Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, 5 February 2010

ကိုရီးယားရောက် မြန်မာများ၏ ဘဝခရီးလမ်း

more.gif

Monday, 26 October 2009

ဇုံညွန်မှူး တကိုယ်တော်ဝင်ငွေ အလွန်ကောင်းနေ

Submitted by Karen Information Center on October 26, 2009 – 4:10 am
န.က.သ ခေါ် မြ၀တီကုန်သွယ်ရေးဇုံသည် မြန်မာနိုင်ငံ၏ အဓိကနယ်စပ် ကုန်သွယ်ရေးလုပ်ငန်း အမှတ်(၂) အဆင့် ရှိသည်။ ထိုကုန်သွယ်ရေးဇုံသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီဒေသတို့၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ဇုံတာ ၀န်ခံအဖြစ် ဦးစီးဆောင်ရွက်သူမှာ ယခင် မြန်မာတပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ န.က.သ နယ်စပ်ကုန်သွယ်ရေး ညွန်ကြားရေး မှူး ဦးအောင်စိုးသိန်း ဖြစ်သည်။ ညွန်မှူးဦးအောင်စိုးသည် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်သွားလာနေသည့် ကုန်သည်များ ၏ တရားမ၀င် ၁၂ဘီးကားဖြင့် သယ်ဆောင်လာသော ကုန်ပစ္စည်းများအပေါ် မူတည်ပြီး ငွေတောင်းခံနေပါသည်။

နိုင်ငံတော် က တားမြစ်ကုန်အဖြစ် သတ်မှတ်ထားသည့် စားဆီပုံးများနှင့် ဆားများကို ကားပေါ်တွင် အပေါ်မှဖုံးအုပ်ကာ ပြည်တွင်းသို့ တရားမ၀င် သယ်ဆောင်နေသည်မှာ နိုင်ငံတော်စီးပွားရေး ပုန်ကန်မူပင် ဖြစ်သည်။ ထိုသယ်ဆောင်မှုများကို ညွန်မှူး၊ ဒုညွန်မှူး တို့က မသိချင်ဟန်ဆောင်ထားကြသည်။ ခြောက်ဘီး-မှန်လုံ-ဆယ်ဘီး-ဆယ့်နှစ်ဘီး ကားများကို ဒဏ်ဂျူတီဆောင်ခ ကျပ် ၂သိန်းမှ ၅သိန်းအထိ ညွန်မှူးမှ တိုက်ရိုက်တောင်းခံနေကြောင်း နယ်စပ်မှ အကောက်ခွန်ဌာနကတဆင့် သိရသည်။ K.N.U/ K.N.L.A ငြိမ်းချမ်းရေးအဖွဲ့များ ထိုသို့လုပ်လာလျှင် ဒဏ်ဂျူတီဆောင်ထားသော်လည်း ညွန်မှူး၊ ဒုညွန်မှူးနှင့် ညွန်မှူးအဖွဲ့ အကောက်ခွန် အရာရှိများထံ သီးသန့် ထပ်မံ ပေးနေရသည်ကို ကျနော် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

နိုင်ငံတော်အစိုးရ၏ စီးပွားရေးစီမံချက်ကောင်းသော်လည်း ဌာနဆိုင်ရာ တာဝန်ခံများကတော့ မိသားစုချမ်းသာ ဖို့အတွက် ၀န် ကြီးအဆင့် ခေါင်းဆောင်ပိုင်းများနှင့် မီးသေအပိုင်ပေါင်းကာ ကြိုက်သလို လုပ်စားနေကြသည်။ ပြီးခဲ့သည့်လက ပဲခူးတွင် တိမ်းမှောက်သွားသည့် ဆယ့်နှစ်ဘီးကားတွင် လိုင်စင်မဲ့ကားများနှင့် ဆားများကို သယ်ဆောင်နေသည့် မြ၀တီမြို့မှ ကုန်သွယ် ကြီးတစ်ဦး၏နေအိမ်သို့ ညွန်မှူးက ညဘက်တွင် ငွေလာတောင်းလေ့ ရှိသည်။ ပြည်တွင်းမှ တင်ပို့လာသော ဆန်တအိတ်ကို ဂျူတီခ ၁၅၀၀ပေးရပြီး အိတ် ၅၀၀ပါလျှင် ၂၀၀အတွက်သာ ဂျူတီခဆောင်ကြကာ ကျန်ဆန်အိတ်များအတွက် ညွန်မှူးကို ဂျူတီခ ကြည့်ပေးရသည်ဟု သိရသည်။

၎င်းညွန်မှူးကို မြ၀တီမြို့ ဈေးကြီးအနီးရှိ ကားပိုင်ရှင် ဂျမားဆိုသူ ကုလားကတော့ အပိုင်ဆုံးဖြစ်သည်။ သူ၏ကားဆိုလျင် ပြောစရာမရှိအောင် open လွှတ်ပေးလေ့ရှိသည်။ ညွန်မှူးဦးအောင်စိုးသိန်းသည် ဖေါ်ပြ ပါ တရားမ၀င် ကန့်သတ်ကုန်နှင့် လိုင်စင်မဲ့ကားများ၏ ဖြတ်သန်းသယ်ဆောင်ခဖြင့် တနေ့လျှင် ကျပ်သိန်း ၁၀၀ကျော် အထိ ၀င်ငွေရှိသည်။ ဤသည်ကို အထက်သို့ မတိုင်တန်းနိုင်အောင် ကုန်သွယ်ရေးဇုံရှိ ဒီကေဘီအေနှင့် ငြိမ်းချမ်း ရေးအဖွဲ့များ အပါ အ၀င် စသုံးလုံး SB ရဲခရိုင်ရဲများနှင့် နယ်မြေခံ ခ.ရ.ကတို့ပါ ယာဉ်တန်းအဆင်းတွင် အခွန်လွတ် လိုင်စင်မဲ့ ကားနှင့် ကုန်ပစ္စည်း ပါ ဆယ်ဘီးကားတို့ ဇုံမှ နားလည်မှု ပြုလုပ်နေကြောင်း သိရှိရပါသည်။

ကျနော်တို့အဖွဲ့က ကာစတန် ခေါ် အကောက်ခွန်အဖွဲ့ ဆိုသော်လည်း ဇုံတွင် တာဝန်သာရှိပြီး လုပ်ပိုင်ခွင့် အာဏာ မရှိဘဲ ညွန်မှူးမခိုင်းလျှင် မလုပ်ရဲ မပြောရဲ ဖြစ်နေသည်။ ယခုလို ကြာရှည်ပြုလုပ်နေလျှင် အကောက်ခွန်အဖွဲ့မှာ အခွံသာကျန်ပြီး အသားများကိုတော့ ညွန်မှူးမှ ကောင်းကောင်းစားနေကြောင်း အများသိအောင် တင်ပြလိုက်ရပါ သည်။

မြ၀တီမှ မျှတစေလိုသူ

more.gif

Monday, 19 October 2009

မြဝတီ ဘုန်းကြီးကျောင်းတချို့ လောင်းကစားဝိုင်းများဖွင့်၍ ရန်ပုံငွေရှာ

ထိုင်း - မြန်မာ နယ်စပ်၊ မြ၀တီမြို့ရှိ ဟေမာန်ဦးနှင့် မိကျောင်းကုန်း ဘုန်းတော်ကြီး ကျောင်းတို့တွင် ယခုလဆန်းပိုင်းမှ စတင်ကာ ဘုန်းကြီးကျောင်း ရန်ပုံငွေဟု ခေါင်းစဉ်တပ်၍ လောင်းကစား ၀ိုင်းများ ပြုလုပ် ငွေရှာလျှက်ရှိကြောင်း သိရှိရသည်။

မြ၀တီမြို့ခံတဦးက “ကျနော်တို့မြို့မှာ လောင်းကစား လုပ်တာက သိပ်တော့ မဆန်းတော့ဘူးဗျာ၊ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာ ကျောင်းရန်ပုံငွေအတွက်ဆိုပြီး လုပ်တာကတော့ အရမ်းကို အရုပ်ဆိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းများတွင် အနီထောင်ဝိုင်း (လေးကောင်ဂျင်)၊ ဖဲဝိုင်း၊ အံစာဝိုင်းနှင့် ဘောလုံး လောင်းကစားဝိုင်းများ ပြုလုပ်ကြောင်း၊ ထိုသို့ လောင်းကစားဝိုင်းများ ပြုလုပ်သဖြင့် မူးယစ်သောက်စား ခြင်းများလည်း ပါလာကြောင်း၊ လောင်းကစားဝိုင်းများမှ ရရှိသော အကောက်ငွေများကို ဘုန်းတော်ကြီးများ ကိုယ်တိုင် လက်ခံ ရယူကြောင်းနှင့် ဘုန်းကြီးကျောင်း ဆောက်လုပ်ရန်အတွက်ဟု အကြောင်းပြကာ ယခုကဲ့သို့ ငွေရှာနေခြင်း ဖြစ်ကြောင်း ၎င်းမြို့ခံက ဆက်လက် ပြောဆိုသည်။

မြဝတီမြို့တွင် နေရာတိုင်း၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) က ဦးစီးသည့် လောင်းကစားဝိုင်းများ ရှိနေကြောင်းလည်း မဲဆောက်မြို့နှင့် မြ၀တီမြို့ကို ကူးသန်းကာ အရောင်းအ၀ယ်
လုပ်နေသူ ကိုစောသန်းမြင့်က ပြောသည်။

“DKBA တွေလုပ်တဲ့ လောင်းကစားပွဲကို အာဝါဒေးလို့ခေါ်တယ်၊ ဘုန်းကြီးတွေ လုပ်တာကိုတော့ ရန်ပုံငွေ ပွဲလို့ခေါ်တယ်။ မြ၀တီမှာက ကထိန်ခင်း ရှင်ပြုတာတောင် လောင်းကစားပွဲပါမှ စည်တာ” ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

DKBA မှ ရဲဘော်တဦးကလည်း လောင်းကစားဝိုင်းပြုလုပ်သည့် ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများ ၀င်ငွေကောင်းနေကြောင်း၊ ဒိုင်လုပ်သူက အမြတ်ငွေ၏ ၁၀ ရာခိုင်နှုန်း ကောက်ခံရရှိကြောင်း ပြောပြသည်။

“ကျနော်တောင် ဘုန်းကြီးဝတ်ချင်လာပြီ၊ တနေ့ကို အကောက်က ကျပ် သိန်း ၃၀၊ ၄၀ လောက် ရတယ်၊ အဲဒါအနည်းဆုံးပဲ။ ကစားကြေးတွေကလည်း သိန်းရာဂဏန်းကနေ ထောင်ချီနေတာ” ဟု ၎င်းက ဆိုသည်။

ယင်းလောင်းကစားဝိုင်းများသို့ ကုန်သည်ပွဲစားများ၊ DKBA တပ်ဖွဲ့ဝင်များ၊ အာဏာပိုင်များမှ အစ လူငယ်လူရွယ် ကျောင်းသားငယ်များအထိ ဝင်ရောက် ကစားလေ့ရှိကြောင်း သိရသည်။ ထိုသို့ လောင်းကစားကြစဉ် လိမ်လည်မှု၊ ပစ္စည်းအလွဲသုံးစားပြုမှုများလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်း မြဝတီမြို့ခံ ကုန်သည်တဦးက ဆိုသည်။

“လူတွေက ပင်ပေါင်ဘောလုံးလေးတွေကို အရောင်နဲ့တမျိုး ဂဏန်းတွေနဲ့ တမျိုး ကစား ကြတာကို ပိုစွဲကြ တယ်။ လောင်းကစားပွဲမှာ ရှုံးတဲ့သူက ပါလာတဲ့ ကားတို့၊ ဆိုင်ကယ်တို့ စက်ဘီးတို့ကို ပေါင်ကြတာပေါ့၊ အဲဒီလို ပေါင်တဲ့ထဲမှာ ကိုယ်ပိုင်ပါသလို တချို့လည်း ခဏငှားလာတာတွေ ပါတယ်။ အဲဒီပြဿနာ နေ့တိုင်း ရှိတယ်” ဟု သူက ဆက်ပြောသည်။

မြ၀တီနှင့် မဲဆောက်နယ်စပ်တွင် ဆိုင်ကယ်များ စက်ဘီးများ မကြာခဏ ပျောက်ရှလျှက် ရှိသည်ဟုလည်း သူက ဆိုသည်။


ဧရာဝတီ ၀က်ဆိုက်ဒ်မှကူးယူဖော်ပြသည်။

more.gif

Tuesday, 2 June 2009

မြောက်ကိုရီးယားသမ္မတကင်ဂျုံအီက ၎င်း၏ အရိုက်အရာကို ဆက်ခံမည့်သူကို ရွေးချယ်



မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအီက ပြည်ပရှိ မြောက်ကိုရီးယား သံရုံးများသို့ သူ၏ အငယ်ဆုံးသား ဖြစ်သူအား သစ္စာစောင့်သိကြရန် အသိပေးပြောဆိုလိုက်သဖြင့် ကွန်မြူနစ်နိုင်ငံတစ်ခု ဖြစ်သည့် မြောက်ကိုရီးယားအတွက် ၎င်း၏ အရိုက်အရာကို ဆက်ခံမည့်သူကို ရွေးချယ်ပြီး ဖြစ်ကြောင်း အချက်ပြလိုက်သလို ဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံထုတ် သတင်းစာ တစ်စောင်တွင် အင်္ဂါနေ့က ဖော်ပြပါရှိသည်။
အသက် ၆၇ အရွယ်ရှိ သမ္မတကင်ဂျုံအီသည် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက လေဖြတ်ဝေဒနာ ခံစားခဲ့ရသည်ဟု ကောလဟလ သတင်းများ ပျံ့နှံ့နေခဲ့သည်။

ယခင်သတင်းပတ်များအတွင်း မြောက်ကိုရီးယား၏ နယူကလီးယား စမ်းသပ်ပစ်ခတ်ခဲ့မှုနှင့် အခြား စစ်ရေးပြင်ဆင်မှုများမှာ သမ္မတ ကင်ဂျုံအီက အင်အားပြခြင်း သက်သက်ဖြစ်ပြီး ၎င်း၏ အရိုက်အရာ ဆက်ခံမည့်သူကို ရွေးချယ်ရန် ရည်ရွယ်ရင်းသာ ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူ အချို့က သုံးသပ်ကြသည်။
မြောက်ကိုရီးယားနိုင်ငံသည် ပြည်ပရှိ ၎င်း၏ သံရုံးများသို့ အီးမေးလ်များ အသီးသီးပေးပို့ခဲ့ပြီး ၎င်းတို့အား သမ္မတကင်ဂျုံအီ၏ အငယ်ဆုံးသားဖြစ်သူ
ကင်ဂျုံအန် (Kim Jong Un) အပေါ် သစ္စာခံကြရန် ရေးသားထားသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုမှ သိရသည်ဟူ၍ တောင်ကိုရီးယားနိုင်ငံထုတ် Dong-A Ilbo သတင်းစာတွင် ဖော်ပြထားသည်။ထို့အပြင် လေ့လာစောင့်ကြည့်သူများက အဆိုပါ အရိုက်အရာဆက်ခံမှုသည် လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်တတ်သည့် မြောက်ကိုရီးယားအတွက် ထိပ်တန်းလျှို့ဝှက်ချက် တစ်ခုဖြစ်ပြီး သမ္မတကင်ဂျုံအီနှင့် နီးစပ်သည့်သူများကိုသာ အသိပေးထားသည်ဟု သုံးသပ်ကြသည်။ထိုမျှမက မြောက်ကိုရီးယား ထိပ်တန်းအရာရှိများကိုလည်း ဖခင်မှ သားသို့ မျိုးဆက် ၃ ဆက်အထိ အရိုက်အရာ ခံယူခွင့် ရှိစေနိုင်မှုအပေါ် လက်ခံ နားလည်မှု ရှိလာစေရန် သင်ကြားပေးနေသည်ဟု အခြား သတင်းရင်းမြစ်တစ်ခုမှ သိရကြောင်းနှင့် ထိုသို့ ပြုလုပ်နေမှုများသည် ကင်ဂျုံအန်အား အရိုက်အရာဆက်ခံမည့်သူ အဖြစ် ရွေးချယ်လိုက်ခြင်းကို ညွှန်ပြနေကြောင်း ထိုသတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။မြောက်ကိုရီးယားကို တည်ထောင်ခဲ့သည့် ဖခင်ဖြစ်သူ ကင်အီဆွန်း (Kim Il Sung) က သားဖြစ်သူ ကင်ဂျုံအီအား အရိုက်အရာကို ဆက်ခံရန် နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ပေးထားခဲ့သည်။ ကင်ဂျုံအီတွင် သား ၃ ဦး ရှိပြီး မြောက်ကိုရီးယားနိုင်ငံသား အများစုမှာ ၎င်းတို့အား မသိကြပေ။ကင်ဂျုံအီ၏ အရိုက်အရာကို ဆက်ခံမည့် ကင်ဂျုံအန်ကို ၁၉၈၃ ခုနှစ် သို့မဟုတ် ၁၉၈၄ နှစ်ဦးပိုင်းတွင် မွေးဖွားခဲ့ပြီး ၎င်းသည် ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားခဲ့ကာ ကင်ဂျုံအီ၏ သား ၃ ယောက်အနက် အရည်အချင်းအရှိဆုံး ဖြစ်သည်ဟု သိရသည်။

more.gif

Monday, 1 June 2009

ဂျွန်ယက်တော၏ နောက်ကြောင်းရာဇ၀င်အကျဉ်း

ဗွီဒီယိုသတင်း - ဗွီအိုအေ

more.gif

Friday, 29 May 2009

တောင်ကိုရီးယား သမ္မတ နိုမူယောင်း ဈာပန ဗွှဒီယို

မေ ၂၉

more.gif

တာတိုပစ်ဒုံးကျည်နောက်တစင်း မြောက်ကိုရီးယား ပစ်လွှတ်စမ်းသပ်

29 May 2009


မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ဒုံးကျဉ်တစင်းကို အရှေ့ဘက် ကမ်းရိုးတမ်း ကမ်းလွန်ပင်လယ်ပြင်မှာ ပစ်လွှတ်စမ်းသပ်လိုက်တယ်လို့ တောင်ကိုရီးယား ယွန်ဟက် သတင်းဌာနက ကြေညာပါတယ်။ တနင်္လာနေ့မှာ နျူကလီးယား စမ်းသပ်မှု လုပ်ခဲ့ကတည်းကဆိုရင် ဒါဟာ ခြောက်ကြိမ်မြောက် ဒုံးကျည် ပစ်လွှတ်စမ်းသပ်တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ရန်စလာရင်တော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့ နောက်ထပ်လုပ်ဆောင်မှုတွေ လုပ်ရလိမ့် မယ်လို့ မြောက်ကိုရီးယားကပြောအပြီး နာရီအတော်အကြာမှာ အခုလို နောက်ထပ် ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ရန်လိုတဲ့ ဘယ်လိုအပြုအမူမျိုးမဆို ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ ၁၉၅၃ ခုနှစ် အပစ်ရပ် သဘောတူညီချက်ကို ဖျက်သိမ်းတဲ့အခြေ ရောက်သွားလိမ့်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားက အခုနောက်ဆုံး နျူကလီးယား စမ်းသပ်ဖောက်ခွဲခဲ့တဲ့အပေါ် ဘယ်လို အရေးယူ ဒဏ်ခတ်ကြမယ် ဆိုတာ ဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်နဲ့ ရုရှားတို့ ကြာသပတေးနေ့က တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ပါတယ်။ အရေးယူဒဏ်ခတ်မှုတွေထဲမှာ လက်နက်ရောင်းဝယ်မှု ပိတ်ပင် ကန့်သတ်ထားတာကို ထပ်ပြီးချဲ့ထွင်တာ၊ ငွေကြေးနဲ့ ဘဏ်စနစ်ဆိုင်ရာ ကန့်သတ်ချက်တွေ ပါဝင်နိုင်ပါတယ်။

more.gif

Thursday, 28 May 2009

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေ အသင့်အနေအထား အဆင့်တိုးမြှင့်



28 May 2009
ဆယ်စုနှစ်ငါးစုကြာ ရှိခဲ့ပြီဖြစ်တဲ့ တောင်ကိုရီးယားနဲ့ အပစ်အခတ် ရပ်စဲရေးကို
ဖျက်သိမ်းလိုက်ပြီလို့ မြောက်ကိုရီးယားက ကြေညာပြီး နောက်တရက် ကြာသပတေး
နေ့မှာပဲ ၂၀၀၆ ခုနှစ်ကတည်းက ကိုရီးယားကျွန်းဆွယ်တ၀ိုက်မှာ ရှိနေခဲ့တဲ့
တောင်ကိုရီးယားတပ်တွေနဲ့ အမေရိကန်တပ်တွေရဲ့ စောင့်ကြပ်နေမှုကို အမြင့်ဆုံး
သတိအနေအထားအထိ မြှင့်တင်လိုက်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲတပ်ဖွဲ့တွေဟာ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့
စုံစမ်းထောက်လှမ်းမှုတွေကို တိုးမြှင့်လိုက်ပြီး စောင့်ကြည့်နေမှု အဆင့်ကိုလည်း
အဆင့် ၃ ကနေ အဆင့် ၂ အထိ မြှင့်တင်လိုက်တယ်လို့ ကာကွယ်ရေးအရာရှိတွေက
ပြောပါတယ်။

မြောက်ကိုရီးယားတွေ ၂၀၀၆ ခုနှစ်မှာ ပထမအကြိမ် နျူကလီးယား ဖောက်ခွဲစမ်းသပ်
ခဲ့စဉ်တုန်းကတော့ ဒီပူးတွဲတပ်ဖွဲ့တွေဟာ သူတို့ရဲ့စောင့်ကြပ်မှုကို ခုလောက်ထိ
မတိုးမြှင့်ခဲ့ကြသေးပါဘူး။ မြောက်ကိုရီးယားက ၁၉၅၃ ကိုရီးယားပြည်တွင်းစစ်
ပြီးကတည်းက သတ်မှတ်ထားခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးဟာ ပြီးဆုံးသွားခဲ့ပြီလို့
ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာပါ။

တကယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်သင်္ဘောတွေက နျူကလီးယား
လက်နက်တွေ သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား သင်္ဘောတွေကို တားဆီးတာမျိုး
လုပ်လာမယ်ဆိုရင် စစ်ရေးအရ ဖြေရှင်းရလိမ့်မယ်လို့လည်း မြောက်ကိုရီးယားက
ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီတပတ်ထဲမှာ မြောက်ကိုရီးယားက မြေအောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ပြီး
နောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ လုံခြုံရေးဆိုင်ရာ လက်နက်ဖျက်သိမ်းရေး
သဘောတူညီချက်ကို တောင်ကိုရီးယားက ပါဝင်သဘောတူခဲ့ပြီးနောက်
မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေး
ယူမယ့်ကိစ္စအပေါ် တရုတ်ကလည်း သဘောတူ ထောက်ခံတယ်လို့ အမေရိကန်
အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

more.gif

အင်းစိန်တရားခွင် တနင်္လာနေ့မှာ အပြီးသတ် လျှောက်လဲတော့မည်

28 May 2009

တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန် အင်းစိန်ထောင်ထဲက
အထူးတရားခွင်မှာ ရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ဘက်က ခုခံချေပတဲ့ သက်သေတဦးရဲ့ ထွက်ဆိုချက်ကို ဒီကနေ့ ရုံးတော်က
ကြားနာခဲ့ပြီးတော့ နောက်တကြိမ်ရုံးချိန်းကိုတော့ တနင်္လာနေ့ကို ရွှေ့ဆိုင်းလိုက်ပါ
တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တွေကတော့ ဒီလို သက်သေတဦးသာ
ထွက်ဆိုခွင့်ပေးတဲ့အတွက် တောင်းဆိုတင်ပြတာတွေ ထပ်လုပ်ဖို့လည်း ပြင်ဆင်နေပါ
တယ်။ ဒီလို ထောင်တွင်း ရုံးတင်စစ်ဆေးနေချိန် ဒေါ်အောင်ဆန်းစုကြည်ကို အားပေး
ကြောင်း ပြသတဲ့အနေနဲ့ ထောင်အနီးအနား ရောက်လာသူတွေထဲက တကိုယ်တော်
ဆန္ဒပြသူ တယောက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။ တရားခွင်က
နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထား
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့
စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ သူ့ဘက်က ခုခံ
ထွက်ဆိုပေးတဲ့ သက်သေတဦးကို စစ်ဆေးပြီး အပြီးသတ် လျှောက်လဲချက်တွေ
တင်သွင်းဖို့ လာမယ့်တနင်္လာနေ့ကို တရားရုံးက ပြန်ပြီး ရက်ချိန်းသတ်မှတ်လိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်အတွက် ကာကွယ်ထွက်ဆိုပေးဖို့ တင်ပြထားတဲ့ သက်သေ
၎ ယောက်ထဲက ၁ ယောက်ဖြစ်တဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့က အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီက ဦးကြည်ဝင်းကိုသာ ရုံးတော်က လက်ခံစစ်မေးပြီး
အခုနောက်ဆုံး တရားခွင်ကို အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆိုရင် တင်သွင်းလာတဲ့ သက်သေတွေကို ကြားနာပြီးဖြစ်တာမို့ ရှေ့တပတ်ကျရင်
နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းရတော့မှာ ဖြစ်တဲ့
အတွက် မကြာခင် တရားခွင် ကြားနာစစ်ဆေးမှုတွေ အဆုံးသတ်တော့မယ်လို့လည်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ရှေ့နေ ဦးကြည်ဝင်းက
ပြောပါတယ်။

“ပြောရရင်တော့ ဒီနေ့ ရှေ့နေ လပွတ္တာက ဦးကြည်ဝင်းကို စစ်လိုက်တယ်။ ဒီနေ့က ဒါပဲ။
ပြီးတဲ့အခါကြတော့ ဒို့က သက်သေ ၄ ယောက်တင်တားကိုး၊ ၄ ယောက်တင်တာကို
သူတို့က ၁ ယောက်ပဲ လက်ခံတယ်၊ ၃ ယောက်ကိုတော့ သူတို့က မစစ်ဘူးဆိုပြီး
ငြင်းတယ်၊ ရုံးက။ အဲဒီဟာကိုလည်း အခု အင်းစိန်သွားပြီး ကော်ပီကူးပြီးတော့ အရေး
ဆိုမယ်၊ ဒီအတိုင်းချည်း ငြိမ်တော့ မခံဘူး။ အချိန်မီရင်လည်း မီသလို အရေးဆိုမယ်။
ဒါပဲ။ ရုံးချိန်းက တနင်္လာနေ့ကို အပြီးသတ်လျှောက်လဲချက်၊ အဲဒီ တနင်္လာ လျှောက်လဲ
ချက်ပြီးရင် နှစ်ရက် သုံးရက်ပေါ့၊ အလွန်ဆုံးကြာရင် တပတ်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးကြည်ဝင်း
ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလို ထောင်တွင်း အထူးတရားခွင်မှာ စစ်ဆေးနေချိန် ထောင်အနီးပတ်ဝန်းကျင်မှာ
လုံခြုံရေး အတားအဆီးတွေကြားက ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံ
ကြောင်း ပြသဖို့ ရောက်လာသူတွေကလည်း အများအပြား ရှိနေကြဆဲပါ။ ဒီအထဲက
အနည်းဆုံး တဦးဟာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အားပေးရင်း
တကိုယ်တော်ဆန္ဒပြရာက အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ အင်းစိန်
ထောင်အနီးအနားကို နေ့စဉ်ဆိုသလို သွားနေတဲ့ အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူး
ဦးဝင်းတင်က ပြောပါတယ်။

“ကျနော်ရောက်သွားတဲ့အခါကြတော့ ခါတိုင်းလိုပဲ လူ ၂,၀၀၀ ပတ်ဝန်းကျင်လောက်
လာကြတယ်။ ဟိုနေရာတကွဲ၊ ဒီနေရာ တကွဲပေါ့။ ဟိုသစ်ပင်ရိပ်၊ ဒီသစ်ပင်ရိပ် အဲလိုပဲ
ထိုင်ပြီးနေကြတယ်။ ခါတိုင်းလိုပဲ မုန့်တွေပေးတဲ့လူတွေက ပေးပေါ့လေ။ စားစရာ
ချိုချဉ်ထုပ် ပေးတဲ့လူကပေး၊ မြေပဲပေးတဲ့လူကပေး၊ သောက်ရေသန့်ပေးတဲ့လူကပေး။

“အဲဒီကနေ တနာရီခွဲလောက် ရောက်တဲ့အခါကြတော့ လူတယောက်က အောင်သုခ
လမ်းဆိုတာ၊ ကျနော်တို့ထိုင်နေတဲ့နေရာရဲ့ ဘေးကလမ်း၊ လမ်းသွယ်လေးပေါ့၊ အဲဒီ
လမ်းသွယ်လေးနဲ့ အင်းစိန်လမ်းမကြီးကို ဆက်တာပေါ့၊ အဲဒီလမ်းသွယ်က ထွက်လာပြီး
အင်းစိန်လမ်းမကြီးပေါ် ရောက်တဲ့အခါ အနောက်ဘက်ကို မျက်နှာလှည့်လိုက်တယ်၊
ပေါက်တောဝပေါ့၊ ထောင်ဘူးဝဘက်ကို မျက်နှာလှည့်လိုက်ပြီး လိပ်လာတဲ့ အ၀တ်တခု
ကို ဆွဲဖြန့်လိုက်တဲ့အခါကြတော့ အ၀တ်လိပ်ထဲမှာ ဘာပါလဲဆိုတော့ အမေစုကို
ကာကွယ်သင့်ပြီဆိုတဲ့ စာရေးထားတယ်။ အဲဒီလူရဲ့နာမည်က ဦးဇော်ညွန့်တဲ့။

“အဲဒီဆန္ဒပြပွဲ ၀ုန်းဝုန်း ၀ုန်းဝုန်း ဖြစ်သွားတဲ့အခါ လူ နှစ်ယောက်သုံးယောက်လောက်က၊
ကျနော်တို့အထဲတွေမှာနေတဲ့ အရပ်ဝတ်အရပ်စားနဲ့နေတဲ့ ရဲအရာရှိတွေ ဘာတွေ
ဖြစ်မှာပေါ့ဗျာ၊ ရဲသားတွေက ဒီလူ့ကို ဖမ်းဆွဲလိုက်တဲ့အခါ ဒီလူက ရုန်းကန်နေတယ်။
ကောင်းကောင်းမွန်မွန်ပါပဲ လက်မောင်းကို ဖမ်းဆွဲလိုက်ပြီးတော့ သူ့လက်ထဲမှာရှိတဲ့
ဆန္ဒပြတဲ့စာရွက်ကို သိမ်းလိုက်တယ်။ သူ့ကို ၀ိုင်းဆွဲကြတယ်။ ဆွဲလာပြီးတော့
ကျနော်တို့နဲ့ မျက်နှာချင်းဆိုင် ဈေးအပေါ်ထပ်မှာ ရုံးခန်းရှိတယ်ပြောတယ်၊ အဲဒီ
အပေါ်ထပ်ကို ဆွဲတင်သွားတယ်လို့ ကြားတယ်။ ဒါပဲ။”

အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

ကြားနာစစ်ဆေးမှုတွေကို ထောင်တွင်းအထူးတရားခွင်မှာ ဆက်တိုက်ဆိုသလို
လုပ်လာတဲ့နေရာမှာ ဒီတပတ်ထဲမှာတော့ စွပ်စွဲခံထားရသူတွေဖြစ်တဲ့ ဒေါ်အောင်ဆန်း
စုကြည်၊ သူနဲ့အတူ အဖော်အဖြစ် နေထိုင်ကြသူ ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မ၀င်းမမနဲ့
နောက် နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်
နိုင်ငံသား ဂျွန် ၀ီလျမ် ယက်ထော (John William Yettaw) တို့က ရုံးတော်မှာ ထွက်ဆို
ခဲ့တာပါ။ ဒီလို ကြားနာစစ်ဆေးတာတွေ လုပ်နေတာ၊ စွပ်စွဲခံရသူတွေဘက်က ရှေ့နေ
ရှေ့ရပ်တွေနဲ့ ဥပဒေကြောင်းအရ ခုခံချေပနေတာတွေ ရှိပေမယ့်လည်း တရားခွင်ရဲ့
ဆောင်ရွက်ချက်တွေမှာ မျှမျှတတ စီရင်ဆုံးဖြတ်မယ့် အရိပ်အယောင်မျိုးတော့
မတွေ့ရဘူးလို့ ဥပဒေအကျိုးဆောင်တွေက ပြောကြပါတယ်။

အင်္ဂါနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ အပြစ်မရှိကြောင်း
ခုခံချေပတဲ့ နေရာမှာဆိုရင်လည်း သူ့နေအိမ်ခြံဝင်းထဲကို ကျုးကျော်ဝင်ရောက်ခဲ့သူနဲ့
ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်မရှိကြောင်း
ပြောခဲ့တာပါ။ ဒီလို မဖိတ်ခေါ်ဘဲ ရောက်လာသူတဦးအတွက် ထိန်းသိမ်းခံနေရသူမှာ
အပြစ်မရှိသလို၊ လုံခြုံရေးတာဝန် ယူထားသူတွေရဲ့ ပျက်ကွက်မှုအတွက်ကိုလည်း
အာဏာပိုင်တွေက အရေးတယူလုပ်တာမျိုး မရှိတာဟာ ဘက်လိုက်ရာရောက်နေတယ်
ဆိုပြီးတော့လည်း ရုံးတော်ကို စာရေးပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်။

more.gif

ဒေါ်စုကိုလွှတ်ဖို့ ဖိအားပေးတာတွေ မြန်မာစစ်အစိုးရ ပယ်ချ

28 May 2009

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုနေတဲ့ကိစ္စဟာ နိုင်ငံရေးကိစ္စ မဟုတ်ဘူး
လို့ မြန်မာစစ်အစိုးရက ချေပပြောဆိုလိုက်ပြီး မြန်မာနိုင်ငံအနေနဲ့ ပြင်ပဖိအားတွေကို
လက်ခံမှာမဟုတ်တဲ့အကြောင်းလည်း ပြောလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ၊
ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့
ဥရောပ ၂၇ နိုင်ငံတို့ရဲ့ ၁၇ ကြိမ်မြောက် ၀န်ကြီးအဆင့် အစည်းအဝေးမှာ အဲဒီလို
ပြောခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။


ထိုင်းနိုင်ငံခြားရေးဝန်ကြီး
ကဆစ်ပီရွမ်း(လယ်) နှင့် မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်(ယာ) တို့အား ဖနွမ်းပင်အစည်းအဝေးတွင် တွေ့ရစဉ်။ မေ ၂၈၊ ၂၀၀၉။
ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆို
ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့
ဖိအားနဲ့ ၀င်ရောက်စွက်ဖက်မှုတွေကို လက်ခံ
မှာမဟုတ်ဘူးလို့ မြန်မာ ဒုတိယနိုင်ငံခြားရေး
ဝန်ကြီး ဦးမောင်မြင့်က ဖနွမ်းပင်အစည်းအဝေး
မှာ ဒီကနေ့ ပြောသွားတာပါ။

“ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာ ဂျွန်
ယက်ထော၊ ဒေါ်စုနဲ့အတူနေ အမျိုးသမီးနှစ်ဦး
တို့အပေါ် တရားစွဲဆိုနေတဲ့ကိစ္စဟာ ပြည်တွင်း
ဥပဒေရေးရာ ကိစ္စရပ်ဖြစ်ကြောင်း၊ ဒါဟာ
နိုင်ငံရေးကိစ္စ၊ လူ့အခွင့်အရေးကိစ္စ မဟုတ်
ကြောင်း၊ ဒါ့ကြောင့် ပြည်ပကဖိအားတွေနဲ့
ဝင်ရောက်စွက်ဖက်တာတွေကို မိမိတို့
လက်ခံမှာမဟုတ်ကြောင်း၊ ပြည်ပနိုင်ငံတွေ၊
အထူးသဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ
တွေက မြန်မာ့အရေးအပေါ် ပိုပြီးနားလည်မှုရှိလာမယ်လို့ မိမိမျှော်လင့်ပါကြောင်း”
မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။

ဒါပေမယ့်လည်း အိမ်ထဲကို လူတယောက် ရေကူးဝင်လာနိုင်လောက်တဲ့ထိ လုံခြုံရေး
ပေါ့လျော့တဲ့ တာဝန်ရှိသူတွေကို အရေးမယူဘဲ အိမ်ထဲမှာ အကျယ်ချုပ်ကျနေသူကို
လူဝင်လာတာ လက်ခံလို့ဆိုပြီး အရေးယူတာဟာ နိုင်ငံရေးပါလို့သာဖြစ်တယ်လို့
ဥရောပ-မြန်မာရုံးရဲ့ ညွှန်ကြားရေးမှူး ဦးဟန်ယောင်ဝေက တုံ့ပြန်ပြောဆိုပါတယ်။

“ဒီအမေရိကန်ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ၀င်သွားနိုင်တဲ့နေရာမှာ ဒါ
ဒေါ်အောင်ဆန်းစုကြည်ရဲ့တာဝန် မဟုတ်ဘူး။ တကယ်ကတော့ နအဖက
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စောင့်ရှောက် လုပ်ပေးနေတဲ့ တာဝန်ခံဖြစ်ပါ
တယ်။ ဆိုတော့ ဒီပုဂ္ဂိုလ် အထဲရောက်သွားနိုင်တယ်ဆိုတာ အပြစ်က ဒေါ်စုဆီမှာမဟုတ်
ဘူး၊ အပြစ်က နအဖဆီမှာ။ ဒါပေမယ့် သူက သူ့အပြစ်ကို ဖုံးထားပြီး ဒီဟာက ဒေါ်စု
အပြစ်ဖြစ်ပါတယ်ဆိုပြီး တရားရုံးကို တင်ပါတယ်။ ဒီဟာက တကယ်မြင်နိုင်ရင် ဒါ
နိုင်ငံရေးနဲ့ ဆိုင်တယ်ဆိုတာ ရှင်းပါတယ်။ နိုင်ငံရေးမဟုတ်ဘူးဆိုရင် တကယ်က သူတို့
အရေးယူရမှာ သူတို့အရာရှိတွေကို အရေးယူရမှာ။ ဒေါ်အောင်ဆန်းစုကြည်ကို အရေး
ယူရမှာ မဟုတ်ဘူးဆိုတာ ကျနော်ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ
ကျင်းပခဲ့တဲ့ ၉ ကြိမ်မြောက် အာရှ-ဥရောပ ၄၅ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့
အစည်းအဝေးကနေ တောင်းဆိုထားတဲ့ ကြေညာချက်တစောင် ထွက်ခဲ့ပြီးတဲ့နောက်
မြန်မာစစ်အစိုးရရဲ့ အခုတုံ့ပြန်ချက်ဟာ အပြင်းထန်ဆုံး တုံ့ပြန်ချက်လို့ ဆိုရမှာပါ။ အခု
ဖနွမ်းပင် အစည်းအဝေးမှာလည်း အာဆီယံနဲ့ အီးယူအကြား ဆက်ဆံရေးတိုးတက်စေ
ဖို့ ဆွေးနွေးကြမှာဖြစ်ပေမယ့် မြန်မာ့အရေးကလည်း လွှမ်းမိုးနေမှာ သေချာပါတယ်။

အာဆီယံဥက္ကဋ္ဌအနေနဲ့ ထိုင်းနိုင်ငံက ထုတ်ပြန်တဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်ကို
မြန်မာစစ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း
ထိုင်းနဲ့မြန်မာတို့ အပြန်အလှန် ပြောဆိုသံတွေ ကြားခဲ့ရပါသေးတယ်။

ဟနွိုင်းမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အာဆီယံဝန်ကြီးတွေရဲ့ အလွတ်ဆွေးနွေးပွဲမှာလည်း
ဒီတရားစွဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို တခြားအာဆီယံဝန်ကြီးတွေက
ရင်ဆိုင်ပြောဆိုခဲ့ကြတယ်လို့ အေအက်ဖ်ပီသတင်းမှာပဲ ဖော်ပြထားပါတယ်။ အဲဒီ
အစည်းအဝေးအပြီးမှာ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan)
က ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အာဆီယံ
အဖွဲ့ရဲ့ ရုပ်ပုံလွှာနဲ့ တခုလုံးအကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုတာကို အဓိက ဆွေးနွေး
ခဲ့ကြတယ်လို့ ပြောခဲ့ပါသေးတယ်။

အာဆီယံအဖွဲ့ဟာ အခုတကြိမ်မှာတော့ အရင့်အရင် မြန်မာနိုင်ငံကိစ္စတွေနဲ့ မတူဘဲ
အတော်လေးကို ဝေဖန်ပြောဆိုလာတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုတို့က
တောင်းဆိုသလို အာဆီယံအဖွဲ့ကလည်း တောင်းဆိုခဲ့ပါတယ်။

အခုလို တရားစွဲတဲ့ကိစ္စကြောင့် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှုနဲ့ ဖိအား
ပေးပြောဆိုတာတွေဟာ အရင့်အရင်ကာလတွေနဲ့မတူဘဲ ထူးထူးခြားခြား ပြင်းထန်မှု
ရှိတယ်ဆိုတာကို ဦးဟန်ယောင်ဝေက သဘောတူပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရ
ဘက်ကတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ စိုးရိမ်မှုတွေကို အလေးထားစဉ်းစားမယ့်ပုံ၊
တောင်းဆိုချက်တွေကို လိုက်လျောပေးမယ့်ပုံ အခုချိန်ထိ မတွေ့ရသေးပါဘူး။ ဒီတော့
နိုင်ငံတကာကနေ ဖိအားပေးပြောဆိုနေတာတွေကို ဘယ်လောက်များ ထိရောက်
လာမှာပါလဲ၊ ဦးဟန်ယောင်ဝေက အခုလို သုံးသပ်ပါတယ်။

“တိုက်ရိုက် ဘာမှမထူးခြားလာဘူး ဆိုပေမယ့် နအဖလုပ်ချင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ
ကို ထိခိုက်မယ်။ ဒါ သေချာပါတယ်။ ဘာကြောင့်လဲဆိုရင် နအဖက ရွေးကောက်ပွဲ
လုပ်ပြီးရင် လူတိုင်းက သူ့ကိုလက်ခံသွားမယ်၊ တရားဝင်ဖြစ်သွားမယ်။ ဒေါ်စု
ရုံးတင်တဲ့ကိစ္စကြောင့် အဲဒါ မဖြစ်လာနိုင်တော့ဘူး။ ကျနော် အဲလိုပဲ မြင်ပါတယ်။”

ဥရောပ-မြန်မာရုံးရဲ့ ညွှန်ကြားရေးမှူး ဦးဟန်ယောင်ဝေ ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပေါ်ကို အခုလို အရေးယူဆောင်ရွက်နေတာဟာ နိုင်ငံရေးအရ
အကျိုးသက်ရောက်မှု တစုံတရာ ဖြစ်ပေါ်လာနိုင်ဖွယ် မရှိတဲ့အတွက် ဆက်ပြီးတော့
လုပ်ဆောင်သွားမယ့်အကြောင်း ဒီကနေ့မှာပဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက
သတင်းထုတ်ပြန်တာကို အစိုးရအာဘော် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မေလ ၂၂ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေး ထုတ်ပြန်
ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

more.gif

Wednesday, 27 May 2009

ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့ တရားရုံး ထွက်ဆိုချက်

ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 18:25 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်နှင့် တရားလိုပြသက်သေ တဦးဖြစ်သူ သတင်းတပ်ဖွဲ့မှ အမှုစစ် ဒုတိယ ရဲမှူးသန်းစိုးအား တရားရုံးက မေးမြန်းခဲ့ရာ မေးမြန်းချက်များနှင့် ထွက်ဆိုချက်များကို ယနေ့ထုတ် မြန်မာစစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားရာ မဇ္ဈိမက ပြန်လည် တင်ပြလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ (ခ) အငယ်လေးတို့သည် အတူတကွ နေထိုင်ပါသလား။

အတူတကွ နေထိုင်ပါသည်။ ကျမအိမ်တွင် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်တို့ကို ကန့်သတ်မိန့်၊ တားဆီးမိန့်နှင့် ဆက်လက် တားဆီးမိန့်များကို ထုတ်ပြန်ထားပါသလား။

ကျမကိုတော့ ထုတ်ပြန်ထားပါသည်။

အမေရိကန်နိုင်ငံသား Mr. John William Yettaw သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ရောက်ရှိလာပါသေးသလား။

ရောက်ရှိလာသည်ဟုတော့ ပြောပါသည်။ ကျမတော့ မမြင်ခဲ့ပါ။

သူသည် မေလ ၃ ရက် ညအချိန်တွင် အင်းလျားကန်အတွင်း ရေကူးပြီး ဒေါ်စု၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်ခဲ့ပါသလား။

ကျမ နားလည်သလောက်မှာ မေ ၄ ရက် နံနက်တွင်မှ ရောက်ရှိလာပါသည်။

မည်သူ သတင်းပို့ပါသလဲ။

ဒေါ်ခင်ခင်ဝင်းက လူတယောက် ရောက်နေသည်ဟု ကျမထံ သတင်းပို့ခြင်း ဖြစ်ပါသည်။

ထိုသူမှာ မည်သူဖြစ်ပါသလဲ။

ထိုအချိန်ကတော့ ကျမ မသိပါ။ နောက်ကျမှပဲ သိပါသည်။

ထိုသူမှာ အမေရိကန် နိုင်ငံသား Mr. John William Yettaw ဟုတ်ပါသလား။

ဟုတ်ပါသည်။

Mr. Yettaw ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ရောက်ရှိချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ သတင်းပို့ခဲ့ပါသေးသလား။

သတင်းမပို့ခဲ့ပါ။

ဒေါ်စုတို့အနေဖြင့် နေအိမ်တွင် သူ့ကို ဧည့်ခံ ကျွေးမွေး နေထိုင်စရာ ပေးခဲ့တယ်ဆိုတာ ဟုတ်ပါသလား။

ကျမက ခေတ္တခိုလှုံခွင့် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။

Mr. Yettaw ကို အိမ်အတွင်းတွင် ကျွေးမွေးခြင်း၊ လက်ခံ စကားပြောခြင်း၊ ပေးသည့် စာနှင့် လက်ဆောင်ပစ္စည်းများကို လက်ခံရယူခဲ့ပါသလား။

Mr. Yettaw နှင့် စကားပြောခဲ့ပါသည်။ စာနှင့် ပစ္စည်းများသည် Mr . Yettaw ကျန်ရစ်ခဲ့တာလား၊ ထားခဲ့တာလားဆိုသည်ကို ကျမ မသိပါ။ အဲဒီကိစ္စကိုတော့ Mr . Yettaw သာ သိမည် ဖြစ်ပါသည်။

Mr. Yettaw သည် မည်သည့်နေ့၊ မည်သည့်အချိန်တွင် ပြန်လည်ထွက်ခွာသွားပါသလဲ။

သူသည် မေ ၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်နှင့် ၁၂ နာရီ အကြား ပြန်လည်ထွက်ခွာသွားပါသည်။

Mr. Yettaw သည် မည်သည့် လမ်းမှ ပြန်လည်ထွက်ခွာသွားပါသလဲ။

Mr. Yettaw သည် ရေကန်ဘက်သို့ သွားသည်ကိုသာ သိပါသည်။ မှောင်နေ၍ မည်သည့်လမ်းက သွားသည်ကိုတော့ ကျမ မသိပါ။

ဒေါ်စု အိမ်သို့ Mr. Yettaw ကျန်ရစ်ခဲ့သော ပစ္စည်းများကို ဒုတိယရဲမှူး တင်ဇော်ထွန်းတို့က လာရောက်သိမ်းဆည်းပါသေးသလား။

Mr. Yettaw ကျန်ရစ်ခဲ့သော ပစ္စည်းများကို ဒုတိယရဲမှူး တင်ဇော်ထွန်းတို့က လာရောက်သိမ်းဆည်းသွားခြင်း မှန်ကန်ပါသည်။

Mr. Yettaw သည် ဒေါ်စု အိမ်သို့ ရောက်ရှိချိန်က အိမ်ပတ်ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့များ ရှိပါသလား။

ခြံအတွင်းမှာတော့ မရှိပါ။ ခြံအပြင်မှာ ရှိ/မရှိ မသိပါ။

Mr. Yettaw သည် ဒေါ်စု၏ အိမ်အတွင်း၌ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်သွားပါသေးသလား။

ကျမအိမ်တွင် ရှိစဉ်က ဓာတ်ပုံ၊ ဗီဒီယို ရိုက်ခြင်း ရှိ/မရှိ မသိပါ။

ဒေါ်စုအနေဖြင့် ကန့်သတ်မိန့်၊ တားဆီးမိန့်နှင့် ဆက်လက် တားဆီးမိန့်ပါ အချက်အလက်များကို သိရှိပါသလား။

ရေးသားထားသည့်အတိုင်း သိရှိပါသည်။

ထို့နောက် Mr. Yettaw အပေါ် စွဲဆိုသည့် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၈/၂၀၀၉ မှ စစ်ဆေးရန်ကျန်သော တရားလိုပြသက်သေ သတင်းတပ်ဖွဲ့မှ အမှုစစ် ဒုတိယ ရဲမှူးသန်းစိုးကို ဆက်လက်စစ်ဆေးသည်။

မိမိသည် ဗဟန်းရဲစခန်း (ပ) ၃၀၂ /၀၉ လူဝင်မှု ကြီးကြပ်ရေး (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ (၁) အမှုကို စုံစမ်စစ်ဆေးရန် မေ ၁၁ ရက်တွင် လက်ခံရရှိသည်။ မေ ၁၂ ရက်တွင် တရားလိုပြ သက်သေများကို ဆက်လက်စစ်ဆေးပြီး ဒုတိယ ရဲမှူး မောင်မောင်မြင့်နှင့် ဒုတိယ ရဲမှူးတင်ဇော်ထွန်းတို့ လွှဲပြောင်းပေးသော ရှာဖွေပုံစံများကို လက်ခံခဲ့သည်။ ထို့နေ့တွင်ပင် ၎င်းအမှုနှင့် ဆက်စပ်၍ Mr. Yettaw ၏ လက်ရေးနမူနာ ရယူပြီး ဒေါ်စုအိမ်မှ သိမ်းဆည်းရမိခဲ့သော Mr. Yettaw ၏ လက်ရေးများနှင့် တိုက်ဆိုင်စစ်ဆေးရန် မှုခင်းတပ်ဖွဲ့သို့ ပေးပို့အကြောင်းကြားခဲ့သည်။ ထိုနေ့တွင်ပင် Mr. Yettaw အား စစ်ဆေးခဲ့သည်။

မေ ၁၃ ရက်တွင် သက်သေများကို ဆက်လက်စစ်ဆေးသည်။ ဒုတိယရဲမှူး စကျော်ဝင်း လွှဲပြောင်းပေးသော ရှာဖွေပုံစံနှစ်စောင်ကို အမှုတွင် ထည့်သွင်း တင်ပြခဲ့သည်။ မေ ၁၄ ရက်တွင် Mr. Yettaw အား အမှုဖြင့် ဖမ်းဆီးကာ ဗဟန်းရဲစခန်း စွဲချက်အမှတ် ၂၆၄ /၀၉ လူဝင်မှုကြီးကြပ်ရေး (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကြောင်း ထွက်ဆိုသည်။

အမှုများကို ဆက်လက် စစ်ဆေးကြားနာရန် မေ ၂၇ ရက် နံနက် ၁၀ နာရီသို့ ချိန်းဆိုသည်။
---------------------------------

ဒေါ်စုလွှတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေး အန်အယ်ဒီ အလေးထား တောင်းဆို
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 15:27 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်ပါရန် စစ်အစိုးရကို ထပ်လောင်း တောင်းဆိုလိုက်သည့် ကြေညာချက်တရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်လိုက်သည်။

၁၉ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနား တရပ်ကို ရန်ကန်ုရှိ အတိုက်အခံ ပါတီ၏ ရုံးချုပ်တွင် ယနေ့နေ့လည်က ပြုလုပ်ခဲ့ပြီး စာမျက်နှာ ၂ မျက်နှာပါ ကြေညာချက် ထုတ်ပြန်ရာတွင် အလေးထား တင်ပြထားခြင်း ဖြစ်သည်။
---------------------------------

ကျောက်ပန်းတောင်းမှာလည်း လုံခြုံရေးများ ချထားလာ
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 13:20 - မြန်မာစံတော်ချိန်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့ညမှ စတင်ကာ လုံခြုံရေးများ တိုးမြှင့်ချထားလာသည်။

ရဲများက ဆိုင်ကယ်များဖြင့် တမြို့လုံး လှည့်လည်နေပြီး၊ အရပ်ဝတ်နှင့် ကြံ့ဖွံ့များက ဆုတောင်းပြည့် စေတီကြီးအနီးတွင် စောင့်ကြပ်နေခြင်း ဖြစ်သည်။

ယခုလ ၂၅-၂၆ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲကို အန်အယ်ဒီ မျိုးဆက်သစ်လူငယ်၊ ကျောင်းသားလူငယ်အဖွဲ့နှင့် အရပ်သား လူငယ်များ အမည်ခံထားသည့် လူငယ်အင်အား ၃၀ ခန့်က စေတီတော်ကြီးတွင် ပြုလုပ်ခဲ့ပြီးနောက် အာဏာပိုင်များဘက်က လုံခြုံရေး တိုးမြှင့်လာခြင်းလည်း ဖြစ်သည်။

ထို့အပြင် ယနေ့သည် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ရမည့်နေ့လည်း ဖြစ်သဖြင့် ယခုလို လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတဦးက ပြောသည်။
---------------------------------

ရွေးကောက်ပွဲ အောင်ပွဲနေ့ အန်အယ်ဒီ ရုံးချုပ်မှာ ကျင်းပ၊ လုံခြုံရေးများ လှည့်ပတ်စောင့်ကြပ်
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 13:10 - မြန်မာစံတော်ချိန်

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရုံးချုပ်တွင် ကျင်းပရာ အာဏာပိုင်များက ရုံးအနီးတဝိုက်တွင် အရပ်ဝတ်နှင့် လုံခြုံရေးများ ချထားသလို၊ ရဲကားများဖြင့်လည်း လှည့်ပတ်ကြည့်ရှုနေကြောင်း ကိုယ်တိုင်မြင်တွေ့ရသူ တဦးက မဇ္ဈိမကို ယခုလို ပြောသည်။

''နှစ်ပတ်လည် အခမ်းအနားကို အဖွဲ့ချုပ်မှာ လုပ်တယ်။ ၁၂ နာရီက စလုပ်တာ။ ၁ နာရီခွဲ ၂ နာရီလောက်မှ ပြီးမယ်။ လုံခြုံရေးက ရှိတော့ရှိတယ်။ ဘယ်လောက်ရှိတယ်ဆိုတာ ပြောလို့မရဘူးဗျ။ သူတို့က မာဖီ (အရပ်ဝတ်) နဲ့ဆိုတော့။ ပေါ်တင်တော့ မရှိဘူး။ ကားနဲ့လှည့်တာတော့ ရှိတယ်။ ရဲကားနဲ့ လှည့်တယ်။ မြို့ကို လှည့်ရင်းနဲ့ ရုံးပတ်ပတ်လည် လှည့်တာ။ တခေါက်ခေါက်တွေ့ရင် ၁၀ စီးလောက် တွေ့တယ်။ တခါတလေလည်း ၆ စီးလောက် တွေ့တယ်။

လူ ဘယ်လောက်လာတယ် မပြောတတ်ဘူး။ လူ တော်တော်များတယ်။ နယ်က လူတွေ အများကြီး လာကြတယ်။ တောင်သာ၊ မြင်းခြံ၊ တောင်ငူ၊ ကျောက်ပန်းတောင်းတို့ဆီက အန်အယ်ဒီ အဖွဲ့ဝင်တွေ လာကြတယ်။ ဘယ်လောက်ဆိုတာ ကျနော် မခန့်မှန်းတတ်ဘူးဗျ။ ကျနော်က အပြင်မှာ ရှိနေတာ''။
---------------------------------

အင်းစိန်ထောင်ရှေ့နှင့် ရန်ကုန်မြို့တွင်းမှာ လုံခြုံရေးများ တင်းကျပ်လှည့်ပတ်
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 12:50 - မြန်မာစံတော်ချိန်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စတင်၍ စွဲချက်တင်ပြီးနောက် အင်းစိန်ထောင်တွင်း တရားရုံးက စစ်ဆေးကြားနာမှုများ ပြုလုပ်သည့် တတိယမြောက်နေ့နှင့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် ယနေ့တွင် အင်းစိန်ထောင် ပတ်ဝန်းကျင်နှင့် ရန်ကုန်မြို့တွင်း၌ လက်နက်ကိုင် လုံခြုံရေးများ တိုးမြှင့်ချထားလာကြောင်း သိရသည်။

အခြေအနေကို လေ့လာနေသူတဦးက မဇ္ဈိမကို ပြောပြထားသည်။

''ဒီနေ့တော့ လုံခြုံရေး အရင်နေ့တွေကထက် ပိုတင်းကျပ်တယ်။ သူတို့ (အာဏာပိုင်များ) ဘာကြားလို့လဲတော့ ကျနော် မပြောတတ်ဘူး။

ကျနော် သိရသလောက်က အင်းစိန်ဈေးရှေ့မှာ လုံထိန်းကား ၈ စီး မနက်ကတည်းက ချထားတယ်။ လက်နက် အပြည့်အစုံနဲ့ပေါ့။ အင်းစိန်ထောင်နဲ့ ဈေးနဲ့က ဆက်နေတယ်။ ပြီးတော့လည်း ရန်ကုန်တမြို့လုံးကို လုံထိန်းကားတွေနဲ့ ပတ်နေတယ်။ တချို့ တွေ့တဲ့သူတွေ ပြောတာက ၇ မိုင်ဘက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွေဘက်မှာ ၄-၅ စီး ပတ်နေတယ်လို့ ပြောကြတယ်။

ကြံ့ဖွံ့တွေနဲ့ စွမ်းအားရှင်တွေကတော့ လာကြည့်တဲ့ ပရိသတ်တွေထဲမှာ ရောနေတာပေါ့ဗျာ။ ဆိုက်ကားသမား ပုံစံတွေလို လုပ်ပြီးတော့ ရောနေကြတာ။

မိုးက အုံ့တယ်။ လူသွားလူလာ တော်တော်ရှင်းတယ်''။
---------------------------------

ဒီချုပ်ရုံးရှေ့ ကားပေါ်မှ စာရွက်ကြဲ
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 12:25 - မြန်မာစံတော်ချိန်

နယ်စပ်မှ ဖောက်ခွဲရေးသမားများ ဝင်ရောက်လာပြီဟု ရေးသားထားသော စာရွက်များကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် ကားပေါ်မှ ကြဲချမှု ယနေ့နေ့လည် ၁၁ နာရီခွဲက ဖြစ်ပွားခဲ့သည်။

အရှိန်ပြင်းစွာ မောင်းနှင်လာသော ပါပလေကား အပြာရောင်တစီးပေါ်မှ A4 အရွယ်အစား စာရွက် ၁၅ ရွက်ခန့် ကြဲချသွားရာ စာရွက်ပေါ်တွင် ခွပ်ဒေါင်းတံဆိပ်နှင့် အန်အယ်ဒီ စာတန်းပါကာ ကွန်ပြူတာဖြင့် စာစီထားခြင်းဖြစ်သည်။

အန်အယ်ဒီပါတီက လုပ်ဆောင်ဟန်ဖြင့် လုပ်ကြံ ဖန်တီးထားခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ တဦးဖြစ်သော အန်အယ်ဒီရုံးချုပ်သို့ ရောက်ရှိနေသူ ပါတီဝင်တဦးက ပြောသည်။
---------------------------------

more.gif

Tuesday, 26 May 2009

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ဖို့ သမ္မတအိုဘားမား တောင်းဆို

27 May 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း
ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က
တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထိန်းသိမ်း
ထားတဲ့အတွက် မြန်မာစစ်အစိုးရကို မစ္စတာအိုဘားမားက ရှုတ်ချတဲ့အကြောင်း
အင်္ဂါနေ့ကထုတ်ပြန်တဲ့ အိမ်ဖြူတော် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ကန့်သတ်မိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်
အပေါ် စွဲချက်တင် ရုံးတင်စစ်ဆေးမှုတွေဟာ အခြေအမြစ်မရှိဘူးလို့လည်း မစ္စတာ
အိုဘားမားက ပြောပါတယ်။

ဒီလအစောပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ်
ဝင်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျမ် ယက်ထော (John William Yettaw)
ကို နေအိမ်မှာ လက်ခံခွင့်ပြုပြီး တားမြစ်ထားတဲ့ ကန့်သတ်မိန့်ကို ချိုးဖောက်တယ်ဆိုပြီး
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က အထူးတရားခွင် စစ်ဆေးမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ
အပြစ်မရှိကြောင်း ချေပခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလ ၄ ရက်နေ့ မနက်အစောပိုင်းမှာ
ဂျွန် ၀ီလျမ် ယက်ထောဟာ အင်းလျားကန်ကိုဖြတ်ကူးပြီး သူ့အိမ်ဝင်းအတွင်း ရောက်ရှိ
လာတဲ့အကြောင်းနဲ့ နောက်တနေ့ မိုးမလင်းခင်အချိန်အထိ မစ္စတာယက်ထောကို
သူ့အိမ်မှာ နေထိုင်ခွင့်ပေးခဲ့ပြီး အဲဒီလိုရောက်လာတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ
ကို အကြောင်းမကြားခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တရားခွင်မှာ ထွက်ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာထွက်ဆိုတဲ့ အင်္ဂါနေ့မှာ မြန်မာစစ်အစိုးရ
အာဏာပိုင်တွေဘက်က ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ စာနယ်ဇင်းသမားတချို့ကို
ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့သလို တရားခွင်ကိုလည်း ၀င်ရောက်
လေ့လာခွင့် ပေးခဲ့ပါတယ်။

more.gif

မြောက်ကိုရီးယား ဒုံးကျည် ၂စင်း ထပ်ပစ်လွှတ်

တာတိုပစ်ဒုံးကျည် ၂စင်းကို မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့
တောင်ကိုရီးယား သတင်းဌာနက ပြောပါတယ်။ နျူကလီးယားဗုံးကို တနင်္လာနေ့မှာ
စမ်းသပ်ခဲ့တဲ့အတွက် နိုင်ငံတကာက ရှုတ်ချတာတွေ တိုးများနေတဲ့အချိန်မှာ အခုလို
မြောက်ကိုရီးယားက ဆက်လက်စမ်းသပ်လိုက်တာပါ။

မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းကနေ ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့
အမည်မဖော်လိုသူ အစိုးရသတင်းရပ်ကွက်ကို ကိုးကားပြီး တောင်ကိုးရီးယားသတင်း
ဌာန ယွန်ဟပ်ပ်က အင်္ဂါနေ့မှာ သတင်းရေးသားခဲ့ပါတယ်။

မြေအောက်မှာ နျူကလီးယားဗုံးကို စမ်းသပ်ဖောက်ခွဲပြီး မကြာမီလေးမှာပဲ
မြောက်ကိုရီးယားက တနင်္လာနေ့မှာ ဒုံးကျည် ၃စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။
တနင်္လာနေ့ နှောင်းပိုင်းမှာပဲ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ပါဝင်တဲ့ လုံခြုံရေး
ကောင်စီ ၁၅နိုင်ငံ အရေးပေါ်အစည်းအဝေးက အဲဒီလို နျူကလီးယား စမ်းသပ်မှု
အတွက် တညီတညွတ်တည်း ရှုတ်ချလိုက်ကြပါတယ်။

မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ လုံခြုံရေးကောင်စီ
က ပြောပါတယ်။ ဘယ်လောက်အထိ ပြင်းထန်မယ်ဆိုတာကိုတော့ မပြောသေးပါဘူး။
လုံခြုံရေးကောင်စီရဲ့အာဏာကို ထိခိုက်နိုင်စရာရှိလာပြီ ဖြစ်တဲ့အတွက် ပြင်းထန်တဲ့
ဆုံးဖြတ်ချက်က ရှောင်လွှဲလို့ မရတော့ပါဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန သတင်း
ရပ်ကွက်က ပြောတဲ့အကြောင်း အင်တာဖက်က်စ်သတင်းဌာနက ဆိုပါတယ်။

အစဉ်အလာအရ မြောက်ကိုရီးယားရဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နိုင်ငံနဲ့
ရုရှားနိုင်ငံကလည်း အဲဒီလိုစမ်းသပ်တာကို ဆန့်ကျင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်
ခေါင်းအေးအေးထားပြီး သင့်လျော်တဲ့နည်းနဲ့ တုံ့ပြန်ဖို့ ပတ်သက်တဲ့သူတွေကို တရုတ်
နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

အရင်တုန်းကတော့ မြောက်ကိုရီးယားအပေါ် ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူမှာကို
ဗီတိုအာဏာရှင်တွေဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှားတို့က ပယ်ချခဲ့ကြပါတယ်။

more.gif

ရှမ်းတပ်ဖွဲ့ ခြုံခိုတိုက်၍ အပစ်ရပ်ခေါင်းဆောင်သေဆုံး

မေလ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S တပ်ဖွဲ့က မြန်မာစစ်တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်မှု ကြောင့် ယခင်နှစ်များ အတွင်းက မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသည့် ရှမ်းတပ်မှူးတဦးနှင့် အတူ မြန်မာစစ်အစိုးရတပ်သားများ ကျဆုံးသွားသည်။

သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) ခွဲထွက် လက်နက်ချအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးမိုင်းဇင့်
ယခုလ ၂၄ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တပ်မဟာ ၇၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီး မိန်းစင့်သည် ၎င်း၏ ဌာနချုပ် အခြေစိုက်ရာ နမ့်ဟူးကျေးရွာမှ ခိုလမ်ကျေးရွာ သို့အသွား SSA တောင်ပိုင်း တပ်များ၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံရပြီး ၎င်းအပါအ၀င် တပ်သား ၁၅ ဦး သေဆုံး သွားသည်။

ရှမ်းပြည်တပ်မတော်မှ ချမှတ်ထားသည့် စည်းကမ်းအားချိုးဖောက်၍ စစ်အစိုးရထံ လက်နက် ချခဲ့သည့်အပြင် စစ်အစိုးရနှင့်ပူးပေါင်း၍ ပြည်သူလူထုအား နှိပ်စက်ညှဉ်းပန်းနေသည့်အတွက် ခြုံခိုတိုက်ခိုက်ရခြင်းဖြစ်သည်ဟု SSA တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ယခုလို ပြောသည်။

“ဒီမိန်းစင့် ဆိုတဲ့လူက ကျနော်တို့ကို ကျောခိုင်းပြီး၊ သစ္စာဖောက်သွားပြီး နအဖနဲ့ပူးပေါင်းပြီး တော့ ပြည်သူလူထုတွေကိုလာပြီးတော့ ညှဉ်းဆဲနှိပ်စက်နေတယ်။ နောက်ပြီးတော့ အတင်း အဓမ္မ ကျေးရွာ တွေ ရွှေ့ပြောင်းခိုင်းတယ်။ နောက်ပြီးတော့ အတင်းအဓမ္မ ငွေကြေးတွေ ဆက်ကြေးတွေ တောင်းရမ်း နေတယ်။ နောက်ပြီးတော့ သူတို့လိုနေတဲ့ အင်အားတွေလည်း ဆင့်ခေါ်ပြီးတော့ သူတို့လိုတဲ့အင်အား တွေကိုလည်း ဟိုဖက်ဆီမှာ သုံးနေပါတယ်။”

တပ်မဟာ ၇၅၈ တပ်မဟာမှုး ဗိုလ်မှူးကြီးမိန်းစင့်သည် ၂၀၀၆ ခုနှစ်လည်ပိုင်းက အင်အား တစ်ရာကျော်ဖြင့် မြန်မာစစ်အစိုးရနှင့်ပူးပေါင်းသွားခဲ့သည့် အဖွဲ့ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ အင်အား ၅၀ ခန့်သာကျန်ရှိသည်။

အရှေ့ပိုင်းတိုင်း တိုင်းမှူးမှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ဗိုလ်မှူးကြီးမိန်းစင့်အား တောင်ကြီး သို့ ဆင့်ခေါ်သည့် သတင်းရရှိခဲ့ပြီးနောက် SSA တောင်ပိုင်းက ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏အနီးကပ်လုံခြုံရေးတပ်ဖွဲ့နှင့်အတူ စစ်ထောက်လှမ်းရေး နှစ်ယောက်အပါအ၀င် လိုက်ပါ ပို့ဆောင်သည့် နယ်မြေခံတပ်သားအင်အား စုစုပေါင်း ၁၅ ယောက်အဖွဲ့ပါဝင်သည်ဟု ဗိုလ်မှူးလောဝ်ဆိုင်က ဆက်ပြောသည်။

“အဲဒီတိုက်ပွဲမှာဆိုရင် သူ့နဲ့ အတူပါလာတဲ့ ယာဉ်သုံးစီးရယ်၊ လူအင်အား ၁၅ ယောက် အဲဒီတိုက်ပွဲမှာ အားလုံး ကျဆုံးသွားပါတယ်။ ယာဉ်တန်းတွေလည်း အားလုံးပျက်စီး သွားပါ တယ်။”

တိုက်ပွဲ၌ သိမ်းဆီးရမိသည့် လက်နက်ခဲယမ်း စာရင်းကို စီစစ်နေဆဲဟု ဆိုသည်။

လွန်ခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း ပင်လုံနှင့် လဲချားကားလမ်းပေါ်ရှိ စစ်အစိုးရ စခန်းတစ်ခုအား စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်အစိုးရ တပ်သား ၅ ဦးသေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို သိမ်းဆီး ရမိခဲ့သည်။

သတင်းနှင့်မီဒီယာကွန်ယက် မှကူးယူဖော်ပြသည်။

more.gif

ဒေါ်အောင်ဆန်းစုကြည်အမှု (၇) ရက်မြောက်နေ့ သတင်းများ

ဦးဥာဏ်ဝင်းနှင့် ဆက်သွယ် မေးမြန်းချက်
အင်္ဂါနေ့၊ မေလ 26 2009 18:35 - မြန်မာစံတော်ချိန်

“ပုဒ်မ ၁ဝ(ခ)ကို ရုပ်သိမ်းလိုက်တာ ဟုတ်ပါတယ်။ နေအိမ် အကျယ်ချုပ်ဆိုတာ မရှိတော့ဘူး။ ဘာတွေ သက်ရောက်လာနိုင်မလဲ ပြောလို့ရှိရင် နိုင်ငံတော် ဖျက်ဆီး နှောက်ယှက်ဖျက်ဆီးလိုသူ ဥပဒေအရတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ မရှိတော့ဘူး ပြောလို့ ရသွားတယ်ပေါ့။”

“သူ့ကြေညာချက်အရ သူကိုယ်တိုင်က အကျဉ်းကျနေတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်များနှင့် တရားဥပဒေရဲ့ အကာအကွယ် မရခဲ့ဘူး။ တရားဥပဒေရဲ့ ညှာတာမှုကိုလည်း မရခဲ့ဘူး။ ထောင်ကို နှစ်ရှည် ချခံနေရသူဖြစ်လို့ ဒီလိုအချိန်မှာ သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြားတစုံတဦး ဒုက္ခရောက်အောင် တွန်းပို့တဲ့ အလုပ်ကို နိုင်ငံရေး ယုံကြည်ချက်ကြောင့် မလုပ်နိုင်ပါဘူးလို့ အဲဒီ ကြေငြာချက် ဖော်ပြထားပါတယ်။”
------------------------------

ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်သည်များ
အင်္ဂါနေ့၊ မေလ 26 2009 16:25 - မြန်မာစံတော်ချိန်

ခရမ်းရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် တရားရုံးသို့ ရောက်ရှိလာခဲ့သည်။

တရားရုံးအတွင်း ဝင်ရောက်လာပြီးနောက် သူ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပေးအပ်သော စာတစောင်ကို မျက်မှန်ထုတ်ကာ ဖတ်နေခဲ့သည်။ စာဖတ်အပြီး သံတမန်များကို နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

သံတမန်များ အပါအဝင် ဖိတ်ကြားထားသူများက ဒေါ်အောင်ဆန်းစုကြည် ဝင်လာချိန်မှသည် ထိုင်သွားသည်အထိ မတ်တပ်ရပ် ဂုဏ်ပြုခဲ့ကြသည်။

တရားရုံးအတွင်း ရှိနေသော လုံခြုံရေးများက “ထိုင်ကြပါ ထိုင်ကြပါ” ဟု တိုက်တွန်းခဲ့ကြသည်။

ထို့နောက် တရားခွင်ကို မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် စတင်ခဲ့သည်။
------------------------------

ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက် အကျဉ်း
အင်္ဂါနေ့၊ မေလ 26 2009 16:00 - မြန်မာစံတော်ချိန်

ယနေ့ မွန်းလွဲတွင် ပြုလုပ်သော တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ထွက်ဆိုခဲ့ပုံကို အကျဉ်းချုပ် ပြန်လည် တင်ပြလိုက်ရပါသည်။

သူနှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့ အတူနေထိုင်ကြောင်းနှင့် သူ့အပေါ်ကို ကန့်သတ်မိန့် ထုတ်ပြန်ထားကြောင်း အစချီကာ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရောက်ရှိလာခြင်းကို မည်သို့မည်ပုံ သိရှိရကြောင်းနှင့် ခေတ္တခိုလှုံခွင့် ပေးခဲ့ကြောင်း၊ လက်ခံ စကားပြောခဲ့ကြောင်း ထွက်ဆိုသွားသည်။

မစ္စတာယက်တော ကျန်ခဲ့သည်ဆိုသော ပစ္စည်းများနှင့် ပတ်သက်၍ တမင်ချန်ရစ်ခဲ့သည်လား၊ ကျန်ရစ်ခဲ့ခြင်းလား မသိကြောင်း၊ မေလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်နှင့် ၁၂ နာရီအကြား မစ္စတာယက်တော ပြန်ထွက်သွားသည် ထင်ကြောင်းလည်း ဆက်လက် ပြောကြားသွားသည်။

ရေကန်ဘက် ထွက်သွားသည်ကို တွေ့မြင်ကြောင်းနှင့် မှောင်နေသည့်အတွက် မည်သည့်ဘက်ကို ထွက်သွားသည်ကို မသိဟု ထွက်ဆိုခဲ့သည်။

ထို့နောက် မစ္စတာယက်တော ရောက်လာချိန်ကော ပြန်သွားချိန်မှာပါ နေအိမ်ခြံဝင်းအတွင်း လုံခြုံရေးများ ရှိမနေကြောင်းနှင့် မစ္စတာ ယက်တော အနေဖြင့် ဓာတ်ပုံ ရိုက်ကူးသွားခြင်းကို မသိရှိကြောင်း၊ ရုံးတော်ရောက်မှသာ သိရှိကြောင်း ထွက်ဆိုသွားခဲ့သည်။
------------------------------

ယနေ့ တရားခွင် ပြီးဆုံး
အင်္ဂါနေ့၊ မေလ 26 2009 14:55 - မြန်မာစံတော်ချိန်

မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ သံတမန်များနှင့် သတင်းထောက်များ အင်းစိန် အကျဉ်းထောင်ထဲမှ ပြန်လည် ထွက်လာကြပြီ ဖြစ်သည်။
------------------------------

ဦးဝင်းတင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်) နှင့် ဆက်သွယ် မေးမြန်းချက်
အင်္ဂါနေ့၊ မေလ 26 2009 13:45 - မြန်မာစံတော်ချိန်

“ကျနော့်အထင်ကတော့ ဒေါ်စုက ဒီနေ့ ကိုယ်တိုင်စစ်ခံမှာလေ။ ကိုယ်တိုင်စစ်ဆိုတဲ့ သဘောက ဒီလိုဗျာ၊ သက်သေနဲ့ အစစ်ခံမယ်ဆိုရင် Cross Questions ဟိုမေး ဒီမေးလုပ်မယ်ကွာ။ တရားသူကြီးက အစစ်ခံချက်တွေကို အကိုးအကား ပြုတယ်ပေါ့ကွာ။ ကိုင်တိုင်စစ်ဆိုတဲ့ ကိုယ့်ဆန္ဒအတိုင်း ထင်မြင်သမျှ ပြောတာက ကိုယ်တိုင်စစ် ခေါ်တယ်။ အဲဒီ ကိုယ်တိုင်စစ်က Cross Questions မမေးတော့ဘူး။ သို့သော် တရားသူကြီးက တရားစီရင်တဲ့အခါမှာ အဲဒါကို ထည့်မစဉ်းစားဘူး။ မှတ်တမ်းထဲမှာ ထည့်တာပဲ ရှိတယ်”

“အဲဒီတော့ ကျနော်တို့က ဒေါ်စုကို ကိုယ်တိုင်စစ် လုပ်မယ်။ သက်သေစစ် အစစ်မခံတော့ဘူး။ တရားသူကြီးက ထည့်စဉ်းစားတာတော့ သိပ်မစဉ်းစားတော့ဘူး။ သူတို့က ထောင်ချမှာပဲ။ အဲဒါကြောင့် ကျနော်ထင်တယ်၊ သံတမန်နဲ့ သတင်းထောက်တွေကို ခေါ်ပြတာက ဒေါ်စုက ဘာမှ ပြောခွင့်ဆိုခွင့် မရှိတာ မဟုတ်ဘူး၊ ရေငုံနုတ်ပိတ် နေရတာ မဟုတ်ဘူး၊ ပြောဆိုနေတာ မြင်တယ်မဟုတ်လားဆိုတဲ့ သဘောမျိုးပဲ။ သံတမန်တွေက အရင်တပတ်ကလည်း ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ်နဲ့ သန်စွမ်းနေတယ်။ သူတို့ ပြောချင်တာကို ကမ္ဘာကို ပြောနေတယ်။ ဒေါ်စုက မကျန်းမာဘူး ပြောနေချိန်မှာ ဒီလိုမကျန်းမာတဲ့ လူတယောက်ကို ဒီလို အပြစ်စွဲတင်နေတာဟာ မသင့်တော်ဘူး ပြောနေတဲ့တချိန်မှာ ဟောဒီမှာကြည့် ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ် ရှိနေတယ်ဆိုတာ တခုထဲ သက်သက်ပဲ။ ဒီနေ့ သတင်းထောက်တွေ သံတမန်တွေ ဝင်ခွင့်ပြုတာ၊ ဒါပဲ။”
------------------------------

တရားရုံးတွင်းသို့ ဝင်ရောက်
အင်္ဂါနေ့၊ မေလ 26 2009 13:20 - မြန်မာစံတော်ချိန်

သံတမန်များနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူး တရားရုံး အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။

သက်သေစာရင်း တင်ထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်မှာ ယနေ့တွင် တရားရုံးသို့ ဝင်ရောက်ခွင့် မရသေးပါ။

“သူတို့ တရားရုံးကနေ သမ္မာန်စာပို့မှ မနက်ဖြန်မှ ထွက်ဆိုရမယ်။ ဘာလို့လဲဆိုတော့ တရားသူကြီးက လက်ခံရင် အိမ်ကို သမန်စာပို့မယ် အဲဒီအချိန်ကျမှ အထဲသွားရမှာဘဲ။” ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော အနေဖြင့် အင်းစိန်ဈေးအနီး လာရောက် စောင့်ဆိုင်းနေကြသူ နှစ်ရာကျော် ရောက်ရှိနေကြပြီ ဖြစ်သည်။

“ဒီနေ့ထိ ပိတ်ထားတာကတော့ ပုံမှန်ပဲ။ လုံခြုံရေးက ထပ်ချထားတယ်။ အရင်နေ့ထက်ပို များတယ်။ ဈေးထိပ်အကုန်လုံး ပတ်ပတ်လည် ကာထားတယ်။ ဈေးအပေါ်ထပ်တွေမှာရော အများကြီးပဲ။ အရင်နေ့က နှစ်ယောက်လောက်ဘဲ ရှိတာ။ ဒီနေ့တော့ တနေရာမှာ ၄ ယောက်တတွဲ လုပ်ထားတယ်။”
------------------------------

စစ်အစိုးရ၏ သဘောထားကို သိစေချင်
အင်္ဂါနေ့၊ မေလ 26 2009 10:50 - မြန်မာစံတော်ချိန်

ရဲချုပ်ခင်ရီက ယနေ့သတင်းစာ ရှင်းလင်းပွဲသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် မြန်မာစစ်အစိုးရ အနေဖြင့် စဉ်းစားခဲ့ကြောင်းကို သိစေချင်၍ ခေါ်ယူကာ ရှင်းလင်း ပြောပြရခြင်းဖြစ်ကြောင်း ထဲ့သွင်း ပြောဆိုသွားခဲ့သည်။

၁၅ မိနစ်ကြာ ရှင်းလင်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအနက် ဦးလှမျိုးမြင့်သာ တက်ရောက်ပြီး ကျန်သူများဖြစ်သော ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ တက်ရောက်ခြင်း မရှိခဲ့ပေ။
------------------------------

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ကို ၆ လတိုးနိုင်ဟု ရဲက ပြော
အင်္ဂါနေ့၊ မေလ 26 2009 10:21 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၆ လတိုးမြှင့်ခွင့်ရှိကြောင်း အင်းစိန်အကျဉ်းထောင်ထဲတွင် ယနေ့နံနက် သတင်းစာရှင်းလင်းပွဲတွင် ရဲအရာရှိက ပြောကြားသွားသည်။

မေလ ၂၇ ရက်နေ့တွင် ပြည့်မည့် နေအိမ်အကျယ်ချုပ်သက်တမ်းကို နိုဝင်ဘာလ ၂ဝဝ၉ အထိ တိုးမြှင့်၍ ရကြောင်းနှင့် အာဏာပိုင်များက တိုးမြှင့်သင့်၊ မသင့် စဉ်းစားနေခိုက်တွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော အမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သံတမန်များနှင့် သတင်းထောက်များကို သတင်းရဲတပ်ဖွဲ့မှ သတင်းတပ်ဖွဲ့မှုး မြင့်သိန်းက ပြောကြားသွားသည်။

