Showing posts with label ကွန်ပျုတာနှင့်စာအုပ်. Show all posts
Showing posts with label ကွန်ပျုတာနှင့်စာအုပ်. Show all posts

Wednesday, 6 May 2009

ဘာသာစကားတွေ လေ့လာကြရအောင်

Photobucket
ဘာသာစကားတွေ လေ့လာကြရအောင်
သိပ်ကိုကောင်းမွန်တဲ့ ဆိုက်လေးပါ။ ကျွန်တော်အတွက်တော့ သိပ်ကို အသုံးဝင်ပါတယ်။ စာဖတ်သူများအတွက်လဲ အသုံးဝင် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာ ဘာသာစကားပေါင်း (၁၀၈)မျိုး ကို ဒီ ၀က်ဆိုက်ကနေ သင်ကြား လေ့လာနိုင်ပါတယ်။ မိမိ နှစ်သက်ရာ ဘာသာစကား များကို လေ့လာနိုင်ပါတယ်။ မြန်မာစာ ဘာသာရပ်တောင် ပါပါသေးတယ်။ အားလုံး ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
(ဒီမှာနှိပ်)Photobucketပြီးသွားရောက် လေ့လာနိုင်ပါတယ်။

အိုင်ကွန် လှလှလေးတွေနဲ့ အလှဆင်








မိမိရဲ့ ကွန်ပျူတာမှာ ရှိတဲ့ Folder တွေရဲ့ ပုံစံတွေက တော်တော်ကို တုံးနေပါပြီ။ ဒီတော့ Folder လေးတွေကို အမြင်တင့်တယ်ပြီး အများသဘောတွေ့စေဖို့ icon လေးတွေကို ဒီဝက်ဆိုက်က ယူနိုင်ပါတယ်။ Vista icon ကို ယူမလား၊ Cartoon icon ကို ယူမလား၊ Computer icon ကို ယူမလား၊ Desktop icon ကို ယူမလား လှပတဲ့ Icon မျိုးစုံကို ရယူနိုင်ပါတယ်။ ဒီဆိုက်ကို ကိုစေတနာ ဆီက ရရှိတာပါ။ ကိုစေတနာ ကိုလဲ ကျေးဇူးတင်ပါတယ်။ ၀က်ဆိုက်ကို (ဒီမှာနှိပ်)Photobucket ပြီးသွားရောက် လေ့လာနိုင်ပါတယ်။

ကလေးများပျှော်၇ွှင်စေဖို.

Photobucket
သိပ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ဆိုက်လေးပါ။ ကလေးများအတွက် ရည်ရွယ် တည်ဆောက် ထားပေးမယ့် လူကြီးများ အတွက်ပါ အဆင်ပြေ မှာပါ။
ဝက်ဆိုက်က ကလေးတို့အတွက် ၀က်ဆိုက် လမ်းညွှန်လေး ဖြစ်ပါတယ်။ သိပ္ပံအကြောင်း၊ ကွန်ပျူတာအကြောင်း၊ အင်္ဂလိပ်စာ အကြောင်း၊ ကမ္ဘာမြေကြီးအကြောင်း စတဲ့ အကြောင်းများစွာ ပါဝင်ပါတယ်။ ပြောရင် အများကြီးပါ။ ကဲ ကိုယ်တိုင် လေ့လာ ကြည့်ရအောင်လား။
(ဒီမှာနှိပ်ပါ) Photobucket


Photoshop လေ့လာခြင်း
Photoshopလေ့လာခြင်း

ပုံတွေကို ပြုပြင်ချင်သူများ၊ Animation လုပ်ချင်သူများ၊ Photoshop ကို အခြေခံတောင် မသိလို့ သိချင်သူများ၊ လေ့လာသင့်ပါတယ်။ ဒီဝက်ဆိုက်မှာ အောက်ပါသင်ခန်းစာများကို လေ့လာနိုင်ပါတယ်။
1) Basic Concept
2) Applied
3) Special Effect
4) Text Effect
5) Animation
(ဒီမှာနှိပ်ပါ) Photobucketသွားရောက်လေ့လာပါ။
သင်ခန်းစာတိုင်းက ရှင်းလင်းစွာ ရေးသားထားပါတယ်။ နမူနာ ပုံများဖြင့် ရှင်းလင်းချက်က လေ့လာသူကို ကြိုက်နှစ် သက်စေမှာပါ။ သင်ခန်းစာ ရေးသားကြသည့် ဆရာတွေနဲ့ ဆက်သွယ်ချင်ရင်တော့
၁) ဟန်သစ်ငြိမ်, hanthitnyeim@gmail.com, www.hanthitnyeim.net
၂) သန်းနိုင်ဝင်း
၃) မျိုးဟိန်းဇော်, myohein@gmail.com, www.myoheinzaw.uni.cc
၎) ကျော်ဇင်ဦး , kzo135@gmail.com
ဆရာတွေက စေတနာအရင်းခံထားပြီး ရေးသားထားပါတယ်။ ဒီဆရာတွေကို ကူညီပံ့ပိုးတာကတော့
၁) Acad Training Centre
(၂)Thein Tar Soe
ကဲ ... အပြောကို လျှော့ပြီး သင်ခန်းစာများကို လေ့လာမှတ်သားကြရအောင်။ ဂရပ်ဖစ်ဒီဇိုင်းနာများ ဖြစ်ကြစေသော် ....

more.gif












လက်ဆောင်ကဒ်နဲ့အတူ တွဲပြီး ပုံဖော်ထားတဲ့ ရုပ်ကြွအသဲပုံလေး လုပ်နည်းလေး ဖြစ်ပါတယ်။ စက္ကူခေါက် နည်းလမ်းများဟာ ဂျပန်နိုင်ငံက ဆင်းသက် လာတယ်လို့ ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံက စက္ကူကို သုံးစွဲတဲ့ နေရာမှာ လွန်ကဲတဲ့ နိုင်ငံဖြစ်သလို စက္ကူနဲ့ ပုံဖော်ရာတွင်လဲ သူမတူအောင် လက်ရာမြောက်ဆုံး ဖြစ်ပါတယ်။

မိမိရဲ့ ချစ်သူလေးဆီ လက်ဆောင်ကဒ်နဲ့ အတူ အသဲပုံရုပ်ကြွလေးကို လုပ်ပြီး မေတ္တာပိုတိုးအောင် လုပ်နိုင်ပါပြီ။ မိမိကိုယ်တိုင် လုပ်ပြီး ပေးပို့တယ် ဆိုရင် ချစ်သူပျော်ရွှင်မည် ဖြစ်ပါတယ်။ ပြောရင်းနဲ့ စာရှည်သွားပြီ။ ဒီမှာ လုပ်နည်းစာအုပ် နှစ်အုပ်ကို (Download(1), (Download(2) လုပ်ယူပါ။


မီးနဂါးလုပ်နည်း စာအုပ်











ယခု ဖော်ပြပေးလိုက်တာကတော့ မိမိတို့ရဲ့ မောင်လေး၊ ညီမလေးတွေ စိတ်ပျော်ရွှင် စေမယ့် စက္ကူခေါက် မီးနဂါးလုပ်နည်းလေး ဖြစ်ပါတယ်။ လုပ်နည်းအတိုင်း ပြုလုပ်မယ်ဆိုရင် တော်တော် ရုပ်လုံးကြွပြီး ကြည့်ကောင်းတဲ့ အရုပ်လေး ဖြစ်ပါတယ်။ လုပ်နည်းစာအုပ်ကို ဒီမှာ (Download) လုပ်ယူပါ။ နောက်များလဲ ဂျပန်ရဲ့ အဓိကထား လုပ်နေကြတဲ့ ရှားပါးတဲ့ အရုပ်လုပ်နည်းများ ဖော်ပြပေးသွားပါ့မယ်။





Command Key စာအုပ်ဖြန့်ဝေခြင်း


Command Key စာအုပ်ဖြန့်ဝေခြင်း
















ကွန်ပျူတာ သုံးစွဲရာတွင် Command Key များဖြင့် သုံးစွဲခြင်းဟာ မြန်ဆန်လှပါတယ်။ Run Box ထဲမှ မိမိဖွင့်ချင်သည့် ဖိုင်အထိ ဖွင့်လိုရပါတယ်။ ယခု ဖော်ပြမည့် စာအုပ်သည် Run Box ထဲမှ အသုံးပြုရန်အတွက် Command Key များ ဖြစ်ပါသည်။ ကွန်ပျူတာသုံးစွဲသူတိုင်း အသုံးဝင်မည့် စာအုပ် ဖြစ်ပါတယ်။ ဒီမှာ (Download) လုပ်ယူပါ။



ကိုယ်တိုင် Window တင်ပါ


ကိုယ်တိုင် Window တင်ပါ

ကိုယ်ပိုင်ကွန်ပျူတာတွေကို Window ပြန်တင်ချင်ရင် အခုဖော်ပြမယ့် စာအုပ်ကို ဖတ်ပြီး လုပ်နိုင်ပါတယ်။ လိုအပ်တာကတော့ Window တင်တဲ့ CD ရယ်၊ မိမိစက်ရဲ့ Motherboard CD ရယ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကြေညက်အောင် ဖတ်ပြီး Window ပြန်လည်တင်နိုင်ပါတယ်။ ကဲ ပြောနေကြာတယ်။ စာအုပ်သာ ဖတ်ကြည့်ပေတော့။ စာအုပ်ကို ဒီမှာ (Download) လုပ်ယူပါ။




