Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Friday, 16 July 2010

အတွေးစိတ်ကူး
















အတွေးစိတ်ကူး



တစ်ခါတစ်လေ...

မဖြစ်နိုင်သေးမှန်း သိနေလျှက်လည်း
ငါ့ရဲ.အတွေး စိတ်ကူးယဉ်နေမိတယ်။

ဆင်းရဲဒုက္ခ ငါ့လူမျိုးတွေရဲ့ဘဝ
မျက်စိရှေ့တွင် နေ.စဉ်မြင်တွေ့နေရ
ထမင်းတစ်လုပ်စားဖို့ ရှာကြံဖန်းတီး
နေစရာ မြေတောင်မရှိကြတဲ့ သူတို.တတွေဘ၀။

ဒီလိုဆင်းရဲမူ.နှင့် ငါ့လူမျိုးအား
ငါ့မှာ ဥစ္စာ၊စည်းစိမ် ရှိခဲ့ရင်လည်း
ငါ့ရှိစည်းစိမ် ဥစ္စာများအား
ငါလူမျိုးကိုပေးကမ်းချင်မိ။

စည်းစိမ် ၊ ဥစ္စာ ငါမမက်ပါ
သို့သော်ငြားလည်း...
စည်းစိမ် ၊ ဥစ္စာ ပြည့်စုံပါမှ
ငါ့လူမျိုးအား ကူညီနိုင်အံ့
အတွေးတိမ်တိုက်ထဲမှာတော့လေ
ငါ့လူမျိုးတွေငါကူညီနေကြပေါ့။

တောက်...
ဆူညံသံ တစ်ခုအကြား
ငါ့အတွေးစိတ်ကူး နိုးထစေခဲ့
ဒီလိုနဲ့ ပြန်လည်နိုးထ
ငါ့ရဲ.အတွေး စိတ်ကူးကနေ
ဂရုတစိုက်ပြန်တွေးကြည့်မိပေါ့။

တစ်ကယ်တော့..
မဖြစ်နိုင်သေး အလွန်ဝေးတဲ့
အတွေးတစ်ခု စိတ်ကူးယဉ်တတ်တဲ့
ငါ့ရဲ.ဘ၀လေးက တုံးအောက်ကဖား
တုံးအောက်ကနေ မိုးထက်မြင့်တဲ့စိတ်ကူးတွေနဲ့
လေပေါ်မှာ တိုက်အိမ်ဆောက်နေခဲ့။

လောလောဆယ်မှာတော့
တုံးအောက်ကဖား
တုံးပေါ်တက်နိုင်အောင် ကြိုးစားထားရင်း
အတွေး စိတ်ကူးလွင့်မျှောနေရင်းပေါ့။

ကဗျာ(စောနှင့်နန်း)

more.gif

Friday, 25 December 2009

မျိုးဆက်သစ် ကရင်လူငယ်များ နိုးထကြလော့














မျိုးဆက်သစ် ကရင်လူငယ်များ


အချိန်ကာလ
ရွေးနှုတ်တတ်လော့
အစသမိုင်း
ပြန်လည်ပိုင်းရင်
မျက်ရည်ဝိုင်းတယ်လူငယ်တို့။

နိုင်ငံရေးမှာထိပ်ထိပ်ကျဲ
ကမ္ဘာ့အရေးမှာချိမ့်ချိမ့်သဲ
ကမ္ဘာ့ကုလသမဂ္ဂမှာ ကျိတ်ကျိတ်နွဲ
နိုင်ငံတော်သမ္မတနဲ့
အာဇာနည်ဖြစ်ကြတာ ဘယ်သူတွေလဲ
အဲ့ဒါမင်းတို့ အဘိုးတွေပဲ။

စစ်ရေးမှာသတ္တိခဲ
ပထမ၊ ဒုတိယ ကမ္ဘာစစ်မှာပါဝင်နွဲ
လွတ်လပ်ရေးရပြီးနောက် တပ်မတော်ကို ကွပ်ကဲ
စစ်ရေးသေနာပတိနဲ့ သတိုးမဟာသရေစည်သူဘွဲ့ရ
ကာကွယ်ရေးဦးစီးချုပ်တပ်မင်းဟာ ဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။


ကမ္ဘာမှာ ပထမ
နိုင်ငံတကာလူရည်ချွန်တွေ တက်ကြ
အိန္ဒိယနိုင်ငံက“ဒေရာဒွန်း”စစ်တက္ကသိုလ်အလှ
ပထမဆုံးအပတ်စဉ်(၁)မှာ
လှံစွပ်ထိုးသင်ခန်းစာမှာ ဘက်နက်ကျိုးပါသတဲ့
စံပြဗိုလ်လောင်းပထမဆုရ
ရွှေစလွယ်နဲ့ငွေဓါးဆု ဂုဏ်ပြုခံရတာဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။

ပညာရေးမှာ ၀င့်ဝင့်ကြွား
ဆာဘွဲ့ရ၊ ဒေါက်တာဘွဲ့ရ ၀တ်လုံတော်ဘွဲ့ရများမှများ
အာရှတလွှားမှာ အင်္ဂလိပ်စကားကို အင်္ဂလိပ်အလား
ပီပီသသ ကြည်ကြည်မြမြ
ပြောဆိုရေးသားနိုင်ကြတာ ဘယ်သူတွေလဲ
အဲ့ဒါ မင်းတို့အဘိုးအဘွားတွေပဲ။

အားကစားမှာ အာရှစတား
ဘောလုံးလောကမှာ ပြိုင်စံရှား
အောင်ဆန်းအားကစားကွင်းကိုသွားပြီး
လေ့လာကြည့်လိုက်စမ်းပါလား
ပထမဆုံးမြန်မာ့လက်ရွှေးစင်အသင်း
နံပါတ်(၁)ထိပ်ဆုံးမှာ မှတ်တမ်းတင်သွင်း
သမိုင်းဝင်စာရင်းထဲမှာ ဘယ်သူတွေပါလဲ
အဲ့ဒါ မင်းတို့အဘိုးတွေပဲ။

သတင်းမီဒီယာလောကမှာ
မြန်မာပြည်မှာ ပထမဆုံးစတာ
မင်းတုန်းမင်းထုတ်တဲ့“ရတနာပုံသတင်းစာ”ထက်
စီနီယာကျတာ“ဆာထူဝေါ”သတင်းစာ
ထူထောင်ခဲ့တာဘယ်သူတွေလဲ
အဲ့ဒါ မင်းတို့အဘိုးတွေပဲ။

မြန်မာစာပေမှာ
ပထမဆုံး အကောင်းဆုံး “စကားပြေ”အရေးအသားမှာ
မှတ်တမ်းတင်ထားပါတယ်
နန်းတွင်းသုံးဝေါဟာရအထွေထွေ
ဂုဏ်အလင်္ကာ ရသတဝေေ၀
မြန်မာစာပေသတ်ပုံ အမှားအမှန်မသိရင်
“သမ္မာကျမ်းစာ”မှာရှာကြည့်ပါ
ဘကြီးတော်မင်းတြားကြီးလက်ထက်
ဆရာ“ယုဒသန်”နဲ့ အတူဘာသပြန်ထုတ်ဝေခဲ့တာ
ဘယ်သူတွေပါလဲ
အဲ့ဒါ မင်းတို့အဘိုးဘွားတွေပဲ။

ကမ္ဘာပေါ်မှာ ဆန်းဆန်းပြားပြား
လှပထူးခြားတဲ့ ဂုတ်ထိပ်တံတား
ပထမဆုံးဖွင့်ပွဲအခမ်းအနားမှာ
မီးရထားနဲ့ဖြတ်မောင်းသွားတဲ့
မီးရထားစက်ဗိုလ်ဟာဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးပဲ။

တော်လှန်ရေးကိုဆင်နွဲစဉ်
လေကြောင်းတိုက်ပွဲနဲ့ ဝေဟင်ကဗုံးကြဲဖို့
ကမ္ဘာမှာ ပထမဆုံး လေယာဉ်ပြန်ပြေးဆွဲ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်က
တပ်မဟာမှူနဲ့အဖွဲ့ဟာ ဘယ်သူတွေလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။

ကရင့်နိုင်ငံ၊ အမျိုးသားသီချင်းနဲ့ ကရင့်အလံ
ဘိလပ်ကိုအသွားအပြန်နဲ့
နေမ၀င်အင်ဘာယာက၊ ဘုရင်မင်းမြတ်ကို
ရွှေနားတော်သွင်းတောင်းဆိုရာမှာ
နိုင်ငံမှအပ အမျိုးသားသီချင်းနဲ့ အလံတရားဝင်ရခဲ့တယ်
ဗြိတိသျှအစိုးရပေးက၊ တကမ္ဘာလုံးအသိအမှတ်ပြုရတယ်။
ဂန္တ၀င်မြောက် သမိုင်းအထောက်အထားနဲ့
မြောက်စားခြင်းခံရတာဘယ်သူတွေလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။

၁၉ရာစုနှစ်က ကမ္ဘာအစိုးရတွေဟာ
မြန်မာအစိုးရကို လာတွေ့တဲ့အခါ
ကရင်ကိုလာတွေ့တာနဲ့အတူတူပဲ
ကမ္ဘာ့အဆင့်အတန်းမှီ လူမျိုးတမျိုး
နိုင်ငံတကာကချစ်မြနိုးအောင်
ကြိုးစားခဲ့တာ ဘယ်သူတွေလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။

အဲ့ဒါတွေချစ်သားတို့သိထားဖို့ လိုလိမ့်မယ်၊
သမိုင်းကိုမသိရင် အရိုင်းစိုင်းလိုဖိမယ်
အဲ့ဒါကြောင့်—-
ချောင်မှာလဲကုတ်မနေနဲ့
အမှောင်မှာလဲ မြှုတ်မနေနဲ့
ယောင်ချာချာလဲ လုပ်မနေနဲ့
၂၁ရာစုသစ်ဟာ မင်းတို့ရဲ့ခေတ်ပဲ
မျိုးဆက်သစ်ရင်နစ်ရတနာများ
“ပပွားကလူ”ဆိုတာ“ယွား”ဘုရားရဲ့သားတွေမို့
ရွှေနိုင်ငံကို အပိုင်းစမဲ့၊ ရွှေကလပ်ပေါ်က ပတ္တားမြား
နိုးးထကြလော့ မျိုးဆက်သစ်ကရင်လူငယ်များ။

မန်းမုမေ့ဖန်း (ဧရာဝတီ)

ကရင့်သတင်းစဉ်မှပြန်လည်ကူးယူဖော်ပြသည်။

more.gif

Tuesday, 24 November 2009

သံစဉ်လှိုင်း

သံစဉ်လှိုင်း
တူ တူ တူ
ကျွဲချိုသံက တလူလူ
အေးအတူ ပူအမျှလက်ဆုံကြ
နှစ်သစ်ကူးရဲ့ည။



အော် အော် အော်
တောင်ယာတဲက လူစုံသနော်
ခေါ်သံကြားလို့ ကြည့်ပါဗျာ့
ဝါးညှပ်ယိမ်းတို့ ကတဲ့ည။



ဒုံ ဒုံ ဒုံ
ဖားစည်သံနဲ့ ရင်ကခုန်
စုံစုံညီညီ ကလိုက်ကြ
ဇွဲကပင်ရဲ့ ဒုံးအလှ။



ပလုံ ပလုံ ပလုံ
ရေလှိုင်းသံတို့ အသံစုံ
ဂုဏ်ယူစွာလေ လှော်လိုက်ကြ
သံလွင်သားတို့ ပျော်တဲ့ည။


လ်ုဝါ်-လာပုင်းပုင်း

more.gif

Tuesday, 10 November 2009

စနစ်ဆိုးရဲ့ မြေခွေးများ

စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့ဘာသာစကား
ငါ.. လွတ်လွတ်လပ်လပ်.......ပြောခွင့်မရခဲ့။

စနစ်ဆိုးကြောင့်
ငါ့ မိခင်ရဲ့ စာပေ
ငါ..လွတ်လွတ်လပ်လပ်.....သင်ကြားခွင့်မရခဲ့။

စနစ်ဆိုးကြောင့်
ငါ့ မိခင်ရဲ့ ယဉ်ကျေးမှု့
ငါလွတ်လွတ်လပ်လပ်........ဖော်ထုတ်ခွင့်မရခဲ့။

စနစ်ဆိုးကြောင့်
ငါ့..အမေ့အိမ်ကို ငါ...စွန့်ခဲ့ရတယ်။

ဒီလိုနဲ့........
စနစ်ဆိုးရဲ့ ဖန်တီးမှု့ကြောင့်
စနစ်ဆိုးရဲ့ သားကောင်တို့
ဆုံစည်းရာ တစ်နေရာမှာတော့
ငါ့မိခင်ရဲ့....... ဘာသာစကား
ငါ့မိခင်ရဲ့........ စာပေ
ငါ့မိခင်ရဲ့......... ယဉ်ကျေးမှု့
နောက်ဆုံး မှာတော့
ငါ့ရဲ့ ရိုးသားမှု့ကိုပါ
စနစ်ဆိုးရဲ့........မြေခွေးတသိုက်က
ဖျက်ဆီးနေကြပါလား......။


သာထွန်းမွန်
(kaowao မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)

more.gif

Saturday, 25 July 2009

ဇွဲကပင်အလွမ်း




ဇွဲကပင်အလွမ်း

ဆည်းဆာအို
မှောင်ညိုတဲ့ညချမ်း
အလွမ်းသင်တိုင်းခြုံလို့
ရင်ခုန်သူ နန်း မျှော်မောရတယ်
စော ရယ်။

ဇွဲကပင်မြေက
တို့တွေမြတ်နိုး
အမျိုးဘာသာ
ရိုးရာလင်းလက်
စာပေအရေး ရည်မှန်းခြယ်သ
ဝေစည်အပြုံး ကြည်နူးရတယ်
စော ရယ်။

ဇွဲကပင်တောင်ကို
သက်သေပြုလို့
ရင်မှမေတ္တာ ပေါက်ဖွားလာသော
ချစ်သောစကား ပြောကြားစဉ်တုံး
ခုတော့..ပင်သစ်တွေ့လို့ ပင်ဟောင်းမေ့
ပြောင်းလဲပြီလား
စော ရယ်။

ကြင်နာရိပ်သန်း
ကမ်းလှမ်းကူးယှက်
အသည်းထက်၌ မျက်ဝန်းထဲတွင်
နှင်းရည်တွေလူး ပခုံးပါးဝယ်ပုဝါငင်
မြင်လှည့် ကြင်လှည့် ဆုံဆည်းမဲ့ရက်
လက်ချိုးရေတွက် စောင့်မျှော်လျက်ပါ
စော ရယ်။

more.gif

Tuesday, 16 June 2009

တိုက်တွန်းခြင်း



တိုက်တွန်းခြင်း

*မိမိလူမျိုး၊ တည်ရှိတိုးဖို.
နိုးကြားတက်ကြွ၊
ဆောင်ရွက်ကြလော့။

*မိမိစကား၊ မေ့မထားဘဲ
ပြောကြားမပြတ်၊ ကျိုးစားကြလော့။

*မိမိစာပေ ၊သင်ယူလေပြီး
ရေးနေမပြတ်၊ သင်အံကြလော့။

*ယဉ်ကျေးမူအလှ၊ မပျောက်ရအောင်
မပြတ်အစဉ်၊ နေ့တိုင်းဆင်လော့။

*ဤသည့်တန်ဆာ၊ ညီညွတ်စွာဖြင့်
လွန်စွာကျိုးပန်း၊ ကိုယ်စီထမ်းမှ
လန်းဆန်းဘ၀၊ ရှင်သန်လိမ့်မည့်
မွန်မြတ်ဘ၀၊ တည်ရှိတိုးမည်
နိုးကြားမပြတ်၊ ဆောင်ရွက်ကြလော့။

(နန်းမီး)

more.gif

Sunday, 14 June 2009

လက်တွဲဝန်းရံကြွေးကြော်သံ













ဘိုးဘွားချန်သွား
အမွေများကို
မှန်မှန်ဖော်ထုတ်
တို့အလုပ်ဟု
ကြိုးကုတ်လုံ့လ
အားထုတ်ကြစို့....။

စာပေဗိမာန်
ဇာတိမှန်ကို
မှန်မှန်ဖော်ထုတ်
တို့အလုပ်ဟု
ကြိုးကုတ်လုံ့လ
အားထုတ်ကြစို့....။

ယိမ်းနွဲ့ကဟန်
ကကြိုးမှန်ကို
မှန်မှန်ဖော်ထုတ်
တို့အလုပ်ဟု
ကြိုးကုတ်လုံ့လ
အားထုတ်ကြစို့....။

ညီညွတ်လက်တွဲ သွေးမကွဲဘဲ
သွေးခွဲစကား ဘေးဖယ်ထားကာ
တို့များဓလေ့ တို့လက်တွေ့ဆောင်
ရေးသားစာပေ မျိုးအမွေကို
မျိုးမေ့သူများ မရှိငြားအောင်
တိုးပွားစေသား ဆန္ဒများဖြင့်
တို့တွေဖော်ထုတ် တို့အလုပ်ဟု
ကြိုးကုတ်လုံ့လ အားထုတ်ကြစို့....။

more.gif

Tuesday, 26 May 2009

ကွမ်ဂျူးစိတ်ဓာတ် အဓွန့်ရှည်ပါစေ

ဆောင်းပါး
ငြိမ်းဝေ
အင်္ဂါနေ့၊ မေလ 26 2009 13:54 - မြန်မာစံတော်ချိန်


(က)

၂၀ ရာစုရဲ့ အမြီးပိုင်းကို မြန်မာတွေ၊ တရုတ်တွေ၊ ကိုရီးယားတွေက သွေးနဲ့ သုတ်လိမ်းခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။ ၁၉၈ဝ ခုနှစ်ထဲမှာ တောင်ကိုရီးယားနိုင်ငံ ကွမ်ဂျူးမြို့ အရေးအခင်း၊ ၁၉၈၈ ခု မြန်မာပြည်က လူထုအရေးတော်ပုံ၊ ၁၉၉၉ ခု တရုတ်ပြည်၊ တီယံနန်မင် ရင်ပြင်ပေါ်က တရုတ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ...။ ဒီအဖြစ်အပျက် ၃ ခုစလုံးရဲ့ တူညီတဲ့အချက်က `ဒီမိုကရေစီကြိုးပမ်းမှု´ ဆိုတဲ့ အချက်ပါပဲ။ ဒီတုန်းက သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အစိုးရတွေက အကြမ်းဖက်ဖြိုခွင်းလို့ ဒီအရေးတော်ပုံ ၃ ခုစလုံး ပြိုကွဲကျဆုံးခဲ့ရတာလည်း မှန်ပါတယ်။ ဒီအဖြစ်အပျက် ၃ ခုဟာ ၂၀ ရာစု အမြီးပိုင်းကို သွေးချင်းချင်း နီစေခဲ့တဲ့ လူထုအရေးတော်ပုံတွေပါပဲ။

ဒီနိုင်ငံ ၃ နိုင်ငံအနက် တောင်ကိုရီးယားက လွဲပြီး ကျန်တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံအဖို့ အရေးတော်ပုံ ၂ ခုမှာ ကျခဲ့တဲ့ သွေးတွေ မခြောက်သွေ့သေးပါဘူး။ တောင်ကိုရီးယား နိုင်ငံကျတော့ ၁၉၈ဝ - မေလ - ကွမ်ဂျူးမြို့ ဒီမိုကရေစီအရေးတော်ပုံရဲ့ အိပ်မက်တွေဟာ အခုဆိုရင် လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ကျဆုံးခဲ့ကြတဲ့ ဒီမိုကရေစီ သူရဲကောင်းတွေကို ကမ္ဘာထိ ထိုက်ထိုက်တန်တန် ဂုဏ်ပြုမှတ်တမ်းတင်ခွင့်နဲ့ ဒီတုန်းက အရေးတော်ပုံကြီးကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းဖို့ အမိန့်ပေးခဲ့ကြတဲ့ တောင်ကိုရီးယားစစ်တပ် စစ်အာဏာရှင်တွေကိုလည်း ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ပေးနိုင်ခဲ့ကြပါတယ်။ ဒါဟာ ကိုရီးယားလူမျိုးတွေရဲ့ ဒီမိုကရေစီအိပ်မက်တွေထဲက လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အခြေခံအချက် နှစ်ချက်ပါပဲ။ ဒါကြောင့်မို့ ကွမ်ဂျူးမြို့ အရေးတော်ပုံမှာ ကျခဲ့ရတဲ့ ကိုရီးယားပြည်သူတွေရဲ့ သွေးတွေဟာ အခုတော့ ခြောက်သွေ့နိုင်ခဲ့ပြီလို့  ပြောလို့ရပါတယ်။

ဒီ ၃ နိုင်ငံစလုံး ..... ၊ ဒီတုန်းက အစိုးရအာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေဟာ လူသားရဲ့ ဂုဏ်သိက္ခာပိုင်းက ကြည့်ရင် ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။ ဒီ ၃ နိုင်ငံအနက် မြန်မာနဲ့ တောင်ကိုရီးယား အာဏာပိုင် ဗိုလ်ချုပ်တွေရဲ့ ပြဿနာဖြေရှင်းပုံတွေဟာ တရုတ်ထက်တောင်မှ ပိုပြီး မိုက်တွင်းနက်ပုံ ရပါတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းက အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တယောက် အနေအထားထက်၊ ကိုလိုနီခေတ်က တောသူကြီးသား တယောက်ရဲ့ အကျင့်စရိုက်မျိုးနဲ့ပဲ ဖြေရှင်းခဲ့ပါတယ်။ ဒီ ၃ နိုင်ငံအနက် တရုတ်အာဏာပိုင်တွေရဲ့ ဖြေရှင်းနည်းက ရက်စက်တာချင်း တူပေမယ့် သူတို့က ပိုပြီး ပညာသားပါတယ်။

ဥပမာ - ၁၉၈၉ ခု၊ တီယံနန်မင် ရင်ပြင်မှာ တရုတ်ကျောင်းသားတွေ ဆန္ဒပြကြတော့ ကျောင်းသား ခေါင်းဆောင်တွေကို တရုတ်အစိုးရ အမြင့်ဆုံး အာဏာပိုင်တွေက လက်ခံတွေ့ဆုံ စကားပြောတာမျိုးအထိ လုပ်ခဲ့ပါတယ်။ ဒီတုန်းက တရုတ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် `ကျန်ဇီမင်း ´ လို ပုဂ္ဂိုလ်မျိုးက ကျောင်းသား ခေါင်းဆောင်တွေနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး လက်ခံစကား ပြောခဲ့ဖူးပါတယ်။ ဒီအချက်က ဒီ ၃ နိုင်ငံ အစိုးရတွေထဲမှာ တရုတ်အစိုးရက ပိုပြီး ပညာပါခဲ့တဲ့ အချက်ပါပဲ။ ကျန်တဲ့ ကိုရီးယားနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေကတော့ တရုတ်တွေလောက်တောင် မပါးနပ်ခဲ့ပါဘူး။ အကြမ်းဖက်ဖြေရှင်းတဲ့ နည်းတခုထဲကိုပဲ ကိုင်စွဲသွားခဲ့ကြပါတယ်။

အခုဆိုရင် တရုတ်ကျောင်းသားတွေ၊ တရုတ်ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ဝေးနေတုန်းပါပဲ။ ၁၉၈၉ ဇွန်လမှာ ကျခဲ့ရတဲ့ တရုတ်ပြည်သူတွေရဲ့ သွေးဟာ အခုထက်ထိ စိုနေတုန်းပါပဲ။ ဒီလိုပါပဲ၊ ၁၉၈၈ သြဂုတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ ကျခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ သွေးဟာ အခုအချိန်ထိ ဆက်လက်သွေးချောင်းစီးနေတုန်းပဲ။ တောင်ကိုရီးယား ပြည်သူတွေကျတော့ ကံကောင်းတယ်။ ဒီမိုကရေစီအစိုးရတွေ ထူထောင်ပြီး ၁၉၈ဝ ခုနှစ် မေလအတွင်းက ကျခဲ့ရတဲ့ ကွမ်ဂျူး အရေးတော်ပုံ ပြည်သူတွေရဲ့ သွေးကို တိတ်သွားအောင်၊ ခြောက်သွေ့သွားအောင် လုပ်နိုင်ခဲ့ကြတယ်။

အခုဆိုရင် တောင်ကိုရီးယား ပြည်သူတွေဟာ နိုင်ငံတကာ ဒီမိုကရေစီရေး ကြိုးပမ်းသူတွေကို ထောက်ခံရုံတင်မက အားပေးကူညီမှုတွေကိုတောင်မှ လက်တွေ့ကျကျ ဆောင်ရွက်လာနိုင်ခဲ့ကြပါတယ်။ ဥပမာအနေနဲ့ပြောရရင် ၂ဝဝ၉ ခုနှစ်အတွက် ကမ္ဘာ့ လူ့အခွင့်အရေး တိုက်ပွဲဝင်ဆုအဖြစ် မြန်မာ့ကျောင်းသား ခေါင်းဆောင် `မင်းကိုနိုင်´ ကို `ကိုရီးယား ဒီမိုကရေစီဖောင်ဒေးရှင်း´ က ဆုချီးမြှင့်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ ဒါဟာ ကိုရီးယားပြည်သူတွေက မြန်မာပြည်သူတွေကို ကူညီရိုင်းပင်းလိုက်တဲ့ သဘောပါပဲ။ ဒီမိုကရေစီ ရရှိပြီးဖြစ်တဲ့ ကိုရီးယား ပြည်သူတွေက ဒီမိုကရေစီနဲ့ ဝေးနေသေးတဲ့ စစ်အာဏာရှင် လက်အောက်က မြန်မာပြည်သူတွေကို ထောက်ခံကူညီအားဖြည့်လိုက်တဲ့ သဘောပါပဲ။

အခု ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့ဆိုရင် တောင်ကိုရီးယားနိုင်ငံ ကွမ်ဂျူးမြို့  ဒီမိုကရေစီ အရေးတော်ပုံရဲ့ ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်ကိုရီးယား ကဗျာဆရာ "Kim-Jun Tae´ ရဲ့ ''Ah, Kwangju! Korea's Cross! " ကဗျာကို ဘာသာပြန်ဖော်ပြပြီး၊ ကိုရီးယားပြည်သူတွေကို ဂုဏ်ပြုလိုက်ပါတယ်။


ကိုရီးယားလမ်းဆုံ (သို့) ကွမ်ဂျူး

အို ... ကွမ်ဂျူး၊ မူဒေါင်တောင်မဟာ

ငါတို့ရဲ့ နုပျိုသစ်လွင်တဲ့ မြို့တော်

သင်ယာ ... ငါတို့ကို

သေခြင်းတရားနဲ့ သေခြင်းတရားကြားက

ဆိုးဝါးလှတဲ့ မျက်ရည်တွေကို သုတ်စေခဲ့တယ်။

ငါတို့ဖခင်တွေ ဘယ်ဆီရောက်ကုန်ပြီလဲ

ငါတို့မိခင်တွေ ဘယ်နေရာမှာ လဲကျခဲ့ရပြီလဲ

ငါတို့သားတွေ ဘယ်နေရာမှာ သေဆုံးခဲ့ရတာလဲ၊ ဘယ်မှာမြှုပ်နှံခံခဲ့ရသလဲ၊

ပြီးတော့ ... ငါတို့ရဲ့ သမီးပျိုတွေ

ပါးစပ်အဟောင်းသားနဲ့ ဘယ်မှာ လဲလျောင်းနေခဲ့ရပြီလဲ၊

ငါတို့ စိတ်ဓာတ်တွေ

တစစီ မွချေရိုက်ချိုး ဖျက်ဆီးခံခဲ့ရတဲ့နေရာ ...။


ကွမ်ဂျူး ..။

ဘုရားသခင်နဲ့ ငှက်တွေရဲ့

မျက်ကွယ်ပြုခြင်းခံရ

လူသားရဲ့ စစ်မှန်တဲ့ ဂုဏ်သိက္ခာသည်သာ

ကြွင်းကျန်ရစ်တဲ့နေရာ

လဲကျ ... ယိမ်းယိုင် ... တဖန်ပြန်လည်ထမြောက်

ငါတို့ရဲ့ သွေးစွန်းတဲ့ မြို့တော်။

အို .. ဥတ္တရဖီးနစ်ငှက် .. ဖီးနစ်ငှက် .. ဖီးနစ်ငှက်

ဘာတခုမျှ မကျန်ရှိတော့သည့်တိုင်

သေခြင်းတရားကို သေခြင်းတရားအတွင်း နှိမ်နင်းဖို့ရာ

ဘဝကို သေခြင်းတရားအတွင်း ရှာဖွေဖို့ရာ

သင် .. စိတ်အားထက်သန်ခဲ့တယ်။

အခုဆိုရင်

´နေ´နဲ့ ´လ´သည်လည်း

တောင်ထိပ်ကတဆင့် ဆင်းလာခဲ့ပြီ

ဟောဒီခေတ်ရဲ့ တောင်တွေ အားလုံးသည်လည်း

မိုးထိမက မြင့်မားလာခဲ့ပြီ

လွတ်မြောက်ရေး အလံတော်သည်လည်း

မည်သူတဦးတယောက်မျှ ဆုပ်ဖြဲခြင်းငှာ မစွမ်းခဲ့ပြီ

လူ့ဂုဏ်သိက္ခာ အလံတော်ကိုလည်း

ငါတို့ အသွေးအသားနဲ့ ရက်လုပ်ခဲ့ကြပြီးပြီ။

အို ... ငါတို့ရဲ့ မြို့တော်

တခါတရံမှာ

ငါတို့ရဲ့ တေးသီချင်းတွေ၊ အိမ်မက်တွေ၊ ချစ်ခြင်းမေတ္တာတွေဟာ

ရေလှိုင်းများပမာ အလူးအလိမ့် ဖြစ်ခဲ့ကြရ

တခါတရံ သာမန်အုတ်ဂူအတွင်း သွပ်သွင်းခံကြရ၊

အို .. ကွမ်ဂျူး ... ကွမ်ဂျူး

မူဒေါင်တောင်မဟာကို ကျော်ပြီး

ဂိုလ်ဂိုသာရဲ့ တောင်ကုန်းကို ကျော်ပြီးတဲ့အခါ

ဒီနိုင်ငံရဲ့ သမိုင်းရေးရာ လမ်းဆုံလမ်းကွေ့ကို ပြနိုင်ခဲ့ပြီ

အို .. အဖဘုရားသခင်ရဲ့ သားတော်

ဒဏ်ရာနဲ့ သေခြင်းတရားမှအပ အခြားမရှိပြီ။

ငါတို့ အမှန်တကယ်ပဲ သေဆုံးခဲ့ကြပြီလား

ဒီနိုင်ငံကို သည့်ထက်ပိုပြီး မချစ်နိုင်ကြတော့ပြီလား

ငါတို့သားသမီးတွေကို သည့်ထက်ပိုပြီး မချစ်နိုင်ကြတော့ပြီလား

ငါတို့ သေဆုံးခဲ့ကြပြီလား

ငါတို့ တကြိမ်မက ကြိမ်ဖန်များစွာ သေဆုံးခဲ့ကြပြီလား။

´ချွန်ယန်နိုင်´ရဲ့ လမ်းတွေထဲမှာ

´ကွန်နန်နိုင်´ရဲ့ လမ်းတွေထဲမှာ

အိမ်နားနီးချင်းတွေ ဖြစ်ကြတဲ့

´ဟွာရောင်ဒေါင်´´စန်စုဒေါင်´ ယန်ဘောင်ဒေါင်´ရဲ့ လမ်းတွေထဲမှာ

ပြီးတော့ ... တခြားနေရာများစွာ ... များစွာမှာ

အို ... ရိုက်ချိုးဖျက်ဆီးခံရတဲ့ ငါတို့ရဲ့ အသွေးအသားတွေပေါ်မှာ

လေက ... ကတော့ထိုးပြီး တိုက်ခတ်လေရဲ့။

ဒီကနေ့မှာ

ငါတို့

လဲကျခြင်း လဲကျခြင်းနဲ့ မျက်ရည်သုတ်ခြင်းအလုပ်ကိုပဲ

လုပ်ကြရဖို့ ရှိသလား

ထိတ်လန့်ကြောက်ရွံ့ခြင်းနဲ့

ဘဝမှာ ဘာတခုမျှ လုပ်စရာမရှိဘဲ

ဒီအတိုင်း အသက်ရှူရပ်တည်ကြရတော့မှာလား။

အို ... အသက်ရှင် ကြွင်းကျန်ရစ်သူတို့

သင်တို့ရဲ့ ဦးခေါင်းတွေကို

ဘာ့ကြောင့်များ သူဖုန်းစားများပမာ

ဦးညွှတ်ထားခဲ့ကြသလဲ။

ချစ်လှစွာသော ရဲဘော်တို့

ငါ ... သင်တို့ကို စောင့်နေတယ်

ငါ လဲကျသေဆုံးခဲ့ရာ ဂိတ်ဝတံခါးမှာ ငါစောင့်နေတယ်၊

ဘာကြောင့်များ ငါ့ဘဝကို သူတို့ လုယူသွားပါလိမ့်

ငါတို့ ပိုင်ဆိုင်သမျှ ငှားရမ်းထားတဲ့ အခန်းကျဉ်းလေးမျှသာ ဖြစ်သည့်တိုင်

ငါတို့ ဘယ်လောက် ကျေနပ်ဝမ်းမြောက်ခဲ့ရသလဲ၊

သင့်ကို ငါ ဂရုတစိုက် စောင့်ရှောက်ချင်စမ်းပါဘိ

အို ... ချစ်စွာသော ရဲဘော်

သင့်ကလေးတွေကို ငါ့ရင်မှာ အပ်ပြီးမှ

ငါ ... သေပွဲဝင်ခဲ့တာပ

ငါကြေကွဲမိပေါ့

ငါ့ဘဝကို သူတို့ လုယူသွားကြ

ဒါကြောင့်မို့ နောက်ဆုံးမှာ

ဒင်းတို့ကို ငါသတ်မယ်

ဒင်းတို့ကို ငါ...သတ်ကိုသတ်ရမယ်

ဒင်းတို့ရဲ့ ပျိုရွယ်တဲ့ ဘဝ၊ ဒင်းတို့ရဲ့ ချစ်ခြင်းမေတ္တာ

ဒင်းတို့ရဲ့ သားသမီး၊ ဒင်းတို့ရဲ့  ဒင်းတို့ရဲ့ .....၊

