ကရင်တို့၏ရိုးဂုဏ်
ကရင်လူမျိုးအားလုံးသည် ရောင့်ရဲတင်းတိမ်မူ့ရှိကြသည် ကိုတွေ့ရသည်။ အခြားသောတိုင်းရင်းသားများက "ရိုးအသော ကရင်များ" တစ်ညီတစ်ညွတ်တည်း မှတ်ချက်ချထားသည်ကို သိရသည်။ ကရင်တို့သည် အလိုနည်းသည်။ စားဝတ်နေရေး၌ ကြောင့်ကြမှုနည်းသည်။ ရသမျှနှင့်တင်းတိမ်သည်။ အလိုရမက်မထားသဖြင့် စိတ်ချမ်းသာမှုကိုဖြစ်စေသည်။ ရသမျှနှင့်မျှတအောင် နေထိုင်စားသောက်ကြသည်ကိုတွေ့ရသည်။ ကရင်တို့သည် ရောင့်ရဲတင်းတိမ်ခြင်း မင်္ဂလာကို အရယူနိုင်သည့်လူမျိုးစုများဖြစ်သည်။
ထို့ပြင် သစ္စာစောင့်သိသည်။ ကတိတည်သည်။ ဆူးကြုံနိမ့်မြင့် ခွဲခြားတတ်ခြင်းမရှိပေ။ လူသားအားလုံးကို မိမိနှင့်တန်းတူရည်တူထား၍ ရင်းနှီးဖော်ရွေစွာ ဆက်ဆံပြောဆိုတတ်ကြသည်။ တစ်ဖက်သားအပေါ် အားနာတတ်သည်။ လိုအပ်ပါက အချိန်နှင့်လုပ်အားပါစွန့်၍ အကူအညီပေးတတ်ကြသည်။ ထို့ကြောင့်လည်း "ကရင်အရောဝင် ယောက်ဖခေါ်ချင်" ဟူသောစကားပုံရှိလာခဲ့ခြင်းဖြစ်သည်။ အခြားသောတိုင်းရင်းသားများက "ရိုးအသောကရင်များ" ဟူ၍ အသိအမှတ်ပြုထားကြသည်ကို တစ်စေ့တစ်စောင်း လေ့လာကြည့်သောအခါ ကရင်လူမျိုးစုများသည် ရိုးသားကြသည်မှာမှန်ကန်ပါသည်။ သို့သော် "အ" သူများမဟုတ်ကြပေ။
အဘယ်ကြောင့်ဆိုသော် "အ" ခြင်းသည်၊ နုံခြင်းနှင့် လူရည်ညံ့ဖျင်းခြင်းဖြစ်၍ "ရိုး" ခြင်းကား ဖြောင့်မတ်ခြင်း၊ ထက်မြက်ခြင်းဖြစ်သည်။ ဥပမာတစ်ခု ဆိုရသော်... ၀ိဓုရသုခမိန်သည် "ငါကားမင်း၏ကျွှန်မဟုတ်" ဟုပုဏ္ဏကဘီလူးအား မုသားဆိုလိုက်ပါက ပုဏ္ဏကလက်၌ ဒုက္ခရောက်မည်မဟုတ်ပေ။ "ငါကားမင်း၏ကျွှန်ဖြစ်သည်" ဟူ၍ မုသားကိုပယ်ကာ သစ္စာစကား ဆိုလိုက်ခြင်းဖြစ်သည်။ ၀ိဓုရသုခမိန်၏ 'အ'ခြင်း၊ နုံခြင်းနှင့် လူရည်ညံ့ဖျင်းခြင်းမဟုတ်ပေ။ ထက်မြက်ခြင်း၊ ရိုးဖြောင့်ခြင်းနှင့် အမှန်ကို အမှန်အတိုင်းဝန်ခံရဲသည့် ရိုးဖြောင့်ခြင်းပင်ဖြစ်သည်။
ဤဥပမာကဲ့သို့ပင် အမှန်ကိုအမှန်၊ အရှိကိုအရှိဟုဝန်ခံရဲသည့် ရိုးဂုဏ်မျိုး ကရင်လူမျိုးစု၌ ရှိနေသည်ကိုတွေ့ရသည်။ မင်းတုန်းမင်းလက်ထက်တွင် ပခန်းမင်းကြီးဦးရန်ဝေးသည် မင်းမှု၊ပြည်မှုထမ်းရွက်ရာ၌ ရိုးဖြောင့်ဂုဏ်ကို အဓိကထားသည်ဖြစ်၍ သေသည့်အခါ ဒေါင်းဒင်းဂါးတစ်ပြားတစ်ချမ်းမျှ မချန်ဘိသကဲ့သို့ အမှုထမ်းအရာထမ်းများဖြစ်ကြသည့် ကရင်တို့သည်လည်း