
ဇွဲကပင်တောင်ခြေက ရာဇ၀င်စဉ့်အိုးကြီး
ရှေးအခါက လူငယ်ခုနှစ်ယောက်တို့သည် ပင်လယ်ရပ်ခြားသို့ ကူးသန်းရောင်းဝယ်ရန် ထွက်သွားသည်။ ထွက်သွားသောအခါ ခြောက်ယောက်သော လူငယ်များသည် လူကြီးများကိုခေါ်သွားရန် အလိုမရှိပါ။ ထို့ကြောင့် ''လူကြီးမပါလျှင် မဖြစ်ဘူး'' ဟုယုံကြည်သော လူငယ်တစ်ယောက်က သူ၏ဖခင်ကြီးကို စဉ့်အိုးကြီးထဲ ထည့်သွားပါသည်။ ခရီးနှင်ကြသောအခါ ပင်လယ်ကြီးအလယ် အလွန်ပြင်းထန်သော ၀ဲဂယက်ထဲ ရောက်သွားကြပါသည်။ ကုန်စည်အပြည့်ရှိသောသင်္ဘောသည် မြုပ်လုမတတ်ဖြစ်သောအခါ "ဘယ်လိုလုပ်ကြမလဲ၊ အကြံပေးရန် အတွေ့အကြုံရှိသော လူကြီးလည်းပါမလာဘူး" လို့ပြောကြသောအခါ လူငယ်တစ်ယောက်က "ငါ့အဖေပါလာတယ်" "ဘယ်မှာလဲ နင့်အဖေစဉ့်အိုးကြီးထဲမှာ အကြံဉာဏ်တောင်းပါဦး"
ထိုအခါလူကြီးသည် စဉ့်အိုးကြီးထဲမှထွက်လာ၍ အကြံဉာဏ်ပေးပါသည်။ အကြံပေးသည့်အတိုင်း သင်္ဘောထဲကနွားတစ်ကောင်ကိုယူ၍ ကြိုးကြီးတစ်ချောင်းနှင့် တစ်ဘက်ကိုနွားလည်ပင်းချည်ထား၊ ထိုကြိုးတစ်ဘက်ကိုတော့ သင်္ဘောနှင့်ချည်ထားလေသည်။ ထို့နောက်နွားကိုပင်လယ်ထဲချလိုက်သည်။ ထိုအခါ ငါးကြီးတစ်ကောင်က နွားကိုဆွဲသွားသောအခါ သင်္ဘောသည် ၀ဲထဲမှလွန်သွားလေသည်။ ဤအချင်းအရာကိုကြည့်ချင်းအားဖြင့် အတွေ့အကြုံရှိသော လူကြီး၏စကားကို အစဉ်နားထောင်ရန်လိုအပ်သည်ဟု နားလည်ကြသည်။
စဉ့်အိုးကြီးထဲကလူကြီး သို့မဟုတ် စဉ့်အိုးကြီးလို့ဆိုကြသောအခါ လူကြီးစကားနားထောင်ရမည်ဟု သဘောပေါက်ခံယူကြသည်။ ထို့ကြောင့် မော်စရီး (စဉ့်အိုးအဖွဲ့) ဟုပြောသောအခါ လူငယ်တို့စုပေါင်းကြ၍ ရှေးလူကြီးဘာပြောဆိုခဲ့သည်များကို ထုတ်ဖော်ပြောဆို ဆွေးနွေးလိုက်နာဖို့ရန် စုဝေးကြသောအဖွဲ့ ဖြစ်ပါသည်။
မော်စရီးအိမ်ငယ်လေး
လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်လောက်က ဇွဲကပင်တောင်ခြေရင်းတစ်နေရာမှာ ကရင်မျိုးနွယ်စုများထဲမှ လဲကယ်၊ တလာခုံး၊ ဒူဝေ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာဝင်တို့သည် စုပေါင်း၍ တဲကလေးတစ်လုံးဆောက်ထားကြပြီး တစ်လတစ်ကြိမ်၊ လဆန်း ၉-၁၀ ရက်မှာထိုအိမ်၌ တွေ့ဆုံမိတ်သဟာယဖွဲ့လျက် ရှေးလူကြီးသူမတို့၏စကား၊ ပုံပြင်များ၊ ဆုံးမသြ၀ါဒများကိုဖော်ထုတ်ကြ၍ ဘယ်ကဲ့သို့ဆက်လက်အသက်ရှင်ကြမည့်အကြောင်းကို တိုင်ပင်ဆွေးနွေးကြပါသည်။ ယင်းအလေ့အထကို ယခုထက်တိုင် လုပ်ဆောင်လျက်ရှိပြီး ''ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်" ကို နှစ်စဉ်ကျင်းပလျက် ဘာသာအားလုံး လာရောက်ဆင်နွှဲကြပါသည်။
ယခုအချိန် မော်စရီးတဲငယ်လေးနေရာတွင် လူတစ်ထောင်ကျော်ဆန့်သော ဓမ္မာရုံ (Hall ) တစ်ခုရှိနေပြီ။ ဇွဲကပင်တောင်ခြေက လူတစ်ထောင်ကျော်ဆံ့သော စဉ့်အိုးကြီးတစ်လုံးရှိနေပြီဟုဆိုပါလျှင် ကြွားဝါခြင်းသက်သက်မဟုတ်ပဲ တကယ်အဟုတ်ဖြစ်နေပြီ မဟုတ်ပါလား....။
ကရင်နေ.ထူးနေ.မြတ်များ
Category
- ကရင့်သတင်း (57)
- သတင်း (21)
- ကဗျာများ (9)
- ဗွီဒီယို (9)
- KNF(KOREA) (7)
- Gtalk နည်းလမ်းများ (5)
- ကရင့်သမိုင်း (5)
- ကွန်ပျုတာဆော့ဝဲ (5)
- နည်းလမ်းများ (5)
- ကရင့်ပုံပြင် (3)
- Gameများ (2)
- ကရင်အမျိုးသားသီချင်း (2)
- ကရင်နှစ်သစ်ကူးနေ. (2)
- ကွန်ပျုတာနှင့်စာအုပ် (2)
- ဆုတောင်း (2)
- ဖိတ်ကြားစာ (2)
- ကြော်ငြာ (2)
- ပြည်သူအသံ (2)
- ကရင်ရာဇ၀င် (1)
- ကရင်သတင်း (1)
- ကရင်အမျိုးသားအလံတော် (1)
- ကရင့်ရိုးရာ (1)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကျမ်းမာရေး (1)
- ခံစားချက် (1)
- ချည်ဖြူဖွဲ.မင်္ဂလာပွဲတော် (1)
- ဓာတ်ပုံများ (1)
- ပိုးကရင် ပြဇာတ်များ (1)
- ဖိတ်ကြားလွှာ (1)
- ရိုးရာကရင်ဒုံးယိမ်းအကြောင်း (1)
- လူမူရေး (1)
- သင်ခန်းစာ (1)
-ီDictionaryများ (1)
- စောဘဦးကြီး (1)
- ဆောင်းပါး (1)
- ပေးစာ (1)
Saturday, 20 June 2009
ဇွဲကပင်တောင်ခြေက ရာဇ၀င်စဉ့်အိုးကြီး
Tuesday, 16 June 2009
ခလောက်နို့ သားသမက်

တခါက ခလောက်နို့ ရွာသားတယောက်ဟာ နိုင်းကြာရွာကအမျိုးသမီးတယောက်နဲ့  အိမ်ထောင်ကျတယ် ။ အိမ်ထောင်ကျ
တယ်ဆိုရင်ဘဲ ခလောက်နို့ ရွာသားဟာ ယောက္ခမအိမ်မှာ လိုက်နေရတယ် ။
သူဟာ ယောက္ခမအိမ်မှာ လောလောဆယ် လူသစ်ဖြစ်နေပြီး ယောက္ခမယောက်ျားသူကြီးကလည်း ဣနြေ္ဒကြီးနဲ့ မျက်နှာ
ရှစ်ခေါက်ချိုးနဲ့  တည်တည်ကြီးနေတတ်တဲ့လူကြီးဖြစ်တော့ သူ့ မှာအနေရအထိုင်ရ အင်မတန်ကျဉ်းကြပ်နေတယ်။လွတ်
လွတ်လပ်လပ် ဘာမှမလုပ်ရဲမကိုင်ရဲဘူး ၊မပြောရဲမဆိုရဲဘူး။ယောက္ခမရဲ့  မျက်နှာရိပ်မျက်နှာကဲကိုဘဲ ကြည့်နေရတယ်။
အမှန်တော့ယောက္ခကြီးကအစ တအိမ်သားလုံးကဘဲ သူ့ အပေါ်မှာကောင်းကြပါတယ်။သူကသာ သူ့ ကိုယ်သူ မလုံမလဲ
ဖြစ်နေတာ။
သူဟာ ဒီအိမ်ကိုရောက်တာကမကြာသေးတော့ ရှိုးတိုးရှန့် တန့် ဖြစ်နေသေးလို့  ယောက္ခမနဲ့ အတူ တခါမှ မျက်နှာချင်း
ဆိုင်ပြီး ထမင်းတ၀ိုင်းချင်းဆိုင်ပြီး ထမင်းတ၀ိုင်းထဲဝင်မစားဘူးဘူး။အိမ်ကလူတွေ ထမင်းစားနေတဲ့အချိန်မှာဆိုယင် သူ
အပြင်ကိုထွက်သွားပြီး ဟိုအိမ်တက်ဒီအိမ်ဆင်းနဲ့  စကားတွေ ဖောင်လောက်အောင်ပြောကာ ရှောင်နေတတ်တယ်။ စား
သောက်လို့ ပြီးချိန်မှပြန်လာပြီး ခူးခပ်စားတယ်။ တနေ့ အပြင်ကပြန်အလာမှာ အိမ်သားတွေ ထမင်းစားတုန်းတန်းလန်းနဲ့ 
ဆုံတယ်။ ဒီလိုဆုံတော့ ယောက္ခမကြီးက "ကဲ-တခါထဲဝင်စားလိုက်" လို့ ခေါ်တယ်။ဝင်မစားယင်မကောင်းဘူးဆိုပြီး လက်
ဆေးကာ ထမင်းဝိုင်းကိုဝင်လာတယ်။ ထမင်းဝိုင်းနားရောက်လို့  ထမင်းစားပွဲဘေးမှာထိုင်ချလိုက်တဲ့အခါကျတော့ ရှိုးတိုး
ရှန့် တန့် ဖြစ်နေတဲ့သမက်ဟာ ဖင်ထိုင်ခုံကလေးအပေါ်ကို တဲ့တဲ့မထိုင်မိဘဲ ဖင်ထိုင်ခုံနောက်က ဆန်ထည့်ထားတဲ့ စဥ့်အိုး
ကြီးရဲ့ ဘေးကို ဖင်နဲ့ ဝင်ဆောင့်မိတာနဲ့  ထမင်းဝိုင်းပေါ်ကို ဟပ်ထိုးကျသွားတယ်။ ဒီလိုရှေ့ ကိုထိုးကျသွားတော့လှမ်းပြီး
လက်နှစ်ဖက်နဲ့  ကိုင်မိကိုင်ရာဖမ်းကိုင်လိုက်တာ သူ့ ရှေ့ ခုံတဖက်မှာထိုင်နေတဲ့ ယောက္ခမကြီးရဲ့  ခေါင်းတုံးပြောင်ပြောင်
်
ကိုလက်နှစ်ဖက်နဲ့  ဖိမိလျက်သားဖြစ်သွားတယ်။ဒီတင်ယောက္ခမကြီးက " ဟေ့ ဟေ ဘယ့်နှယ်လဲကွ " လို့ ကယောင်က
တန်းဖြစ်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ မေးလိုက်တယ်။ ဒီတော့ ခလောက်နို့ ရွာသားသမက်က " ကျနော်မနက်ဖြန် ဦးထုပ်ဝယ်
ပေးမလို့  အဖေ့ခေါင်းကိုတိုင်းကြည့်တာပါ " လို့  လေအေးကလေးနဲ့ ပြန်ပြောလိုက်တယ် ။
ဒီအဖြေလဲကြားရရော ယောက္ခမကြီးဟာ ပြောင်ချော်ချော်သမက်ကိုစိတ်ဆိုးလွန်းလို့  ထမင်းဝိုင်းကထသွားတော့တယ်။
ထောမဲပါ ဘလော့ဂ်မှကူးယူဖော်ပြသည်။
Thursday, 4 June 2009
အားထားပါရစေ ဒို့ကရင်လူငယ်တွေ
အားထားပါရစေ ဒို့ကရင်လူငယ်တွေ
တစ်ခါသော် ငှက်ပစ်သမားတစ်ယောက်သည် သူထောင်ထားသော ကျော့ကွင်းတစ်ခုတွင် ခါတစ်ကောင်မိနေသည်ကိုတွေ့ရလေသည်။ သူသည်ထိုခါကို ကျော့ကွင်းမှထုတ်ယူပြီး သတ်ဖြတ်မည်ပြုသည်။ ထိုအခါ ခါငှက်က "အသင်ငှက်ဖမ်းသမား အကျွန်ုပ်ကိုမသတ်ပါနှင့်။ အကျွန်ုပ်၏အသက်ကို လွှတ်ပေးပါ၊ အသင်၏ ကျေးဇူးကိုဆပ်ပေးပါမည်။ အကျွန်ုပ်သည် သင်၏ထောင်ချောက်တွင်းသို့ မြောက်မြားစွာသော ခါငှက်တို့ကို သက်ဆင်းအောင်သွေးဆောင်ပါမည်" ဟုတောင်းပန်ပြောဆိုလေ၏။ ထိုစကားကိုကြားလျှင် ငှက်ပစ်သမားက "အကျွန်ုပ်သည် သင့်အားမလွတ်ပေးနိုင်ပါ ယခုပင် သတ်ရပါလိမ့်မည်။ သင်၏အမျိုးပေါ် သစ္စာဖောက်သောစကားသည် သင်၏ကြမ္မာဆိုးကိုဖန်တီးလေပြီး'' ဟုပြန်လည်ပြောလိုက်လေသည်။