သတင်းစာရှင်းလင်းပွဲသို့ ရဲချုပ် ခင်ရီလည်း တက်ရောက်ခဲ့ပြီး သံတမန် ၂၉ ဦး၊ နိုင်ငံခြားသတင်းထောက် ၁၅ ဦး၊ ပြည်တွင်းသတင်းထောက် ၁ဝ ဦးတို့ တက်ရောက်ခွင့်ရခဲ့သည်။

နေ့လည် ၁၂ နာရီ ၃ဝ မိနစ်တွင် တရားခွင် ရုံးထုတ်ခြင်း ပြန်လည်စတင်မှာဖြစ်သည်။
------------------------------

စေ့စပ်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုကြောင်း တောင်အာဖရိက အဆိုပြု
အင်္ဂါနေ့၊ မေလ 26 2009 10:21 - မြန်မာစံတော်ချိန်

တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ အီဘရာဟင် အီဘရာဟင် သည် မြန်မာသံအမတ် ဦးတင်ဦးလွင်ကို တင်္နလာနေ့က ဆင့်ခေါ်၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန် ကြားဝင်ကူညီပေးမည့် ကိုယ်စားလှယ်တဖွဲ့ကို စေလွှတ်လိုကြောင်း အဆိုပြုပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဖမ်းဆီးထားခြင်းအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်းနှင့် ချက်ခြင်းလွှတ်ပေးရန် ထပ်လောင်းတောင်းဆိုလိုက်သည်ဟု တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။

တောင်အာဖရိကအနေဖြင့် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားခြင်းကို မြင်တွေ့လိုကြောင်း ပြောကြားလိုက်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများဖြစ်ထွန်းရန် ကောင်းမွန်သော နိုင်ငံရေးရာသီဥတု ဖန်တီးစေလိုသည်ဟု ပါရှိသည်။
------------------------------


ဆဋ္ဌမနေ့ (မေလ ၂၅ ရက်) အဖြစ် စစ်ဆေးကြားနာချက်
အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံယက်တော၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမအပေါ် စွဲဆိုသည့် အမှုကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ ယနေ့တွင် ဆဋ္ဌမနေ့အဖြစ် ဆက်လက်၍ စစ်ဆေးကြားနာသည်။


ဒေါ်စု၏ ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်

ပြန်ခေါ်သက်သေ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်

ထွက်ဆိုချက်

ထွက်ဆိုခဲ့သော ကန့်သတ်သည့် ပုဒ်မ ၁၄၈ (ဂ) ၁၅၇ ၊ ၁၅၈ ၊ ၁၅၉ (ခ) နှင့် ၁၆ဝ သည် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ - မဆလခေတ်) ဖွဲ့စည်းပုံ ဥပဒေပါ ပုဒ်မများဖြစ်ပြီး၊ ယင်း ပုဒ်မများကို ဖောက်ဖျက်သဖြင့် စွဲဆိုရသည်။ နိုင်ငံခြားသားအား လက်ခံနေထိုင်ခွင့်ပြုခြင်း၊ တွေ့ဆုံစကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်းသည် ပုဒ်မ ၁၅၉ (က) - ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များကို မဆလ ဖွဲ့စည်းပုံ ဥပဒေတွင် ပါဝင်ခြင်း မရှိဟုဆိုလျှင် ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ဖြစ်သည်။ ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၁၆ဝ တွင် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးအတွက် ကန့်သတ်လိုက်သည်ဆိုလျှင် စာပေးစာယူနှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုအတွက် ဥပဒေအရ အကာအကွယ်ပေးရမည့် အချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်။


ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ၏ ရှေ့နေ ဦးလှမျိုးမြင့်က စစ်မေးရာတွင်

ပြန်ခေါ်သက်သေ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်

ထွက်ဆိုချက်

သားအမိနှစ်ဦးသည် အစိုးရ၏ လုပ်ငန်းစဉ်များကို နားမလည်သော သာမန်အရပ်သူများဖြစ်သည်ကို သိပါသလားဟုဆိုလျှင် မသိပါ။ တားဆီးထားသည့်အိမ်တွင် အတူနေထိုင်သည်ကိုသာ သိသည်။ သားအမိသည် ဒေါ်စုအပေါ် ချမှတ်ခဲ့သည့် ကန့်သတ်တားဆီးမိန့်နှင့် ဆက်လက်တားဆီးမိန့်များနှင့်စပ်လျဉ်း၍ အသေးစိတ် အတိအကျ သိရှိနားလည်နိုင်စွမ်း ရှိကြသူများ မဟုတ်ဟုဆိုလျှင် ကန့်သတ်တားဆီးထားသည့်အိမ်တွင် နေထိုင်သူများဖြစ်၍ သိရှိနိုင်ပါသည်။


ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်

ပြန်ခေါ်သက်သေ ရဲမှူးကြီး ဝင်းနိုင်ထွန်း

ထွက်ဆိုချက်

၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် နိုင်ငံခြားသား ဝင်ရောက်သည့်ကိစ္စနှင့် စပ်လျဉ်း၍ အတိအကျ အချက်အလက် ပြည့်စုံစွာ ပြောကြားခြင်း မဟုတ်ပါ။ ဒေါ်စုတို့ ၄ ဦးအား တရားစွဲဆိုသည်မှာ အပြင်ကို စာပေးစာယူလုပ်သဖြင့် စွဲဆိုခြင်းမဟုတ်လျှင် အခြားသို့ စာ (သို့) စကားပြောကြေးနန်းဖြင့် ဆက်သွယ်ခြင်းမပြုရန် တားဆီးမိန့်ပါ အချက်ကို ဖောက်ဖျက်သဖြင့် တရားစွဲသည်။ ပြင်ပမှ ရောက်လာသောစာကို လက်ခံထားမှုဖြင့် အကျုံးဝင်သော အခြားသို့ စာဖြင့် ဆက်သွယ်မှု လုပ်သဖြင့် စွဲဆိုသည်။ ဒေါ်စု အိမ်မှ သိမ်းဆည်းသည့် ပစ္စည်းများ (တနည်းအားဖြင့်) ပထမအကြိမ် ဝင်ရောက်စဉ်က မစ္စတာ ယက်တော သူ့ဘာသာသူ ထားသွားသည့် ပစ္စည်းများ ဖြစ်သည်ဆိုလျှင် ပထမအကြိမ် ဝင်ရောက်စဉ်က မစ္စတာ ယက်တော ပေးခဲ့သော စာအုပ်ကို စနစ်တကျ လက်ခံသိမ်းဆည်းထားရှိသည်မှာ ပေါ်ပေါက်သည်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နှင့် ၂ဝဝ၉ ခုနှစ် မေ ၃ ရက်တွင် ဒေါ်စု၏ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ခြင်းသည် တရားမဝင် ဝင်ရောက်ခြင်း ဖြစ်သည်ဆိုလျှင် တိတ်တဆိတ် တရားမဝင် ဝင်ရောက်ခြင်း ဖြစ်သည်။


ရှေ့နေ ဦးလှမျိုးမြင့်က စစ်မေးရာတွင်

ရဲမှူးကြီး ဝင်းနိုင်ထွန်း

ထွက်ဆိုချက်

မစ္စတာ ယက်တောအပေါ် ရာဇဝတ်မကင်းသော အိမ်ကျော်နင်းမှုအတွက် ယနေ့အထိ ပထမ သတင်းပေးတိုင်ချက် ရေးဖွင့်ခဲ့ခြင်း မရှိသေးဟုဆိုလျှင် အိမ်ကျော်နင်းမှုနှင့်စပ်လျှဉ်း၍ အရေးယူထားခြင်း မရှိသေးဘဲ၊ လဝက အက်ဖြင့် အရေးယူထားခြင်း ဖြစ်သည်။


ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်

ပြန်ခေါ်သက်သေ ဒုတိယရဲမှူး စကျော်ဝင်း

ထွက်ဆိုချက်

အထက်ကစေခိုင်း၍ ဆောင်ရွက်ရသည်ဆိုရာ ရဲအရာရှိ တဦးအနေဖြင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခွင့်ရှိသည်ဆိုလျှင် မှန်ကြောင်းနှင့် ဥပဒေနှင့်အညီ လုပ်ရသည်မှာလည်း မှန်ကြောင်း ထွက်ဆိုသည်။


ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်

ပြန်ခေါ်သက်သေ ရဲမှူး တင်ဇော်ထွန်း

ထွက်ဆိုချက်

ဒေါ်စု နေအိမ်သို့ မိမိ ဦးဆောင်မှုပြုပြီး မေလ ၇ ရက် နံနက်ပိုင်းတွင် ရှာဖွေမှု လုပ်သည်မှာ မှန်သည်။ ထိုနေ့တွင် ပထမသတင်းပေး တိုင်တန်းချက်ကို ရေးဖွင့်ရခြင်း မရှိသေးဟုဆိုလျှင် မှန်သည်။ ဒေါ်စုက ပေးအပ်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ကျမပဲ တာဝန်ယူကြောင်း ပြောကြားချက်သည် အမှုအတွက် တာဝန်ယူခြင်းမဟုတ်ဘဲ ပစ္စည်းအပ်သူအဖြစ်သာ တာဝန်ယူခြင်းဖြစ်သည်ဆိုလျှင် မစ္စတာ ယက်တော ထားခဲ့သည့်၊ ကျန်ခဲ့သည့်၊ လက်ဆောင်ပေးခဲ့သည် ပစ္စည်းတို့နှင့် စပ်လျဉ်း၍ သူမမှာ တာဝန်ရှိသည်ဟု ပြောခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

တရားလိုပြ သက်သေများအနက် စွဲချက်မတင်မီက စစ်ဆေးရန် ကျန်ရှိနေသော တရားလို ပြသက်သေများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၆ ပြဌာန်းချက်နှင့် အညီ ဆက်လက်စစ်ဆေးသည်။

တရားလိုပြသက်သေ အမှုစစ်အရာရှိ သတင်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးသန်းစိုးကို ဆက်လက်စစ်ဆေးရာ မိမိသည် သတင်းတပ်ဖွဲ့ တရားစွဲဌာန၌ ဒုတိယရဲမှူး (အမှုစစ်) အဖြစ် တာဝန်ထမ်းဆောင်သည်။ ဗဟန်းရဲစခန်း (ပ) ၃ဝ၁ /ဝ၉ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ / ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ အမှုကို စုံစမ်းစစ်ဆေးရန် မေလ ၁၁ ရက်တွင် လက်ခံ ရရှိခဲ့သည်။

ထိုနေ့တွင် အမှုနှင့်ဆက်စပ်သည့် သက်သေများကို စတင်စစ်ဆေးခဲ့သည်။ နောက်တရက်တွင်လည်း သက်သေ ရဲတပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်သည့် ရပ်ကွက် ကောင်စီ ဥက္ကဌများကို စစ်ဆေးရသည်။ ထိုနေ့တွင်ပင် ဒုတိယ ရဲမှူးမောင်မောင်မြင့်က မစ္စတာ ယက်တောထံမှ သိမ်းဆည်းခဲ့သည့် ပစ္စည်းများနှင့် ရှာဖွေပုံစံ၊ ဒုတိယ ရဲမှူးတင်ဇော်ထွန်းက ဒေါ်စုထံမှ သိမ်းဆည်းခဲ့သော သက်သေခံ ပစ္စည်းများနှင့် ရှာဖွေပုံစံ၊ ဒေါ်စု၏ အိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည့် ရှာဖွေဖမ်းဝရမ်းနှင့် ဝရမ်းအတည်ပြုမှု အစီရင်ခံစာတို့ကို လွှဲပြောင်းပေးသဖြင့် လက်ခံရရှိခဲ့သည်။ မေလ ၁၃ ရက်တွင် မစ္စတာ ယက်တော တည်းခိုသည့် ဗျူးတီးလဲန်း (၂) ဟိုတယ်အခန်းမှ ပစ္စည်းများ ရှာဖွေသိမ်းဆည်းခြင်းနှင့် လွှဲပြောင်းပေးသော ရှာဖွေပုံစံနှင့် သက်သေခံပစ္စည်းများ လက်ခံရရှိသည်။

မေလ ၁၄ ရက်တွင် ဒေါ်စု၊ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမနှင့် မစ္စတာ ယက်တောအား အမှုဖြင့် ဖမ်းဆီးခဲ့ပြီး ဗဟန်းရဲစခန်း စွဲချက်အမှတ် ၂၆၃/၂ဝဝ၉ အရ ဒေါ်စုအပေါ် ပုဒ်မ ၂၂ အရ၊ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမနှင့် မစ္စတာ ယက်တောအား ပုဒ်မ ၂၂/ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ အရ ရန်ကုန်မြောက်ပိုင်းခရိုင်သို့ တရားစွဲတင်ပို့ခဲ့သည်။

ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံး ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၇/၂ဝဝ၉ မှ တရားလိုပြသက်သေပေါင်း ၂၃ ဦးအနက် ၁၅ ဦးကို စစ်ဆေးပြီးဖြစ်သဖြင့် ကျန် တရားလိုပြသက်သေ ၈ ဦးကို မစစ်ဆေးတော့ဘဲ ပယ်ကြောင်း တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် ခရိုင် ဥပဒေအရာရှိက တင်ပြလျှောက်ထားသည်။

အမှုများကို ဆက်လက် စစ်ဆေးကြားနာရန် မေလ ၂၆ ရက်နေ့၊ နံနက် ၁ဝ နာရီသို့ ချိန်းဆိုခဲ့သည်။

မဇ္စျိမ မှကူးယူဖော်ပြသည်။

more.gif

Saturday, 23 May 2009

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးနောက် ငယ်ထိပ်မြွေပေါက်သလိုဖြစ်နေတဲ့နအဖ

Protest over Suu Kyi Myanmar trial






နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဖမ်းဆီးရုံးတင်ဖို့ အခွင့်အရေးရသွားတာ - ဒါမှမဟုတ် သူတို့ရဲ့လုပ်ကြံမှုအောင်မြင် သွားတာဟာ နအဖအဖို့နိုင်ငံရေးအရ လက်ဦးမှုရသွားတယ်လို့ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ဆက်ဖြစ်လာတာတွေနဲ့ ဖြစ်လာနိုင်တာတွေကို ပြန်တွေးလိုက်တော့ ဒါဟာနအဖအဖို့ ကံကောင်းတာလား၊ ကံဆိုးတာလားစဉ်းစားစရာ ဖြစ်နေပါ တယ်။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့အဆက်ဖြတ်ရေးဟာ သူ့တသက်ကိုယ့်တသက်လုပ်ရမယ့်ကိစ္စလို့ သတ် မှတ်ထားကြဟန် တူပါတယ်။ ဒါကြောင့် နေအိမ်ချုပ်သက်တမ်းစေ့တဲ့အခါမှာ အခု ဒီဖောက်ထွင်းမှုမှာ အိမ်ရှင်ကို စွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွက်ထားတာတွေထဲမှာ မပါတာတွေ ဆက်တိုက်ဖြစ်လာနေလို့ ဗိုလ်သန်းရွှေတယောက် ထိုင်နေအကောင်းသားလို့ ဆိုရမလိုဖြစ်နေပါပြီ။

အိမ်ဖြူတော်မှာ အိုဘားမားတက်လာတဲ့နောက် နအဖအစိုးရဟာ သူတို့ဖောက်ချင်နေတဲ့ ရွှေလမ်းငွေလမ်းတော့ဖြင့် ပေါက် တော့မယ်လို့ မျှော်လင့်ထင်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ ဒီကိစ္စတခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလား ထင်လို့ဝင်သွားတာ၊ ထိပ်ချတာခံလိုက်ရတယ်” ဆိုတာမျိုး ဖြစ်သွားပါတယ်။ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလို အပြစ်တင်တာခံလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ကိစ္စကိုပြောခဲလှတဲ့ တရုတ် တို့၊ အာစီယံတို့ကတောင် “ပညာပေး” တာခံနေရပါပြီ။ နောက်ပြီး ဂျပန်လိုနိုင်ငံကိုရှင်းပြရ၊ ထိုင်းနဲ့ကတောက်ကဆဖြစ်ရ၊ ဒါ့အပြင် အီးယူကဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေကဘာတွေ ပြောဦးမလဲဆိုပြီး ထမင်းလုံး တစ္ဆေခြောက်တာ ညတိုင်း ခံနေရပါတယ်။ သေချာတာကတော့ သံခင်းတမန်ခင်းအရ၊ နိုင်ငံတကာဆက်ဆံရေးအရ နအဖအဖို့ အကြီးအကျယ် နစ်နာရတဲ့ ဘယ်သူမပြုမိမိမှု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေအတွက် ဝမ်းသာစရာလား၊ စိတ်ညစ်စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ လုံခြုံရေးတွေအပြည့် ယူ နေရတာကိုကြည့်ရင် သိနိုင်ပါတယ်။ ပဒူအုံကို တုတ်နဲ့ထိုးမိသလို ဖြစ်ဖို့များနေပါပြီ။ တကယ်လို့ သာ ဒီကိစ္စကြောင့်လူထုအုံကြွလာတယ်ဆိုရင် ဘယ်သူကသွေးထိုးပေးလို့၊ ပြည်ပက မြှောက်ပေး လို့ စသဖြင့် ပြောလို့မရတာ သေချာနေပါပြီ။ ဗမာပြည်မှဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများဖက်က မတော်မတရားလုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေ ချည်းဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်း ပေါ် ထွက်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာကြပါဘူး။ သံဃာတော်များလည်း အလားတူပါပဲ။ ဒီလို တိုင်း ပြည်အတွက်အရေးပါတဲ့အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့် အမှုမျိုးကို ဖန်တီးလိုက်ရတာဟာ တကယ်တော့ နအဖအတွက်ပြောရင်လည်း မရဲပဲကျွဲပြဲစီးရတာပါ။ ဒါကြောင့်မို့ သံတမန်လောကကိုဟန်ပြအနေနဲ့ တရက်ထဲသာ တရားရုံး တက်ခွင့်ပြုခဲ့ပေမဲ့ ကျန်တာအားလုံးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးနေပါတယ်။ ဒါဟာသူတို့ဖက်က ကျိုးကြောင်း မခိုင်လုံ ကြောင်း၊ မရိုးသားနိုင်ကြောင်း ဝန်ခံတာတမျိုးလို့ ယူဆရင်ရပါတယ်။

အခုတော့ အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေး ဆို တဲ့ တောင်းဆိုချက်ဟာ ကျယ်လောင်သထက်ကျယ်လောင် လာနေပါပြီ။ အစိုးရပြတဲ့သက်သေတွေကို စစ်ဆေးပြီးခဲ့ သလောက်အရဆိုရင် ဥပဒေအရ နအဖမုချရှုံးမှာပါ။ သူတို့ ဖက်က သက်သေတွေရဲ့အစစ်ခံချက်တွေဟာ သူတို့အတွက် အထောက်အကူ လုံးဝမပြုပါဘူး။ တကယ်ဆိုရင် တရားခံပြ သက်သေတွေကိုတောင် စစ်နေဖို့ မလိုလောက်အောင် ဖြစ် ပါတယ်။ ဒါပေမဲ့ နအဖဟာ သိုးကိုမဖြစ်ဖြစ်အောင် စားချင် တဲ့ ဝံပုလွေလိုပဲ “နင်မဟုတ် နင့်အဖေပဲ” လို့ ပြောပြီး အပြစ်ပေးဖို့လုံးပမ်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာ တံခါးပိတ် စစ်ဆေးတဲ့ ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အများပြည်သူတက်ရောက် နားထောင်နိုင်တဲ့ တရားရုံးမှာ စစ်ဆေးရေးဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်တရားခွင်ကို လူထုမျက်မှောက်ရောက်အောင် တောင်းဆိုကြရပါမယ်။ ဒါဟာ တရားမျှတ၊ ကျိုးကြောင်းဆီလျော်တဲ့အပြင် လူတိုင်းသဘော တူနိုင်တဲ့ တောင်းဆိုချက် ဖြစ်တဲ့အတွက် လတ်တလောလှုပ်ရှားမှုမှာ ထိပ်တန်းတင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံ ဖြစ်ပါတယ်။

ဒီတခါ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်နေတဲ့လူတွေအတွက်တော့ အတော် လေး အကြပ်ရိုက်သွားမှာ ဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကို ယမ်းချေးပန်းတယ်လို့ ပြောနိုင်ပါတယ်။ တကယ်လို့ သာ သူတို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာ အတတ်နိုင်ဆုံး ခေါင်းရှောင် ချင်ကြမှာပါ။ နအဖအလိုကို လိုက်ပြောရင် မဲရမှာကိုထိခိုက်မယ်၊ နအဖကိုဆန့်ကျင်ရင် ရွေးကောက်ပွဲဝင်ခွင့်တောင်မှ ရချင်မှ ရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယအင်အားဆိုသူ တော်တော်များများက ပြောဖို့ခေါင်းရှောင်နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီအတွက် လေ့ကျင့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်တွေကို ရဲရဲတင်းတင်းပဲ ဒေါသနဲ့ ပြောနေကြပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်တွေဖော်ပြနေကြပါတယ်။ ဒီလိုအခြေအနေမှာ အချိန်မရွေး ပေါက် ကွဲထွက်နိုင်တယ်ဆိုတာကို ဗမာပြည်အရေးနားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ဆင်ပြီးတင်တာ ဟုတ်မဟုတ်ဆိုတဲ့မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေးမနေကြတော့ပါဘူး။ ဘာကို-ဘယ်လို လုပ်ရင် ကောင်းမလဲဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ စာရေးစာချီဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောပဲဘယ်သူမှ မနေပါ ဘူး။

ဒီအခြေအနေကို နအဖအစိုးရလည်း မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အတွက် အနည်းဆုံးရွေးကောက်ပွဲ ပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထဲမှာ မလှုပ်ရှားနိုင်အောင်လုပ်ထားဖို့က ပိုအရေးကြီးနေပါ တယ်။ ဒါကြောင့်မို့ သူတိုဖက်က ကြည့်ရင်လည်းသေမြေကြီး-ရှင်ရွှေထီး လုပ်လိုက်ရတာပါ။ သူတို့က အမှုကိုအမြန်ပြီးပြတ် အောင် တက်သုတ်ရိုက်စစ်နေတာ၊ ကမျောသုံးပါးစွဲချက်တင်တာတို့ကို ထောက်ကြည့်ရင် နအဖစစ်ဗိုလ်တွေ ဘယ်လောက် ခြောက်ခြား နေတယ်ဆိုတာ အတိုင်းသားတွေ့မြင်နိုင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း


နေ.သစ်ဝက်ဆိုက်ဒ်မှကူးယူဖော်ပြသည်။

more.gif

တောင်ကိုရီးယားသမ္မတဟောင်း နိုမူယောင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်


တောင်ကိုရီးယားသမ္မတဟောင်း Roh Moo-hyun ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပြီဖြစ်ပါတယ်။ ဒီကနေ့မှာ ကျောက်တောင်စွန်းတခုပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားတာပါ။ သမ္မတဟောင်းဟာ အကျင့်ပျက်လာဘ်စားမှုဆိုင်ရာ ပြင်းထန် တဲ့စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Kurt Achin က သတင်းပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက အပြည့်အစုံ အစီရင်ခံထားပါတယ်။

သမ္မတဟောင်းဟာ ကိုယ့်ကိုယ်ကို အဆုံးမစီရင်ခံမှာ သူ စိတ်ထိခိုက်ခံစားနေရတာနဲ့ပတ်သက်ပြီး စာတိုလေး တစောင် ရေးထားခဲ့တယ်လို့ မစ္စတာနိုရဲ့ မိသားစုရှေ့နေတဦးကပြောပါတယ်။မစ္စတာနိုဟာ စနေနေ့ မနက်စောစောပိုင်းမှာ တောင်ပေါ်တက်ပြီး တောင်စွန်းကနေ ခုန်ချသွာခဲ့တဲ့အကြောင်း သူ့ရဲ့ လက်ထောက် ဟောင်းတဦးဖြစ်သူ Moon Jae-in က ကိုရီးယားဘာသာစကားနဲ့ ပြောသွားတာပါ။ ခုန်ချပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ခုန်ချရာကနေ ရတဲ့ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။မစ္စတာနိုနဲ့ သူ့ရဲ့မိသားစုဟာ စီးပွားရေးလုပ်ငန်းရှင်တဦးစီကနေ ဒေါ်လာသန်းပေါင်းများစွာ လာဘ်ယူခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စုံစမ်း စစ်ဆေးတာကို ခံနေရပါတယ်။


သူထားခဲ့တဲ့စာတိုလေးထဲမှာ မစ္စတာနိုက သူ့ကိုမီးသဂြိင်္ုဟ်ပြီး သူ့ဇာတိရွာလေးမှာ အမှတ်တရ ကျောက်တိုင်လေးတခုနဲ့ စိုက်ထူထားပေးဖို့ မှာထားခဲ့ပါတယ်သူဟာ စာတအုပ်ကိုတောင်မှ အာရုံစိုက်ပြီး ဖတ်နိုင်စွမ်းမရှိတော့တဲ့အကြောင်းနဲ့ "ကျနော့်ကို အပြစ်မတင်ကြပါနဲ့၊ အသက်ရှင် နေရတာနဲ့ သေသွားတာက အတူတူပါပဲ။" လို့ သူ့ရဲ့စာတိုလေးထဲမှာ ရေးထားပါတယ်။ လာဘ်စားမှုဆိုင်ရာ စွဲချက်နဲ့ ပြီးခဲ့တဲ့လက တရားရုံးတင်စစ်ဆေးမှုတခုမှာ ဆယ်နာရီကျော်ကြာအောင် မစ္စတာနို ထွက်ဆို အစစ်ခံ ခဲ့ပါတယ်။ သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ဖို့အတွက်တောင်မှ အစိုးရရှေ့နေတွေက အပြင်းအထန်ကြိုးစားခဲ့ကြပါသေးတယ်။၂၀၀၂ ခုနှစ် သမ္မတရွေးကောက်ပွဲ ကာလအတွင်း သန့်ရှင်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရတရပ် ဖြစ်စေရမယ်လို့ မဲဆွယ် စည်းရုံးပြီးတော့ ရွေးကောက်ခံခဲ့ရတဲ့ မစ္စတာနိုအတွက်တော့ ဒီစွပ်စွဲချက်ဟာ စိတ်ထိခိုက်ကြေကွဲဖွယ်ပါ။ သူ ရှက်မိတဲ့အကြောင်း နဲ့ တောင်ကိုရီးယားပြည်သူလူထုကို တောင်းပန်ပါကြောင်း ပြီးခဲ့တဲ့လစစ်ဆေးမှုမှာ ပြောဆိုခဲ့ပါတယ်။သာမန်တောင်ကိုရီးယားလူထုကတော့ ဒီသတင်းကြောင့် အထိတ်တလန့်ဖြစ်ကြရသလို တုန့်ပြန်ချက်တွေကလည်း ရောထွေးနေ ပါတယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာဟာ အဓိကလူမှုရေးဆိုင်ရာ ပြဿနာတခုဖြစ်လာနေတဲ့ အထူးသဖြင့် တောင်ကိုရီးယားလိုနိုင်ငံမျိုး မှာ နိုင်ငံရဲ့သမ္မတတယောက်က ဒီလိုလုပ်သွားတာဟာ တာဝန်မဲ့တာပဲလို့ အသက် ၃၀ အရွယ် Yun Hye-yun က ကိုရီးယား ဘာသာစကားနဲ့ ပြောသွားတာပါ။ မိသားစုတခုလုံးရဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်အတွက် တာဝန်ယူတဲ့အနေနဲ့ သူ ဒီလို လုပ် သွားတာကိုတော့ တစိတ်တပိုင်းနားလည်ပေးနိုင်ပါတယ်လို့ သူကပြောပါတယ်။အသက် ၅၉ နှစ်အရွယ် Jeon Su-young ကတော့ ဒီဖြစ်ရပ်ဟာ မယုံကြည်နိုင်ဖွယ်၊ မဖြစ်နိုင်တဲ့ ဖြစ်ရပ်တခုလို့ ပြောပါတယ်။ မစ္စတာနိုဟာ အရမ်းကို စိတ်ထိခိုက်ခံစားသွားရမယ်လို့ သူကပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ အမှန်အတိုင်း ဖြစ်စေချင် တယ်ဆိုရင်တောင်မှ ဒီအခြေအနေမျိုးတော့ ဖြစ်မသွားသင့်ပါဘူးလို့ သူကဆိုပါတယ်။အထိတ်တလန့်ဖြစ်ကြရတဲ့ အခြေအနေကနေ ကျော်လွန်လာချိန်ရောက်ရင်တော့ တောင်ကိုရီးယားနိုင်ငံသားတွေ၊ အထူးသဖြင့် မစ္စတာနိုကို ထောက်ခံသူတွေ ဘယ်လိုတုန့်ပြန်မယ်ဆိုတာကို မသိနိုင်သေးပါဘူး။ တချို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက တော့ အစိုးရရှေ့နေတွေအပေါ် တန်ပြန်သက်ရောက်တာတွေ ဖြစ်လာနိုင်တယ်၊ ဆန္ဒပြပွဲတွေတောင်မှ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

more.gif

Monday, 18 May 2009

ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် ရုံးချိန်း

တနင်္လာနေ့၊ မေလ 18 2009 16:07 - မြန်မာစံတော်ချိန်

အင်းစိန် အကျဉ်းထောင် အတွင်းရှိ အထူးတရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်၏ အမှု ရုံးချိန်းကို မနက်ဖြန် နံနက်သို့ ချိန်းဆိုလိုက်သည်။

ယနေ့နံနက် ၁ဝ နာရီခွဲတွင် ရုံးချိန်းစတင်ခဲ့ပြီး နေ့လည် ၁၂ နာရီခွဲတွင် ထမင်းစားချိန် ခေတ္တနားသည်။ မွန်းလွဲ ၃ နာရီ ခွဲတွင် အဆုံးသတ်ခဲ့သည်။

တရားခွင်မှအပြန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲကို ရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း ထဲ့သွင်း ပြောဆိုသွားခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းရှိ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
--------------------------

စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုသစ်များ ပြုလုပ်ရန် ဥရောပသမဂ္ဂ စဉ်းစားနေပြီ
တနင်္လာနေ့၊ မေလ 18 2009 15:15 - မြန်မာစံတော်ချိန်

ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်များ ပြုလုပ်ရန် တိုက်တွန်းလိုက်ပြီး စစ်အစိုးရ၏ မဟာမိတ် တရုတ်ကိုလည်း ဖိအားပေးမှု ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လုပ်ပါရန် ယနေ့တွင် တိုက်တွန်းလိုက်သည်။

“ပိတ်ဆို့အရေးယူမှုတွေ နောက်ထပ် အားသစ်လောင်းဖို့ ကျနော်တို့ ဆွေးနွေးသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ချက် နိုင်ငံခြားရေးဝန်ကြီး Jan Kohout က ပြောဆိုလိုက်သည်။

“ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုပါတယ်” ဟု သူက ထပ်ပြောသည်။

ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများသည် ပြီးခဲ့သည့်နှစ် ဧပြီလမှသည် ၂ဝ၁ဝ ဧပြီလတိုင်အောင် စစ်အစိုးရ အကြီးတန်း ခေါင်းဆောင် ၅ဝဝ ခန့်နှင့် သူတို့၏ ဆွေမျိုးများ အပါအဝင် စစ်အစိုးရနှင့် ပေါင်းကာ စီးပွား ဖြစ်ထွန်းနေသူ လုပ်ငန်းရှင် ၈ဝ ခန့်ကို တားမြစ်ပိတ်ပင်မှု ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။
--------------------------

ဦးဥာဏ်ဝင်းနှင့် ရှေ့နေများ ပြန်ထွက်လာ
တနင်္လာနေ့၊ မေလ 18 2009 14:50 - မြန်မာစံတော်ချိန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ကို ရဲကားဖြင့် အင်းစိန်ထောင်မှသည် ရန်ကုန်မြို့ထဲဘက်သို့ ခေါ်ဆောင်သွားပြီ ဖြစ်သည်။

ထောင်အနီး စောင့်ဆိုင်းကြသော လူအများအပြားလည်း လူစုခွဲမှု စတင် ပြုလုပ်နေကြောငfး သိရှိရသည်။
--------------------------

အင်းစိန်ထောင်ရှေ့ အခြေအနေ
တနင်္လာနေ့၊ မေလ 18 2009 14:00 - မြန်မာစံတော်ချိန်

နောက်ဆုံး ရရှိသော သတင်းအရ အင်းစိန်ထောင်အနီး ရဲ၊ စွမ်းအားရှင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့ များပြားနေဆဲ ဖြစ်သည်။

“အခုထိတော့ ဘာမှ မထူးသေးဘူး။ အင်းစိန်ထဲကို ယင်ကောင်တောင် ဝင်လို့မရဘူး။ ဘယ်လူငယ်မှ မဝင်ပါဘူး။ မနက်ကတည်းက အင်းစိန်ထောင်ရှေ့ ရောက်နေတော့ မြို့ထဲ အခြေအနေ မသိသေးဘူး။ ” ဟု အခြေအနေကို စောင့်ကြည့်နေသူ တဦးက ပြောသည်။

“အင်းစိန်ထောင်ရှေ့ အခြေအနေကတော့ ဒီအတိုင်းဘဲ။ ထိုင်စောင့် နေကြတယ်။ လူအင်အား ကတော့ တဖြည်းဖြည်း များလာတယ်။ ပြည်သူတွေပါ ရောက်လာတာကိုး။ လူအင်အားကတော့ များလာတယ်။ များလာပေမယ့် ပုံမှန်အတိုင်းဘဲ ထိုင်စောင့်နေတယ်။ ” ဟု သူက ပြောသည်။

“သတင်းထောက်တွေလည်း ရောက်နေတယ်။ လာပေမယ့် သူတို့လည်း ဘာမှ မသိဘူး။ သတင်းစာ ရှင်းလင်းပွဲလုပ်မှဘဲ သူတို့လည်း မေးလို့ မြန်းလို့ ရမယ်။ အခုအချိန်ကတော့ ဘယ်သူ့မှ မေးလို့ မရဘူး။”
--------------------------

မိတ္ထီလာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် ဆက်သွယ်မေးမြန်းချက်
တနင်္လာနေ့၊ မေလ 18 2009 13:30 - မြန်မာစံတော်ချိန်

“နအဖက တရားဥပဒေနဲ့ တရားရုံးနဲ့ဖြစ်ဖြစ် လုပ်နေတာက သူတို့ သွားနေတဲ့ လမ်းကြောင်း ပေါ့နော်။ ဒီနေရာမှာ ရှေ့နေ ဦးကြည်ဝင်း တယောက်အနေနဲ့ ပြန်ပြီး ခုခံတယ်ဆိုတဲ့ အပေါ်မှာ ကျမတို့ အဖွဲ့ချုပ်ကနေ မြင်တာကတော့ အစကတည်းကနေ မတရားတဲ့ ကိစ္စဘဲလေ။ သူရှေ့ကသွား ကိုယ်က နောက်က လိုက်ရမဲ့ ပုံစံမျိုးပေါ့နော်။ မတရားသက်သက် လုပ်နေတယ်ဆိုတာ ထင်ရှားနေတယ်ပေါ့နော်။ မျော်လဲ မမျော်လင့်ကြဘူးပေါ့နော်။ မမြင်ရတဲ့ ကိစ္စမိုလို့ မမျော်လင့်ဘူးလို့ပြောရတာ ယုံကြည်မှုကတော့ လုံးဝကို မရှိသလောက် ဖြစ်နေတာပါ”

“အန်အယ်ဒီအနေနဲ့ကတော့ အင်မတန်ပျော့ပြောင်းတဲ့ နိုင်ငံရေး လမ်းကြောင်းကို့ ပြီးခဲ့တဲ့ ရွှေဂုံတိုင်ကြေငြာ စာတမ်းလိုဘဲ ထုတ်ပြန်ထားပြီးပြီ တဘက်ကလဲ လက်မခံဘူးဆိုတာ ပေါ်လွင်နေပြီ၊ မတရားလုပ်တဲ့ ကိစ္စဟာ လုပ်ကို မလုပ်သင့်တဲ့ ကိစ္စပါ။ အဖွဲ့ချုပ်အနေနဲ့က ဘယ်လမ်းကြောင်းကိုရွေးမလဲ ။ ကိုယ့်ရဲ့ခေါင်းဆောင်လွတ်လပ်မှုမရှိတဲ့ အပေါ်မှာ မတရားတဲ့နည်းနဲ့ အထိမ်းသိမ်းခံထားရတဲ့ လူတစ်ယောက်ကို ဖောက်ဖျတ်ကျူးလွန်တယ်ဆိုပြီးတော့ တရားစွဲဆိုတာ လုပ်ကိုမလုပ်သင့်တဲ့ အလုပ်တခုပါ။ နအဖမှာတော့ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ မရှိပါဘူး သူတို့ကတော့ ရက်စက်မှာဘဲ ယုတ်မာမှာဘဲ မတရားတဲ့ အမှုကိုလည်း မျက်ကွယ်ပြုပြီး တရားတဲ့ ပုံစံမျိုးနဲ့လုပ်နေတာ ဒါကြီးကို ကျမတို့ အနေနဲ့လည်း နောက်ကနေပြီးတော့ ဒါမဟုတ်ပါဘူးလို့ ဖြေရှင်းရတာမျိုးတက်ပေါ့နော် ရှေ့နေအနဲ့တော့ လုပ်သင့်တာ လုပ်မှာပါဘဲ”

“ကျမတို့ဟာ လူထုကို ဘယ်လိုဦးဆောင်မလဲ ဘယ်လမ်းကြောင်းကိုရွေးမလဲ လူငယ်တွေ ဟိုတစ်စု ဒီတစ်စုနဲ့ ထပ်အဖမ်းခံရတာကို မဖြစ်စေချင်ဘူး။ အဲဒါကြောင့်မို့လဲ ကျမတို့အနေနဲ့ စဉ်စားနေတယ် ဗဟိုကို တော့ အားမရတာလည်းအမှန်ဘဲ။ သူတို့မလုပ်ခဲ့လည်း လူထုက ထပေါက်ကွဲလာနိုင်တယ်။ အန်တီစုလွတ်ဖို့ကို တအားမျော်လင့်တယ်”

“NLD မပါဘဲနဲ့လည်း ဒီရွေးကောက်ပွဲကို ကမ္ဘာကလည်း အသိအမှတ်ပြုမှာမဟုတ်ဘူး ဒါပေမဲ့လည်းအစိုးရက NLD ပါ ပါ မပါပါ တိုင်းရင်းသားတွေနဲ့ ကျင်းပမှာဘဲ”

“နအဖ အနေဖြင့် NLD မပါဘဲ မရရအောင်လျောက်မယ်ဆိုတဲ့ လမ်းကြောင်းကို ရွေးချယ် သွားခဲ့မယ်ဆိုရင် တိုင်းပြည်ကငြိမ်သက်မှာ မဟုတ်ဘဲ လူထုကပေါက်ကွဲလာနိုင်တယ် အဲဒီအချိန်မှာ NLD ကလည်းနောက်ကချန်မနေဘဲနဲ့ ငြိမ်းချမ်းသောနည်းနဲ့ လူထုကို ဦးဆောင်စေချင်တယ်”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက်နယ်မြေမှ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်နှင့် ဆက်သွယ်မေးမြန်းချက်
တနင်္လာနေ့၊ မေလ 18 2009 13:30 - မြန်မာစံတော်ချိန်

“ကျနော် ကြားသလောက်ကတော့ ဗြိတိသျ သံရုံးက အင်းစိန်ထဲကို ဝင်ဖို့ ကြိုးစားတယ်။ ဗြိတိန် သံရုံးကိုတော့ ခွင့်မပြုဘူး။ အပြင်မှာ လူ ၃၀၀၀ လောက် ရှိနေတယ်လို့ ကြားတယ်။ ဒါပေမယ့် စစ်တယ်ဆိုတာ ဘာမှလဲသိလို့ မရဘူး။ NLD အောက်ခြေ ကတော့ ပေါက်ကွဲနေပြီလေ။ ပေါက်ကွဲတယ်ဆိုတော့ အခြေအနေကတော့ နည်းနည်း တင်းမာတယ်။ နအဖ က မြန်မြန် ဒီအမှုကို ပြီးချင်တယ်လို့ ကျနော်တို့ ကြားတယ်။ ပြီးချင်တယ်ဆိုတော့ မြန်မြန် ထောင်ချမယ်ပေါ့နော်။ ”

“အဲတော့ ကြည့်ရတာ နှစ်ဖက်ရဲ့ Tension ကတော့ မြင့်လာတယ်ပေါ့နော်။ လောလောဆယ်ကတော့ သူတို့ ပိတ်ဆို့မှုတွေ လုပ်နေတယ်။ လူတွေကတော့ သိချင်တဲ့ လူတွေလည်းပါတယ်။ နောက်ပြီတော့ အခြေအနေအရ ဒီပေါ်မှာ ဆန္ဒပြချင်တဲ့သူတွေလဲ ရှိလိမ့်မယ်။”

“ဒေါက်တာ တင်မျိုးဝင်းကတော့ သူရဲ့ ကျန်းမာရေး အရ လုပ်တယ်ဆိုတာဘဲ ရှိပါတယ်။ ဆရာ တင်မျိုးဝင်း အနေနဲ့ကတော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး။”
--------------------------

ဂျကာတာရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြ
တနင်္လာနေ့၊ မေလ 18 2009 12:21 - မြန်မာစံတော်ချိန်

ဂျကာတာ (မဇ္ဈိမ)။ ။ အင်ဒိုနီးရှား တတ်ကြွလှုပ်ရှားသူ ၁၅ ဦးသည် မြို့တော် ဂျကာတာမြို့ မြန်မာသံရုံးရှေ့တွင် တင်္နလာနေ့နံနက်က ကန့်ကွက် ဆန္ဒပြကြပြီး မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုလိုက်ကြသည်။

“မြန်မာ စစ်အစိုးရ အနေနဲ့ အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” ဟု ဆန္ဒပြသူတဦးဖြစ်သော မြန်မာနိုင်ငံအတွက် သွေးစည်းညီညွတ်သည့် အင်ဒိုနီးရှား လူမှုအဖွဲ့အစည်းများ အဖွဲ့ဝင် Swan Paru က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားခြင်းအပေါ် ကန့်ကွက်ရှုတ်ချသောအားဖြင့် “မြန်မာနိုင်ငံအတွက် ကမ္ဘာတဝှမ်းလှုပ်ရှားမှု” အစီအစဉ်အရ ကမ္ဘာတလွှားတွင် ကန့်ကွက်ဆန္ဒပြရန် တက်ကြွ လှုပ်ရှားသူများက ဆော်သြထားသည်။
--------------------------

နိုင်ငံခြား သံအမှုထမ်းများကို အင်းစိန်ထောင် ဝင်ခွင့် မပြု
တနင်္လာနေ့၊ မေလ 18 2009 11:50 - မြန်မာစံတော်ချိန်

ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ရန်ကုန်မှလာသော အေဂျင်စီ သတင်းများအရ သိရသည်။
--------------------------

ဖဲကြိုးဝေသူ လူငယ်တဦး အဖမ်းခံရ
တနင်္လာနေ့၊ မေလ 18 2009 11:40 - မြန်မာစံတော်ချိန်

အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ယနေ့နံနက်က ရဲက ဖမ်းသွားသည်။
--------------------------

တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်
တနင်္လာနေ့၊ မေလ 18 2009 11:25 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်အခြေစိုက် သတင်းထောက်များ ပြောကြားချက်အရ မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။

အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်းပိတ်ဆို့ထားခြင်းကြောင့် အင်းစိန်ဘက်က လာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။
--------------------------

စစ်အစိုးရကို ဘယ်လ်ဂျီယံ ရှုတ်ချ
တနင်္လာနေ့၊ မေလ 18 2009 11:15 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး Karel De Gucht က စစ်အစိုးရကို ရှုတ်ချလိုက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားခြင်းအပေါ် နိုင်ငံတကာ၏ ကန့်ကွက်မှု စာရင်းထဲ နောက်တိုးအဖြစ် ပါဝင်လာသည်။

“စစ်အစိုးရက သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မပါနိုင်အောင် အချုပ်အနှောင်မှာ ဆက်ထားချင်တော့ အကြောင်းပြချက် လိုက်ရှာနေတာလို့ပဲ ကျနော်တော့ စဉ်းစားမိတယ်” ဟု မစ္စတာ De Gucht က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည်သာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ငန်းစဉ် တစိတ်တဒေသ ဖြစ်နိုင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက်လည်း မရှိမဖြစ် လုပ်ဆောင်ရမှာ ဖြစ်သည်ဟု ဖြည့်စွက် ပြောဆိုလိုက်သည်။
--------------------------

လူငယ်များနှင့် ကြံ့ဖွံ့တို့ ရင်ဆိုင်တွေ့
တနင်္လာနေ့၊ မေလ 18 2009 10:01 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ လမ်းပိတ်ထားသော်လည်း လူအများအပြား အင်းစိန်ထောင် အနီးသို့ ရောက်ရှိနေကြပြီး လူငယ် ၃၀ ခန့်မှာ အကျဉ်းထောင်ရှေ့သို့ ချဉ်းကပ်နိုင်ကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင် ၅၀ ခန့်က လူငယ်များကို စောင့်ကြည့်နေကြပြီး ယနေ့ အစောပိုင်းက ရန်ကုန်တွင် အင်တာနက် ပြတ်တောက်သွားခဲ့သည်။


ဒေါ်စု၏ ရှေ့နေများ အင်းစိန်ထောင်တွင်းသို့ ဝင်ရောက်သွား

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် အင်းစိန် အကျဉ်းထောင်တွင်းသို့ ဝင်ရောက်သွားသည်။
--------------------------


ယက်တောကို စိတ္တဇဆေးရုံ ပို့သင့်ဟု ကေအန်ယူပြောကြား
တနင်္လာနေ့၊ မေလ 18 2009 10:00 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်သွားခဲ့သူ အမေရိကန် နိုင်ငံသားကို စိတ္တဇဆေးရုံသို့ ပို့ဆောင်မည့်အစား စစ်အစိုးရက အတိုက်အခံ ခေါင်းဆောင်ကို ဆက်လက် ဖမ်းဆီးထားနိုင်ရေး လုပ်ကြံ အကွက်ဆင်ခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံးက ပြောကြားလိုက်သည်။

ဂျွန် ဝီလီယံ ယက်တောသည် စိတ်မနှံ့သူ ဖြစ်သည်မှာ ထင်ရှားကြောင်းနှင့် သူ့ကို ဆေးရုံပို့ ကုသကာ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ပိုမို ဂရုစိုက် လုပ်သင့်သည်ဟု စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော ကေအန်ယူက ယန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း နအဖအနေဖြင့် အမုန်းတရား လွှမ်းမိုးနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲလွန် ကာလများအထိ ချုပ်နှောင်ထားနိုင်ရန် အကွက်ဆင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်အစိုးရသည် အမျိုးသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ လုပ်ဆောင်လိုစိတ် မရှိသေးကြောင်းလည်း ပါရှိသည်။
--------------------------

ဒေါ်အောင်ဆန်းစုကြည် တရားခွင်အကြို အင်းစိန်တွင် လမ်းပိတ်ပြီ
တနင်္လာနေ့၊ မေလ 18 2009 09:08 - မြန်မာစံတော်ချိန်

ယနေ့ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျဉ်းထောင်အတွင်း ပြုလုပ်မည့် တရားခွင် မတိုင်မီ စစ်အစိုးရက လူအများ စုဝေးနိုင်ခြင်း မရှိအောင် လက်နက်ကိုင် စစ်သားများ၊ သံဆူးကြိုးများ အသုံးပြု လုပ်ဆောင်လျက် ရှိသည်။

အင်းစိန်ထောင်ရှေ့ လမ်းမကြီး တလျောက်လုံးကို လည်စည်းအနီဝတ် လက်နက်ကိုင် စစ်သားများဖြင့် ပိတ်ဆို့ထားလိုက်ပြီး အနီးပတ်ဝန်းကျင်ရှိ လမ်းမြှောင် လမ်းငယ်များတွင်လည်း လုံခြုံရေးများဖြင့် ပြည့်နေသည်။

စက်တင်ဘာ လူထုအုံကြွမှုက ပြုလုပ်သကဲ့သို့ လူစုလူဝေးဖြစ်ပါက ဖမ်းဆီး ဆွဲတင်ရန် စွမ်းအားရှင်များနှင့် ဒိုင်နာကားများကို အသင့်ခေါ်ယူထားသည်။

more.gif

Sunday, 17 May 2009

ဒေါက်တာတင်မျိုးဝင်း ပြန်လွတ်လာ


မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ မေလ 17 2009 00:46 - မြန်မာစံတော်ချိန်


ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကို စစ်အစိုးရက စနေနေ့ညက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း

ကြားဖြတ်သတင်း

more.gif

Saturday, 16 May 2009

ဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်ပြီး ရှေ့နေဦးလှမျိုးမြင့်နှင့် အင်တာဗျူး

more.gif