မိမိတာဝန်ကို ဦးလည်မသုဉ်းထမ်းဆောင်ခြင်း၊ ရောင့်ရဲခြင်းများကြောင့်လည်း သေသည့်အခါ နောင်လာနောင်သားများအတွက် ဘာမျှမချန်ခဲ့သည့်အပြင် အငြိမ်းစားများသည်လည်း ဘာမျှစုဆောင်းထားခြင်းမရှိ အိုမင်းသည့်တိုင် အလုပ်နှင့်လက်မပြတ်ကြသဖြင့် "ကရင်အို ချောင်ကြိုချောင်ကြား" ဟူသောစကားပုံလည်း ယနေ့တိုင် အထင်ကရကျန်ရှိခဲ့ပေသည်။
မည်သို့ပင်ဆိုစေ ရိုးဖြောင့်ခြင်းသည် မည်သည့်အခါမျှ အချည်းအနှီးမဖြစ်၍ ဂုဏ်တကာ့ဂုဏ်တွင် ရိုးဖြောင့်ခြင်းဂုဏ်ကို ကရင်တို့အရယူနိုင်ခဲ့ခြင်းဖြစ်သည်။ " ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်သည် လူ့ဘုံလောက အကာမျှတည့်၊ သူကငြူစူ မကြည်ဖြူ၍ ခွာယူလိုက ခွာ၍ရ၊ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည် လူ့ဘုံလောက နှစ်သာရတည့်၊ သူကငြူစူ မကြည်ဖြူလည်း ခွာ၍မရ၊ ကွာမကျ" ဟု စာဆိုဇော်ဂျီရေးဖွဲ့ထားသကဲ့သို့ တိုင်းရင်းသားများအလယ်တွင် ကရင်တို့၏ ရိုးဂုဏ်သည် ၀င့်ထည်တင့်တယ်စွာ ယနေ့တိုင်တည်ရှိနေဆဲဖြစ်သည်ကို ဂုဏ်ယူစွာ ကြားသိတွေ့မြင်ရပေသည်။
ကရင်နေ.ထူးနေ.မြတ်များ
![]() |
Category
- ကရင့်သတင်း (57)
- သတင်း (21)
- ကဗျာများ (9)
- ဗွီဒီယို (9)
- KNF(KOREA) (7)
- Gtalk နည်းလမ်းများ (5)
- ကရင့်သမိုင်း (5)
- ကွန်ပျုတာဆော့ဝဲ (5)
- နည်းလမ်းများ (5)
- ကရင့်ပုံပြင် (3)
- Gameများ (2)
- ကရင်အမျိုးသားသီချင်း (2)
- ကရင်နှစ်သစ်ကူးနေ. (2)
- ကွန်ပျုတာနှင့်စာအုပ် (2)
- ဆုတောင်း (2)
- ဖိတ်ကြားစာ (2)
- ကြော်ငြာ (2)
- ပြည်သူအသံ (2)
- ကရင်ရာဇ၀င် (1)
- ကရင်သတင်း (1)
- ကရင်အမျိုးသားအလံတော် (1)
- ကရင့်ရိုးရာ (1)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကျမ်းမာရေး (1)
- ခံစားချက် (1)
- ချည်ဖြူဖွဲ.မင်္ဂလာပွဲတော် (1)
- ဓာတ်ပုံများ (1)
- ပိုးကရင် ပြဇာတ်များ (1)
- ဖိတ်ကြားလွှာ (1)
- ရိုးရာကရင်ဒုံးယိမ်းအကြောင်း (1)
- လူမူရေး (1)
- သင်ခန်းစာ (1)
-ီDictionaryများ (1)
- စောဘဦးကြီး (1)
- ဆောင်းပါး (1)
- ပေးစာ (1)
Sunday, 5 July 2009
ကရင်တို့၏ရိုးဂုဏ်
Labels:
ကရင့်သမိုင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment