်းမွန်စွာကျွေးမွေးဧည့်ခံဖျော်ဖြေစေ၍ အရက်ယမကာတိုက်ကျွေးစေပြီး မူးဝေမိန်းမောသောအခါတွင် ယိုးဒယားမိန်းမပျိုများမှ ယိုးဒယားဘုရင်မှာကြားသည့်အတိုင်း ကရင်စစ်ဗိုလ်စစ်သားများကို အလွယ်တကူသတ်ဖြတ်လိုက်ကြပါသည်။
နန်းတော်တွင်း၌လည်း ယိုးဒယားဘုရင်မှ ကရင်လူကြီးခေါင်းဆောင်များအား ဥပါယ်တံမျဉ်ဖြင့် ၀မ်းသာမှုအထိမ်းအမှတ် အစားအသောက်များ တည်ခင်းဧည့်ခံကျွေးမွေးပြီး အရက်ယမကာများတိုက်ကျွေးရာ ကရင်လူကြီးခေါင်းဆောင်များ မူးဝေမိန်းမောသောအခါ ယိုးဒယားမိန်းမပျိုများမှ တစ်ဦးစီခေါ်ဆောင်သွားပြီး လွယ်လင့်တကူ သတ်ဖြတ်လိုက်ကြပါသည်။
သံခင်းတမန်ခင်းအဖြစ် သွားရောက်ကြသော ကရင်လူကြီးစစ်ဗိုလ်စစ်သား (၂၀၀) ကျော်အား ယောက်ျားများနည်းတူ သတ်ဖြတ်နိုင်လိုက်သဖြင့် ယိုးဒယားဘုရင်မှ ယိုးဒယားအမျိုးသမီးများအား ၄င်းအချိန်မှစ၍ ယောက်ျားများကဲ့သို့ ဆံပင်တိုထားခွင့်ပြုပြီး ယောင်္ကျားများကဲ့သို့ ပုဆိုးခါးတောင်းကြိုက်ခွင့်ပြု ချီးမြှင့်ခဲ့ပါသည်။
ကရင်လူမျိုးများအဖို့မှာမူကား ''ဖွတ်မရဓားလည်းဆုံး'' ဘ၀၊ ကရင်ဘုရင်မင်းမြတ်၏မြေးတော်အား ဘုရင်မြှောက်နန်းတင်ခွင့်မရသည့်အပြင် ခေါင်းဆောင် (၂၀၀) ကျော် သတ်ဖြတ်ခံလိုက်ရသဖြင့် ခေါင်းဆောင်မဲ့ဘ၀သို့ဆိုက်ရောက်ခဲ့ရပါသည်။
ထိုအခါ ယိုးဒယားဘုရင်မှ အခွန်အတုပ်များ ကြီးမားစွာ တိုးမြှင့်ကောက်ခံခြင်း၊ နည်းမျိုးစုံဖြင့် နိုင်ထက်စီးနင်း၊ စော်ကားမော်ကားပြုလုပ်ခြင်း၊ ညှဉ်းဆဲသတ်ဖြတ်မူများပြုလုပ်ခြင်းများကို ပြုလုပ်လာသဖြင့် ကရင်လူမျိုးများလွတ်ရာကျွတ်ရာ ထွက်ပြေးသွားရသဖြင့် ကရင်တိုင်းနိုင်ငံကြီး ကျဆုံး၊ ပျက်စီး၊ ပျောက်ပျက်၊ ဆုံးရှုံးသွားရလေတော့သည်ဟု ဆရာစောအောင်လှရေး ကရင့်သမိုင်းရာဇ၀င်စာအုပ်တွင် အသေးစိတ်ဖော်ပြထားပါသည်။
တစ်ချိန်က ဇင်းမယ်၊ ယခုအခေါ် ချင်းမိုင်၊ ကရင်များအခေါ် ''ကီမဲ'' နှင့်ပတ်သက်၍ ''ထား'' ကဗျာလင်္ကာမြောက်မြားစွာရှိရာ တစ်ခုသော ''ထား'' မှာ ဝေဒိုကီမဲဝေလဲသော၊ တမေကလော မာကလော၊ ဝေဒိုကီမဲ ဝေသဂါ၊ တမေလော မာသဒါပွား၊ ဝေဒိုကီမဲ ဝေလယ်ပွဲ။ ဖူးတကူမား နော်အဆဲ၊ ''ဘော်ကော'်' ဝေကဲထော်လဲခီး ထော့မဲပါ မားနော်ဃာလီး'' ချင်းမိုင်(ကီမဲ) တန်ခိုးကျဆင်းသွားပေမဲ့ တစ်နေ့မှာပြန်လည်ရှင်သန်လာပါလိမ့်မယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဘန်ကောက်မြို့ကနောက်ဖြစ်လာတာပါဟုဆိုပါသည်။
ကြီးကျယ်ခမ်းနားခဲ့သော ကီမဲ ချင်းမိုင်အင်ပါယာကြီး၊ ကရင်အင်ပါယာကြီးပေါ်ထွန်းခဲ့ပါသည်။ ဘာကြောင့် ''ကရင်အင်ပါယာကြီး၊ ချင်းမိုင်အင်ပါယာကြီး၊ ကရင်ဘုရင်မင်းမြတ်ထီးနန်းကြီး'' ကျဆင်းပြိုကွဲ၊ ပျက်စီး၊ ပျောက်ကွယ်ခဲ့ရပါသနည်း။ အထူးပင်ပြောစရာ မလိုတော့ပါ။ အရာရာကိုလက်လွတ်ဆုံးရှုံးခဲ့ရသောအရက်ကို ဆက်လက်ပြီးကရင်လူမျိုးများ ဖက်တွယ်သင့်ပါသလား။ စဉ်းစားဆင်ခြင်ဆုံးဖြတ်ကြပါ။ အရက်ကိုအပြီးပြတ်၊ ယတိပြတ်ဖြတ်ပြီး ဘာသာသာသနာထွန်းကားရေးတွင် တစ်တပ်တစ်အားမှ ထိထိရောက်ရောက် အရေးပါအရာရောက်သော အခန်းကဏ္ဍများအထိပင် ကရင်လူမျိုးတို့၏အနာဂတ်၊ ကရင်လူမျိုးတို့၏ကံကြမ္မာကို ပြောင်းလဲသွားအောင်လုပ်ဆောင်စေချင်ပါသည်။
ယခုမျက်မှောက်ခေတ်တွင်လည်း ကရင်တစ်မျိုးသားလုံး၏ အမည်နာမကို မှေးမှိန်၊ ဖုံးကွယ်၊ သိက္ခာကျစေတဲ့အရက်ကို ရှောင်ရှားသင့်ကြပါပြီ။ ဒါကြောင့် ကရင်လူမျိုးများ အရက်ကင်းသင့်ပါပြီဟု တိုက်တွန်းလိုပါသည်။ အနာဂတ်ကရင်လူမျိုးများ တစ်မျိုးသားလုံးအရက်ကင်းစေရမည်ဟု ဆန္ဒပြုပါသည်။
ဘာကြောင့် ကရင်တိုင်းနိုင်ငံကြီး ပြိုကွဲ၊ ပျက်စီး၊ ဆုံးရှုံးပျောက်ကွယ်သွားရပါသနည်း။ကရင်အမျိုးသမီးလေးများသည်လည်း ဘာကြောင့် အရက်သောက်သော ကရင်အမျိုးသားများကို အထင်သေးကြသနည်း ''ဘာကြောင့်နည်း''
ကရင်နေ.ထူးနေ.မြတ်များ
Category
- ကရင့်သတင်း (57)
- သတင်း (21)
- ကဗျာများ (9)
- ဗွီဒီယို (9)
- KNF(KOREA) (7)
- Gtalk နည်းလမ်းများ (5)
- ကရင့်သမိုင်း (5)
- ကွန်ပျုတာဆော့ဝဲ (5)
- နည်းလမ်းများ (5)
- ကရင့်ပုံပြင် (3)
- Gameများ (2)
- ကရင်အမျိုးသားသီချင်း (2)
- ကရင်နှစ်သစ်ကူးနေ. (2)
- ကွန်ပျုတာနှင့်စာအုပ် (2)
- ဆုတောင်း (2)
- ဖိတ်ကြားစာ (2)
- ကြော်ငြာ (2)
- ပြည်သူအသံ (2)
- ကရင်ရာဇ၀င် (1)
- ကရင်သတင်း (1)
- ကရင်အမျိုးသားအလံတော် (1)
- ကရင့်ရိုးရာ (1)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကျမ်းမာရေး (1)
- ခံစားချက် (1)
- ချည်ဖြူဖွဲ.မင်္ဂလာပွဲတော် (1)
- ဓာတ်ပုံများ (1)
- ပိုးကရင် ပြဇာတ်များ (1)
- ဖိတ်ကြားလွှာ (1)
- ရိုးရာကရင်ဒုံးယိမ်းအကြောင်း (1)
- လူမူရေး (1)
- သင်ခန်းစာ (1)
-ီDictionaryများ (1)
- စောဘဦးကြီး (1)
- ဆောင်းပါး (1)
- ပေးစာ (1)
Showing posts with label သင်ခန်းစာ. Show all posts
Showing posts with label သင်ခန်းစာ. Show all posts
Thursday, 25 June 2009
ဘာကြောင့်နည်း
Labels:
သင်ခန်းစာ
Subscribe to:
Posts (Atom)