Showing posts with label ကြော်ငြာ. Show all posts
Showing posts with label ကြော်ငြာ. Show all posts

Saturday, 23 January 2010

ကိုရီးယားရောက် မြန်မာတိုင်းရင်းသားများ ဆောင်းရာသီ အပန်းဖြေခရီးထွက်မည်

သတင်း-ကိုဝိုင်း(မိုးညှင်း)
လာမည့် ဖေဖော်ဝါရီလ ၁၄ ရက် (ကိုရီးယားနှစ်သစ်ကူးပိတ်ရက်ကြီးနေ့) တွင် ၊ ဓမ္မဒူတ ဗုဒ္ဓသာအသင်း (ကိုရီးယား) က ကမကထပြုပြီး ၊ဆောင်းရာသီ အပန်းဖြေခရီးထွက်ကြမည်ဖြစ်ကြောင်း ၊ သွားရောက်မည့်နေရာမှာ (Vivaldi Park Ski World) ဗီဗယ်လ်ဒီစကိတ်စီးအပန်းဖြေဥယျာဉ်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံများမှာ- (ကလစ်)

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ဓမ္မဒူတ(ကိုရီးယား)မှ ယာဉ်များစတင်ထွက်ခွါမှာဖြစ်ပြီး ၊
နေ့လည် ၁၂ နာရီခန့်တွင် အပန်းဖြေစခန်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း ၊ အပမ်းဖြေဥယျာဉ်အတွင်း စိတ်ကြိုက် အပန်းဖြေကြပြီး ညနေ ၅ နာရီတွင် အပန်းဖြေစခန်းမှ ပြန်လည်ထွက်ခွါမည်ဖြစ်ကြောင်း ၊ ကိုရီးယားနှစ်ကူးပိတ်ရက်ကြီးခရီးစဉ်ဖြစ်သဖြင့် ယာဉ်ကြိုတင်စီစဉ်ရမည်ဖြစ်ရာ

၊ လိုက်ပါလိုသူများ ဖေဖော်ဝါရီလ ၇ ရက်(တနင်္ဂနွေနေ့)ညနေ ၆ နာရီ နောက်ဆုံးထား စာရင်းပေးသွင်းကြရမည်ဖြစ်ကြောင်း ၊ ၄င်းခရီးစဉ်နှင့် အတူလိုက်ပါရန် ဗီဇာရှိဖို့မလိုကြောင်း သိရသည် ။အပန်းဖြေစခန်း အခြေအနေ ကြိုတင်သိရှိလိုသူများ ၊ အောက်ပါ ဗီဒီယိုကလစ်နှင့် ၊ ပုံများ ကြိုတင် လေ့လာနိုင်သည်ဟု ဆိုပါသည်

လိုက်ပါလိုသူများ ဓမ္မဒူတဗုဒ္ဓဘာအသင်း(ကိုရီးယား) နှင့် မြန်မာဆိုင်များတွင် ယာဉ်နေရာများ ကြိုတင် မှာကြားရယူနိုင်ပြီဖြစ်ကြောင်း ၊ တစ်ဦးလျင် ခရီးစရိတ် ဝမ် ၃ သောင်း ၅ထောင် (အပန်းဖြေဥယျာဉ်အတွင်း ကွန်ဒိုရာမိုးပျံယာဉ်စီးခ အပါအဝင်)နှုန်း သတ်မှတ်ထားကြောင်းသိရသည်။

more.gif

Saturday, 26 September 2009

ကြော်ငြာ


ကရင့် အဘိဓာန်လေးတွေပါ စကောကရင်လို အင်္ဂလိပ်-ကရင် စာအုပ်ပါ ဟီး ကျွှန်တော်လဲ ငွေမတတ်နိုင်သေးလို.ကြော်ငြာဒါတတ်နိုင်၇င်တော့ကျွှန်တော်ဘလော့ဂ်မှာတင်ပေးပါမယ်..ရှိတဲ့သူများ မှာယူပါ။ကျွှန်တော်လဲ ခုစုနေပါတယ် မကြာခင် ကျွှန်တော် ကရင်ညီအကို/မောင်နှတွေကို လက်ဆင့်ကမ်း နိုင်အောင် တယောက်ခြင်းဆီမှာ ကရင်သမိုင်း ကရင့်အမျိုးသားရေးတွေ လုပ်ဆောင်
ချင်တဲ့ စိတ်ဓာတ်တွေ ကရင်အမျိုးသားရေးတွေ တက်ကြွလာအောင် ကရင်စာပေတွေတတ်မြောက်အောင် အစဉ်သဖြင့် စဉ်းစား
ကျိုးစားနေသူပါ။ဘာလို.အဲလို ပြောရသလဲဆိုတော့ တချို. တချို.သောညီအကို/မောင်နှတွေက ကရင်စာမတတ်တော့ မိမိကိုယ်ကိုယ် ကရင်လူမျိုးပြောရမှာရှက်သောကြောင့် မိမိမတို.ကရင်လူမျိုး မပျောက်ပျက် အောင် ကြိုးစားရင်းခု ဒီလင့်လေးကို
လိုအပ်သောသူများအား ကြေငြာလိုက်ပါသည်။တဆက်တည်းမှဘဲ အင်တာနက်အွန်လိုင်းမှ ပိုးကရင်စာ သင်ကြားချင်သူများ အွန်လိုင်းပိုးကရင်စာပေများကို
အွန်လိုင်းကနေမှ တဆင့်သင်ကြားပို.ချမည်ဖြစ်ပါသဖြင့် သင်ကြားပို.ချမည်သူများ စာရင်းပေး အဲ မှားလို. မေးလ်အကောင့်ပို.ပြီး
သင်ကြားနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။စကော ကရင်စာပေ ပို.ချုမူ.ကိုလည်း အွန်လိုင်းမှ တဆင့်သင်ကြားပို.
ချပေးမည်. ညီအကို/မောင်နှမ အားလုံးကို ဖိတ်ခေါ် အကူအညီတောင်းခံအပ်ပါသည်။သင်ကြားပို.ချ ကူညီမည့် ကျွှန်တော်ညီအကို/မောင်နှမများ ကျေးဇူးပြု၍ sutoung@gmail.com သို. ကူညီအကြောင်းကြားပေးပါ ရန်မေတ္တာရပ်ခံပါသည်။

လိုရင်းပျောက်နေမှာစိုးလို. ကြော်ငြာတွေများလိုက်ဒါလို.ပြောနေတော့မယ် ကဲဒီမှာ ကြောငြာထားတဲ့လင့်တွေ
Karen Student Dictionary(Click Here)

English Student Dictionary(Click Here)

Karen Picture Dictionary(Click Here)

ဒီလင့်ကိုရှာဖွေပေးသော လာပုင်းပုင်း ကိုအထူးကျေးဇူးတင်ပါသည်။

ကျွှန်တော်နောက်ဆို ပို.စ်များ မတင်ဖြစ်ရင်နားလည်ပေးပါ ကျွှန်တော် ဘလော့ကို လာလည်သူတွေကို အထူးကျေးဇူးတင်ရှိပါသည်။
ကျွှန်တော် ကိုယ်ရေးကိုယ်ဒါ ကိစ္စများကြောင့် မအားလပ်၍ အားလုံးကိုတောင်းပန်ပါတယ်။
အှ်ဆံင်းလာ့ဆာ် . ကိုဝ်ဟှာဍေ

more.gif