ဇူလိုင်လ ၂ ရက်၊ ၂၀၀၉ ခုနှစ်။
တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော်(ဒီကေဘီအေ) အင်အား ၂၀ ခန့်သည် ယမန်နေ့ညတွင် ထိုင်းနယ် မြေတွင်းသို့ ၀င်ရောက်လာသဖြင့် ခြိမ်းခြောက်ခံထားရသည့် မယ်လဒုက္ခသည် စခန်းမှ ဒုက္ခသည်များ စိုးရိမ် ကြောက်လန့်နေကြရသည်။
ယခုဇွန်လ၂၆ ရက်နေ့ အမည်မသိ လက်နက်ကိုင်တစု၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ဒီကေဘီအေဘက်မှ တပ်ရင်း(၇) တပ်ရင်းမှူးအပါအ၀င် ၈ ထိခိုက်ကျဆုံးမှုကို မကျေနပ်သဖြင့် မယ်လစခန်းကို ၀င်ရောက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခံရသည့် သတင်းထွက်ပေါ်ခဲ့သည်။
ယင်းသတင်းထွက်ပေါ်ပြီးနောက် ယမန်နေ့ညက ဒီကေဘီအေ တပ်ဖွဲ့ ထိုင်းဘက်ခြမ်းသို့ ၀င်ရောက်လာသည် ဆိုသောကြောင့် ဒုက္ခသည်များ ပိုမိုစိုးရိမ်နေကြသည်ဟု ဒုက္ခသည် တဦးက ပြောသည်။
“သူတို့ခေါင်းဆောင်တွေ အများကြီး သေတယ်ဆိုတော့ သူတို့ မကျေနပ်ဘူး။ သူတို့ မယ်လ စခန်း ထဲဝင်မယ်ကြားတယ်။ အဲဒါ အားလုံးသတိနဲ့ နေနေကြတာပေါ့။ ထွက်ပြေးလို့တော့မရပါဘူး။ ကလေး တွေ တပြုံကြီး လူကြီး သက်ကြီးရွယ်အိုတွေ အများကြီး။ ဘယ်ဘက်က၀င်မလဲ သဲထိတ်ရင်ဖိုနဲ့ တ ထိတ်ထိတ်တလန့်လန့် ကြောက်တတ်တဲ့ လူဆို အိပ်လို့မရဘူးပေါ့။ သူတို့လာလဲ ဘာတခုမှ ရမှာ မဟုတ်ဘူး လူထုတွေပဲ အချောင် သေရမယ်။”
လက်ရှိ မယ်လ ဒုက္ခသည်စခန်းကို လုံခြုံရေး တိုးမြှင့်ချထားပြီိး ၂၄ နာရီ အချိန်ပြည့် စောင့်ကြည့်စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ ပြုလုပ်ထားသည်ဟု စခန်းကော်မတီ ဒု -ဥက္ကဌ မန်းထွန်းထွန်းက ပြောသည်။
“ဖြစ်ဖြစ်ခြင်း သူတို့လဲ ကေအန်ယူလုပ်တယ်။ ဒုက္ခသည် စခန်းကာကွယ်ရေးလုပ်တယ်။ အဲလို ထင် တာ ရှိရင်ရှိမှာပေါ့။ အဲဒါသူတို့ဒေါသလည်းထွက်မယ် စိတ်ဆိုးတော့ ပြောတာလည်း ရှိမှာပေါ့။ ဒီ လောက်တောင်ဖြစ်တာ ဒုက္ခသည်စခန်း အကုန်လုံး မြန်မာပြည် ပြန်မောင်းပြန် မယ်ဆိုတဲ့ အဲပုံစံမျိုး သူတို့ပြောတာရှိတာပေါ့။ တကယ့် တကယ်က ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး။ နှောက်ယှက်မယ့် အနေ အထားလဲ မတွေ့ရပါဘူး”
ဒီကေဘီအေ တပ်အဖွဲ့အနေဖြင့် ဒုက္ခသည်စခန်းအား ၀င်ရောက် ဖျက်ဆီးလိမ့်မည် မဟုတ်ဟု မန်းထွန်းထွန်းက သုံးသပ်သည်။
“နိုင်ငံတကာရဲ့ ကာကွယ်မှု အောက်မှာရှိတဲ့ ကျနော်တို့ စခန်းကို သူတို့ဝင်ရောက် နှောက်ယှက်ဖို့ မ ထင်ဘူးလေ။ ဘာလို့လဲဆို တစုံတရာ ဖြစ်မယ်ဆို သူတို့ထိုင်းနဲ့ ဆက်ဆံရေး အကြီးအကျယ် ထိခိုက် သွားနိုင်တယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာလဲ သူတို့ရဲ့ ဂုဏ်သိက္ခာ သူတို့ရဲ့ image ကလုံးဝ အားမကောင်းတော့ဘူးလေ။ တဘက်ကလဲ သူတို့နဲ့ သက်ဆိုင်ရာ မိသားစုတွေကလည်း နေတာပဲ။ ဒုက္ခရောက်ရင် အကုန်လက်ခံတာပဲ။ ဆိုတော့ သူတို့ကလဲ မလုပ်ဘူးလို့ ကျနော်တို့က ထင်တယ် လေ”
ဒုက္ခသည်စခန်းအုပ်ချုပ်ရေး ထိုင်းဘက်ဆိုင်ရာ တာဝန်ရှိများ၊ နိုင်ငံတကာအဖွဲ့အစည်း များကို ဒုက္ခသည်များ လုံခြုံရေးအတွက် အကောင်းဆုံးတာဝန်ယူ စောင့်ရှောက်ပေးရန် အကူအညီ တောင်းခံထားသည်ဟု သိရသည်။
သတင်းနှင့်မီဒီယာကွန်ယက်
ကရင်နေ.ထူးနေ.မြတ်များ
![]() |
Category
- ကရင့်သတင်း (57)
- သတင်း (21)
- ကဗျာများ (9)
- ဗွီဒီယို (9)
- KNF(KOREA) (7)
- Gtalk နည်းလမ်းများ (5)
- ကရင့်သမိုင်း (5)
- ကွန်ပျုတာဆော့ဝဲ (5)
- နည်းလမ်းများ (5)
- ကရင့်ပုံပြင် (3)
- Gameများ (2)
- ကရင်အမျိုးသားသီချင်း (2)
- ကရင်နှစ်သစ်ကူးနေ. (2)
- ကွန်ပျုတာနှင့်စာအုပ် (2)
- ဆုတောင်း (2)
- ဖိတ်ကြားစာ (2)
- ကြော်ငြာ (2)
- ပြည်သူအသံ (2)
- ကရင်ရာဇ၀င် (1)
- ကရင်သတင်း (1)
- ကရင်အမျိုးသားအလံတော် (1)
- ကရင့်ရိုးရာ (1)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကျမ်းမာရေး (1)
- ခံစားချက် (1)
- ချည်ဖြူဖွဲ.မင်္ဂလာပွဲတော် (1)
- ဓာတ်ပုံများ (1)
- ပိုးကရင် ပြဇာတ်များ (1)
- ဖိတ်ကြားလွှာ (1)
- ရိုးရာကရင်ဒုံးယိမ်းအကြောင်း (1)
- လူမူရေး (1)
- သင်ခန်းစာ (1)
-ီDictionaryများ (1)
- စောဘဦးကြီး (1)
- ဆောင်းပါး (1)
- ပေးစာ (1)
Thursday, 2 July 2009
ဒီကေဘီအေ အင်အား ၂၀ ထိုင်းဘက်ခြမ်းသို့ ၀င်လာသဖြင့် ဒုက္ခသည်များ ထိတ်လန့်
Labels:
ကရင့်သတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment