Showing posts with label ကရင်သတင်း. Show all posts
Showing posts with label ကရင်သတင်း. Show all posts

Saturday, 4 July 2009

ထိုင်းနယ်စပ်အနီး သို့ နအဖ စစ်အင်အား တိုးမြင့်ချ



Freedom News Group
၃ ဇူလိုင် သာဆောင်ယမ်၊
သံချပ်ကာယန္တယားများပါဝင် သော စစ်အစိုးရလက်အောင်ခံ မြန်မာ စစ်တပ်မှ တာဝေးပစ် လက်နက်ကြီး အချို့ ကို ထိုင်းနိုင်ငံ သာဆောင်ယမ်မြို့ နှင့် နယ်နိမိတ်ထိစပ်နေသော ယခင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၇ နေရာ အထိပြောင်းလဲချထားသည် ဟု ထိုင်းစစ်တပ်မှ အမည်မဖော်လိုသော နယ်ခြားစောင့် စစ်သည် တစ်ဦးက Freedom News Group သို့ ပြောသည်။ယခုကဲ့သို့ စစ်အင်အား တိုးမြှင့်ချထားခြင်းသည် DKBA တပ်ဆွဲထားမှု ကို တနည်းတဖုံဖယ်ရှားခိုင်းသည့် သဘောဖြစ်သည်ဟု

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ အရာရှိ စစ်သည် တစ်ဦးက ပြောသည်။သာဆောင်ယမ် မြို့ နှင့်ကပ်လျှက် တည်ရှိသော မြန်မာ နယ်စပ်နေရာတွင် ရုရှား နှင့် ယခင် ယူဂိုဆလားဗီးယား နိုင်ငံလုပ် ၁၄၂ မီလီမီတာ မော်တာ နှင့် အမြှောက်လက်နက်ကြီးများပါ ပါဝင်သည် ဟုသိရသည်။

မြန်မာစစ် အစိုးရ က ယခင်တပ်မဟာ ရ စခန်း အနီးတွင် အရေးပေါ်ဆင်းသက် နိုင်သော ရဟတ်ယာဉ် ကွင်းဖောက်လုပ်ရန်စီစဉ်နေ သည် ဟုသိရသည်။ထိုအရေးပေါ် ရဟတ်ယာဉ်ကွင်း ကိုထောက်ပံ့ နှင့် ပို့ ဆောင်ရေးအတွက် ဖောက်လုပ်ခြင်းဖြစ်သည်ဟု အကြောင်းပြသော် လည်း ထိုင်းနယခြားစောင့်တပ်က မူ လက်နက်ကြီးများ ရွှေ့ ပြောင်းနိုင်ရန် အတွက် အလျှင်အမြန် လုပ်ဆောင် နေခြင်းဖြစ်သည် ဟုပြောသည်။

အရှေ့တောင် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်မ ၂၂ မှ စစ်သားများ နှင့် တပ်မ ၄၄ တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့ များမှ စစ်သားများမှာ ထိုနေရာမှ ရှေ့တန်းပြန်လာသောတပ်သားများနှင့်လူစားထိုးရသည် ဟု ဘားအံ မြို့ခံတစ်ဦးက ပြောသည်။

ဇွန်လဆန်းမှ စ၍ ကရင် အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ များကို တိုက်ခိုက်စဉ်က မြန်မာ စစ်တပ်မှာ နောက်မှ သာပစ်ကူပေးသော်လည်း ယခုကဲ့သို့ နယ်မြေစိုးမိုး ပြီးချိန်မှ အလုံးအရင်းအလိုက် နေရာ ၀င် ယူခြင်းကို DKBA တပ်ဖွဲ့ ဝင်များက လည်းမကျေနပ်ဟု သိရသည်။

ထိုင်းစပ်တပ်က လည်း ထိုနေရာတွင် ယခုလ ၁ရက် နေ့ ကတည်းက လက်နက်ကြီးတင်ဆောင်
ထားသော ဟမ်းဗီး အမျိုးအစားစစ်ကားများအပါ အ၀င် စစ်အင်အားတိုးမြှင့်ချထားရာ နှစ်ဖက်တပ်များရင်ဆိုင်အနေအထား ဖြစ်လျှက် ရှိသည်။

သောသီခိုမှကူးယူဖော်ပြသည်။

more.gif