Network စာအုပ် ဖြန့်ဝေခြင်း


Network စာအုပ် ဖြန့်ဝေခြင်း

Network ကို လေ့လာချင်သူများ အတွက်ပါ။ မြန်မာလို ရေးသားထားသော စာအုပ် ဖြစ်ပါတယ်။ စာရွက် (၂၀၀)ကျော် ပါရှိပါတယ်။ ယနေ့ ခေတ်ကြီးထဲမှာ International လို့ ပြောရမယ့် Network နည်းပညာကို အနည်း အကျဉ်းမျှ မသိပါက Global ခေတ်ကြီးထဲ နေရတာ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ (စကားကြီး စကားကျယ်နဲ့ ဟီး) အပြောကို လျော့ပြီး စာအုပ်ကို ဒီမှာ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားသူများ (Download) လုပ်ယူနိုင်ပါတယ်။



HTML စာအုပ် ဖြန့်ဝေခြင်း

HTML စာအုပ် ဖြန့်ဝေခြင်း

မိမိဘလော့ Cbox တွင် လာရောက် တောင်းဆိုထားသော ဤစာအုပ်ကို ရှာဖွေပြုစု ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြသော စာအုပ်တွင် ရေးသားထားသော စာရေးသူသည် HTML ကို အသေးစိတ် ဖော်ပြထားသလို ရေးသားရာတွင်လည်း စနစ်ကျ လှပါတယ်။ HTML ကို အပိုင်း(၇)ပိုင်း ဖြင့် ရေးသား ဖော်ပြထားပါတယ်။ အဆိုပါ ရေးသားချက်များအား ပြုစု၍ စာအုပ်ပြုလုပ်ကာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ Cbox တွင် လာရောက်တောင်းဆိုသော ကိုရဲလည်း အတိုင်းအတာ တစ်ခုအထိ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Java, Css တို့ကိုတော့ ဆက်လက် ရှာဖွေပြီး ဖော်ပြပေးသွားပါ့မယ်။ စာအုပ်ကို ဒီတွင် (Download) လုပ်ယူပါ။

Shortcut စာအုပ် ဖြန့်ဝေခြင်း

Computer Shortcut စာအုပ် ဖြန့်ဝေခြင်း

စာအုပ်လို့သာ ပြောရပါတယ် .. စာရွက်က နှစ်ရွက်ထဲသာ ပါပါတယ်။ ဒီစာအုပ်လေးထဲမှာ Basic ShortCut Key, Window ShortCut, WinKey, Word Key,Excel Key, Outlook key တို့ပါဝင်ပါတယ်။ မသိသူများအတွက် အမြင်ကျယ် အသိတိုးစေဖို့ ဖော်ပြလိုက်ပါတယ်။ ဒီမှာ (Download) လုပ်ယူပါ။

Photoshop 7.0 ဖြန့်ဝေခြင်း

Photoshop 7.0 ဖြန့်ဝေခြင်း

Adobe Photoshop CS 1,2,3 ဆိုပြီး သုံးနေတဲ့ အချိန်အခါမှာ Photoshop 7.0 စာအုပ်လာပေး နေရသလား ဆိုပြီး စိတ်မဆိုးလိုက်ပါနဲ့။ အခုမှ Photoshop ကို သုံးစွဲချင်သူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ ယခု စာအုပ်က မြန်မာလို ရှင်းလင်း ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ကျွန်တော်တောင် အခုအချိန်ထိ လေ့လာနေရ တုန်းပါပဲ။ ရှင်းလင်းချက်တွေက ကောင်းမွန်လှပြီး ထိမိလှပါတယ်။ ယခုမှ လေ့လာသူများအတွက်အပြင် တတ်ပြီးသား လူများလဲ လေ့လာနိုင်ပါတယ်။ ပညာရပ်ဆိုင်ရာတွေသာ ရေးစေချင်တဲ့ ကိုမောင်လှိုင် တစ်ယောက်လဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမြဲတမ်း လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာအုပ်ကို ဒီမှာ (Download) လုပ်ယူပါ။



Program အကြောင်းသိကောင်းစရာစာအုပ် ဖြန့်ဝေခြင်း


Program အကြောင်းသိကောင်းစရာစာအုပ် ဖြန့်ဝေခြင်း

Program နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားပါတယ်။ Program ဆိုတာဘာလဲ၊ Java ဆိုတာ ဘာလဲ စသဖြင့်ပေါ့။ စာအုပ်ကို ဖတ်ကြည့်ရင် သိမှာပါ။ ကျွန်တော် ရေးသားထားတာ မဟုတ်ပါ။ ဟိုက ကူး၊ ဒီက ကူးနဲ့ စာအုပ်ဖြစ်အောင် ပြန်လုပ်ထားတာပါ။ လေ့လာသူများအတွက် စာအုပ်လေးနဲ့ဆိုရင် အဆင်ပြေနိုင်မယ်ဆိုတဲ့ စိတ်ကူးကြောင့် ပြုစုထားတာပါ။ အဆင်မပြေလဲ ကြိတ်မှိတ်ပြီးသာ အဆင်ပြေကြပါ။ Program အကြောင်းကို ကျွန်တော်လဲ လေ့လာဆဲမို့ ဒီစာအုပ်ထဲကထက် ပိုပြီး မရှင်းနိုင်ပါဘူး။ စာအုပ်လေးကို (Click) လုပ်ယူပါ။
Window Installing စာအုပ် ဖြန့်ဝေခြင်း

ကွန်ပျူတာ Hardware တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြထားပါတယ်။ Software ပိုင်းဖြစ်တဲ့ Window Formatting ပြုလုပ်ခြင်း နည်းပါ ထည့်သွင်း ရှင်းပြထားပါတယ်။ ကွန်ပျူတာကို စပြီး လေ့လာသူများနဲ့ ကျွမ်းကျင်သူများ အတွက်ပါ အသုံးဝင်မယ့် စာအုပ်လေး တစ်အုပ်ပါ။ ကွန်ပျူတာ ကိုင်တွယ်သူတိုင်းတွင် ရှိသင့်သော စာအုပ်လေး တစ်အုပ် ဖြစ်ပါတယ်။ စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။

စာစီစာရိုက် Excel စာအုပ် ဖြန့်ဝေခြင်း

ဇယားကွက်တွေနဲ့ စာရိုက်မယ်ဆိုရင် Microsoft Office Excel က အကောင်းဆုံးပါပဲ။ လျှင်မြန်ပြီး လုပ်ငန်းကို အမြန်ပြီးစေပါတယ်။ စာစီစာရိုက်သင်တန်းများတွင်လဲ Excel ကို ထည့်သွင်းသင်ကြားထားပါတယ်။ မိမိဘာသာ မိမိလေ့လာ သင်ယူသူများအတွက် Microsoft Office Excel စာအုပ်ကို တင်ပေးလိုက်ပါတယ်။ အားလုံး အဆင်ပြေ အသုံးဝင် နိုင်ကြပါစေ။



စာစီစာရိုက် စာအုပ် ဖြန့်ဝေခြင်း


စာစီစာရိုက် စာအုပ် ဖြန့်ဝေခြင်း

စာစီစာရိုက်တဲ့ နေရာမှာ သုံးတဲ့ Microsoft office word ကို လူတိုင်းသိကြမှာပါ။ လူတိုင်းလဲ သုံးနေကြမှာပါ။ ကွန်ပျူတာ သင်တန်းတက်တဲ့ လူတွေလဲ ဒီ application ကို ကောင်းကောင်း သိကြမှာပါ။ သို့ပေမယ့် ယခုမှ လေ့လာဆဲ၊ သင်ယူဆဲ လူများအတွက် (Microsoft office word) စာစီစာရိုက် လက်စွဲစာအုပ်ကို တင်ပေးလိုက်ပါတယ်။ နောက်နေ့ကျမှ Microsoft Office Excel စာအုပ်ကို တင်ပေးပါမယ်။ အသုံးဝင်နိုင်ကြပါစေ။


Wednesday, 15 April 2009

မြန်မာလို တိုက်ရိုက်ပြန်မယ်








အရင်က အင်္ဂလိပ်စာကို မြန်မာလို ဘာသာပြန်တဲ့အခါ အဘိဓာန်တွေ အားကိုးပြီး ပြန်ရပါတယ်။ ယခုတော့ အင်္ဂလိပ်စာပိုဒ် တစ်ခုလုံးကို Copy ယူပြီး Window Myanmar Translator (Beta Version) မှာ Past ချပြီး ဘာသာပြန်ပါ နှိပ်ရုံနဲ့ စာပိုဒ် တစ်ခုလုံးကို မြန်မာလို ပြန်ပေးနေပါပြီ။ အသေးစိတ်ကို (ဒီမှာနှိပ်ယူ) ဖတ်ပြီး ဆော့ဝဲလ်လိုချင်ရင် အဲဒီမှာပဲ ယူပေတော့ဗျို့။ ပြောချင်တာ ကြာပေမယ့် မအားလပ်တာကြောင့် နောက်ကျသွားတယ်။ ကြေငြာလိုက်ပြီနော်။

(ကိုစေတနာအားအထူးကျေးဇူးတင်ပါသည်။)

more.gif