အို ... ချစ်သော ရဲဘော်တို့ ... ။

အို .... ကွမ်ဂျူး။ မူဒေါင်တောင်မဟာ

သင်ဟာ သေခြင်းနဲ့ သေခြင်းတရားအတွင်း

ချဉ်းနင်းထိုးဖောက်ရောက်ခဲ့ပြီ၊

ငါတို့ရဲ့ နုပျိုသစ်လွင်တဲ့ မြို့တော်

အဖြူရောင်ဝတ်စုံကို အလျင်အမြန် ဝတ်ဆင်လော့

အို .... ဖီးနစ်ငှက် .... ဖီးနစ်ငှက် .... ဖီးနစ်ငှက်

ဂိုလ်ဂိုသာရဲ့ တောင်ကုန်းကို

နောက်တကြိမ် ထပ်မံကျော်လွှားနိုင်ခြင်း

ဒီနိုင်ငံရဲ့ သမိုင်းရေးရာ လမ်းဆုံလမ်းကွေ့ရဲ့ ပြယုဂ်ဖြစ်စေလော့။

ယေရရှုခရစ်တော်

တကြိမ်မက ပျံလွန်တော်မူခဲ့ရ

တကြိမ်မက ပြန်လည်ရှင်သန်ထမြောက်ခဲ့ရ

ဒါက ဒီကနေ့ အသက်ရှင်ခြင်းနဲ့

ထာဝရရှင်သန်ခြင်းကို ပြဆို

သို့ပေငြား

ငါတို့ရဲ့ စစ်မှန်တဲ့ မေတ္တာများ

အကြိမ်တရာမက သေဆုံးခဲ့ရ

အကြိမ်တရာမက ရှင်သန်ထမြောက်ခဲ့ရ။

ငါတို့ရဲ့အလင်းရောင်

ငါတို့ရဲ့ အောင်ပွဲ

ငါတို့ရဲ့ နာကျင်မှုများ

အခုတော့ ငါတို့ ပိုပြီးရှင်သန်နိုင်ခဲ့ပြီ

ငါတို့ ပိုပြီး သန်စွမ်းလာခဲ့ပြီ

ငါတို့ ပိုပြီး နေထိုင်ရပ်တည်နိုင်ခဲ့ပြီ။

အို .... အခုဆိုရင်

ငါတို့တတွေ

သွေးချင်းဆက် ပခုံးချင်းယှဉ်

ရင်ဘောင်တန်းပြီး ရပ်ကြ

ဒီနိုင်ငံရဲ့ မူဒေါင်တောင်မဟာပေါ်

ငါတို့ တက်ခဲ့ကြ

မြင့်မြတ်တဲ့စိတ်အလျင် အပြာရောင်ကောင်းကင်ထဲ

လေဟုန်စီးကြ

`နေ´ နဲ့` လ´ ကိုလည်း

ငါတို့  နမ်းရှုပ်ပစ်လိုက်ကြ။

ကွမ်ဂျူး၊ မူဒေါင်တောင်မဟာ

အို .... ငါတို့ ရင်ထဲက အောင်လံတော်

အိပ်မက်တွေ ... လမ်းဆုံလမ်းခွတွေ

အချိန်ကာလ တလျှောက်လုံး

အစဉ်အမြဲ နုပျိုနေမယ့် .... ငါတို့ရဲ့ ပျိုရွယ်တဲ့မြို့တော်

အခုတော့

ငါတို့ လုံးဝ သွေးစည်းညီညွတ်ခဲ့ကြပြီ

တကယ့်ကို ခိုင်မြဲစွာ ခိုင်မြဲစွာ

ငါတို့  ......

ချိပ်တွဲထားတဲ့လက်တွေ

လေထဲ မြှောက်ထားလိုက်ကြပေါ့။ ။

ကိုးကား။ ။ Memories of May 1980 စာအုပ်တွင် ပါရှိသည့် တောင်ကိုရီးယား ကဗျာဆရာ Kim Jun-Tae ၏ Ah, Kwangju! Korea's Cross! ကဗျာကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

more.gif

Wednesday, 6 May 2009

ကဗျာလေးများ

ကဗျာလေးများ



မိစ္ဆာေ၇းတဲ့ပန်းချီ

ပုံပြင်လို့  ပြောရလောက်အောင်လည်း--
သွေးညှီနံတွေမှ မပျောက်သေးတာပဲ-
ကျွှန်းပင်ငုတ်ကြီးရဲ့ အပူငွေ့ တွေကလည်း
လေထဲမှာ ဝေ့၀ဲနေတုန်းပဲလေ--
စကားတခွန်းသာ ဆိုခဲ့ရှာတယ်--
-တောင်ယာတွေနဲ့ ဘ၀ကို ရင်းနှီးကြီးပြင်းသူတွေကိုမှ
သူပုန်လို့ မှတ် သတ်ဖြတ်ကြတာ
ဝဋ်ကြွေးရှိခဲ့လို့  သာပေါ့ကွယ်--


ရာသီစက်ဝန်းထဲမှာ
မှိုတိုး၊ မြစ်ရှာ

ဂဏန်းရိုက်၊ ဖားရိုက်
ရှည့်လိုက်၊ နွားကျောင်း
မောင်းထောင်း၊ ဆန်ပြာ
နေ၀င်မိုးချုပ်
ရိုးကုတ်စွာနဲ့  ဘ၀ကို ဆင်သရှာတဲ့ ရွာကလေး
အခုတော့---
ပြာပုံတွေ ဖွေးလို့ --

ဒီတောဒီတောင် ဒီချောင်းနဲ့ 
ဒီရွာလေးမှာပဲ မွေးတယ်။
ဒီမြေထဲမှာပဲ သေချင်တယ်ဆိုတဲ့
သူတို့ တတွေ ဘယ်လိုစားဘယ်လိုနေ ဘယ်လိုများ-----

ဒီနေရာလေးမှာပဲ
သူတို့ တတွေ ကောက်သစ်စားပွဲ ကျင်းပခဲ့ကြ၊
မှတ်မှတ်ရရ သင်တိုင်းဖြူမရဲ့
သန့် ရှင်းတဲ့ အပြုံးတစ
ငါရခဲ့တာလည်း----

နှလုံးသား
နားနဲ့ မျက်စိ ရှိတဲ့ဘဝ
ငါမရချင်ပါ
အိုး---ဘုရားသခင်
ကျောက်ဖြစ်ရုပ်ကြွင်း
ငါ့အား ဖန်ဆင်းတော်မူလည့်ပါ၊
ို


(သူနူးထူးဂျာနယ် အမှတ် ၁ အတွဲ ၄မှ ကဗျာဆရာမနော်ခိုင်မာကျော်ဇောရဲ့ ကဗျာကို ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်)
--------------------------------။-------------------------------------------------
မှန်စပေါ်ကမြစ်တစင်း
sea Pictures, Images and Photos


စိတ်ကိုအေးအေးထား
မာယာကိုများများသုံး
ဒီလောက်နေလှောင်မှတော့
အဆီပြန်နေလောက်ရောပေါ့
ရော့~~
တို့ ပတ်လေးတို့ လိုက်မြစ်ရေ......
ဖြစ်ပုံက
မြစ်ကိုယ်တိုင်ရေရောခံနေရတာလေ.....

သိပ်စစ်တဲ့လူကိုတွေ့ ဖို့ 
စိတ်သစ်နဲ့ မှန်ကိုကြည့်ပါ
စိတ်ညစ်ရင်ထုဖို့
တူတလက်လဲ ပါပစေ..
ပြီးရင်
သိပ်ချစ်တယ်ပြောရင်း
မှန်ကိုပြုံးပြလိုက်ပါကွယ်........

(ကဗျာဆ၇ာ--တာ၇ာမင်းခိုက်)
-----------------------------------------။----------------------------------------
ကျိန်စာသင့်၇ာသီ
-----------------


မော်ခဲေ၇ ငါတို.ဟာ
ကျိန်စာသင့် လူမျိုးတွေပါကွယ်။

ခြောက်သွေ.ပြီ ဆိုတာနဲ.
မိစ္ဆာ၇ာသီဟာ
ငါတို.အတွက် စပြီ။


ညီမလေးက
၇ှိုက်ကြီးတငင် ပြော၇ှာတယ်
နင်ဘယ်လောက်
အမိုးကို ချစ်တဲ့အကြောင်းတွေ။

မီးလောင်မြေ တစပြင်နဲ.
ပုပ်စော်နံ တောအုပ်ထဲမှာ
အမိုးနဲ. နင်ဟာ
ယင် နားနေတဲ.အ၇ိုးတွေ၇ယ်
၇ိ၇ွဲ အေ၇ာင်လွင့်
စုပ်ပြဲနေတဲ အင်္ဂျာီစ၇ယ်
ဦးခေါင်းခွံနဲ. အံသွားတွေဘဲ
ငါတို.အတွက်
ထား၇စ်ခဲ့တယ်။

အနံတွေ ၇တယ်
ဟုတ်တယ်
အနံတွေ ၇နေတယ်
ငါ့တကိုယ်လုံး
နင်တို.အနံတွေဖုံးလို.ပေါ့
we are the one လား
သွားစမ်းပါ
အဆီပြန်နေတဲ့
ဝက်ပါးစပ်က အသံတွေ။

ကဲ ပြော
ခပ်ကျဉ်းကျဉ်းနဲ.
မဲမှောင် စုပ်ပြတ်တဲ.
ဘ၀တွေမှာ
လင်းလက် ငြိမ်းချမ်းဖို.အတွက်
နောက်ထပ်
အသက်ဘယ်နှစ်ချောင်းပေး၇မလဲ။

သွေးသံ ၇ဲ၇ဲနဲ.
အနိဋ္ဌာန်၇ုံ များများကို
ဂ၇ုဏ တ၇ားဟာ
ဈေးနှိမ်ထားသတဲ့

မော်ခဲေ၇

ဒီအချိန်ဆို
မကျေနပ် တောင်ထိပ်မှာ
မြူနှင်းတွေ ဆိုင်းနေေ၇ာပေါ့။
မိုးလွတ် လေလွတ် ဆိုပေမယ့်
ဒုက္ခ၇ာသီ၇ဲ.လက်
မလွတ်နိုင်တဲ့ ငါတို.အမျိုးတွေ
ဒေါနမြေမှာ
သောက ဝေနေတဲ့
ငါတို.၇ဲ.အမိုးတွေ
နာကျင် ကြေကွဲစ၇ာတွေက
အများကြီးပဲကွယ်။

ဇွဲကပင် တောင်ခြေနားမှာ
ငြိမ်းချမ်းေ၇း ပန်းတွေ
ဖွေးဖွေးလှုပ်တဲ့အခါ
ဖားစည်သံ မြည်ဟီးထ
လေ၇ာင်နဲ.ဒုံးယိမ်းက
အောင်ပွဲည အခါသမယမှာ
အမိုးနဲ.နင်.လိပ်ပြာ
ငါ့လက်မှာ ချည်ပတ်လိုက်မှာပါ

အခုတော. မော်ခဲေ၇
ငါတို.ဟာ
ကျိန်စာသင့်လူမျိုးတွေပါကွယ်။ ။

(တာ၇ာမင်းခိုက်) ၂၀၀၆ခုနှစ် ဒီဇင်လာလ ၂၃
--------------------------------------------။-----------------------------------
အဆိပ်မဲ့သစ်ပင်
----------------


အို-----အသင်သစ်ပင်
သင်ဟာ တို့တမျိုးသားလုံးအတွက် နားခိုရာ
မရှိမဖြစ်တဲ့ အရိပ်သစ်ပင်
အသင်ရဲ့ သက်တမ်းကား အိုမင်းရင့်ရော်ကာ
ဆယ်စုနှစ် ခြောက်ဆယ်ပြည့်မြောက်ပြီးဖြစ်လဲ
သင်ရဲ့ရွက်ဟောင်းများ ကြွေကျမြေခကျလဲ
မပြိုမလဲ ထီးထီးမားမားရပ်တည်နိုင်ဆဲ၊



ချစားနေတဲ့ ပင်စည်နဲ့
သင်ရဲ့ရေသောက်မြစ်တချို့ကြောင့်
အသင်မစိမ်းလန်းနိုင်ခဲ့ပေမယ့်
ကျိုးတိုးကျဲတဲ သင့်အရွက်တွေနဲ့
တို့တတွေ အရိပ်ခိုနားခွင့်ရခဲ့
အနာဂတ်မျှော်လင့်ချက်တွေ ရှင်သန်နိုင်ခဲ့။

ကိုယ့်ကိုယ်ကို သစ်သားမှန်းမသိတဲ့
သစ် သစ်ချင်းခုတ်တဲ့
ဇါတ်တူပုစိန်ရိုးတွေကြောင့်
အသင်ဟာ အင်အားချိနဲ့ခဲ့ရ
သင့်အကိုင်းအခက်တချို့အား
မက်လုံးပေးပြီး ခုတ်ဖြတ်သွားတဲ့
ကိုင်းဆက်သမားတွေကြောင့်
သင်ဟာ ရွက်နုတွေ မဝေဆာနိုင်ခဲ့

အသင့်အား သစ္စာဖေါက်ပြားပစ်ခွါသွားပြီး
လွင့်စင်သွားတဲ့သင့်ရဲ့မျိုးစေ့တို့သည်လည်း
မဟာမျိုးခြားပင်ရဲ့လောင်းရိပ်အောက်မှာ
အညှောင့်အစို့လေးတောင် မထောင်ထွက်နိုင်
လုံးပါးပါးကာ ကိုယ့်အရိပ်ကိုယ်လန့်နေကြရ
တေမိမင်းဝင်စားတဲ့ ငအတွေလို ဆွံ့အနေကြ။

သို့သော်----သင်ဟာ ထိုဒဏ်အပေါင်း
ခညောင်းရောက်ရှိလဲ ဂရုမမူ
လွတ်လပ်ခြင်းလမ်းကို လမ်းပြဆောင်သူ
အနာဂတ်မျိုးဆက်ရှင်သန်ရန်အရေး
လိုအပ်တဲ့အရိပ်ကောင်း သစ်တပင်အတွက်
အဆိပ်မဲ့တဲ့ လောင်းရိပ်တခု ဖန်တီးနိုင်ဖို့
သင်ထာဝရ ရှင်သန်နေရဦးမယ်
အို---အသင်သစ်ပင်

စအိုင်ခန့်(နှင်းခဲမြေ)
အနှစ်ခြောက်ဆယ်ပြည့် ကရင့်တော်လှန်ရေးနေ့သို့
(အဲခေါင်သောင့် ၀က်ဆိုက်ဒ်မှ ကူးယူဖော်ပြသည်)

more.gif