Saturday, 25 July 2009

ဇွဲကပင်အလွမ်း




ဇွဲကပင်အလွမ်း

ဆည်းဆာအို
မှောင်ညိုတဲ့ညချမ်း
အလွမ်းသင်တိုင်းခြုံလို့
ရင်ခုန်သူ နန်း မျှော်မောရတယ်
စော ရယ်။

ဇွဲကပင်မြေက
တို့တွေမြတ်နိုး
အမျိုးဘာသာ
ရိုးရာလင်းလက်
စာပေအရေး ရည်မှန်းခြယ်သ
ဝေစည်အပြုံး ကြည်နူးရတယ်
စော ရယ်။

ဇွဲကပင်တောင်ကို
သက်သေပြုလို့
ရင်မှမေတ္တာ ပေါက်ဖွားလာသော
ချစ်သောစကား ပြောကြားစဉ်တုံး
ခုတော့..ပင်သစ်တွေ့လို့ ပင်ဟောင်းမေ့
ပြောင်းလဲပြီလား
စော ရယ်။

ကြင်နာရိပ်သန်း
ကမ်းလှမ်းကူးယှက်
အသည်းထက်၌ မျက်ဝန်းထဲတွင်
နှင်းရည်တွေလူး ပခုံးပါးဝယ်ပုဝါငင်
မြင်လှည့် ကြင်လှည့် ဆုံဆည်းမဲ့ရက်
လက်ချိုးရေတွက် စောင့်မျှော်လျက်ပါ
စော ရယ်။

0 comments:

Post a Comment