နိုဝင်ဘာလ (ရ)ရက် ကျရောက်သည့်(၅၄)နှစ်မြောက်
ကရင်ပြည်နယ်နေ.
ကရင်ပြည်နယ်နေ.
နိုဝင်ဘာလ(၇)ရက်နေ.သည် ကရင်ပြည်နယ်(ကော်သူးလေ)နေ.ဖြစ်သည်။
ကရင်ပြည်နယ်နေ.ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။
ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကို
‘ကရင်ပြည်နယ်အဖြစ် ပထမအဆင့်သတ်မှတ်ခဲ့သည်။၁၉၅၄ ခုဇွန်လ(၁)ရက်နေ.သို.
ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့်
ဘားအံ၊သံတောင်၊လှိုင်းဘွဲ. မြိုများနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ(၁)ရက်နေ.တွင်
ကြာအင်းဆိပ်ကြီး၊ကော့ကရိတ် မြို.နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့်
ကရင်ပြည်နယ် အုပ်ချုပ်မှု.အတွင်းသို. ရောက်ရှိလာခဲ့သည်။
ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း(၁၁၀၉၁)ဖြစ်သည်။
ကျေးရွာပေါင်း(၄၆၄)ရွာနှင့် လူဦးရေ(၆၀၀၀၀၀)ခြောက်သိန်းခန်.ရှိလေသည်။
၁၉၅၆ခုနှစ် ဖေဖော်ဝါ၇ီလ(၂၅)၇က်နေ.တွင် ကျင်းပသော(စုဒ္ဒသမ)၁၄-ကြိမ်မြောက်
ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ. သတ်မှတ်ရေးအဆိုကိုတင်သွင်းရန်
သတ်မှတ်ခဲ့လေသည်။
ကရင်ပြည်နယ်နေ.ကို သတ်မှတ်၇ာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။
(၁)သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက
အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ(၇)ရက်နေ.။
(၂)ဘာအံ၊လှိုင်းဘွဲ.၊သံတောင် မြိုနယ်များကို ပထမအကြိမ်
ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည်. ဇွန်လ-၁ရက်နေ.။
(၃)ကြာအင်းဆိပ်ကြီး၊ကော့ကရိတ် မြို.နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ် အတွင်းပေါင်းစည်းခဲ့သည်.
ဇူလှိုင်လ-၁ရက်နေ.။
ဤသုံးရက်နေ.ကို ကရင်ပြည်နယ်နေ.အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ.ကို
ကရင်ပြည်နယ်နေ.အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။
(၁)ဇွန်လ-၁ရက်နေ.နှင့် ဇူလှိုင်လ-၁ရက်နေ.တို.သည် မိုးများရွာသော မိုးရာသီရက်များ
ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
(၂)နိုဝင်ဘာ-၇ ရက်နေ.သည် ရာသီဥသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့်
အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
(၃)ထိုနေ.(နိုဝင်ဘာ-၇)တွင် ကရင်ပြည်နယ်နေ.အဖြစ် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
ဤအကြောင်းများကြောင့် နိုဝင်ဘာလ(၇)ရက်နေ.ကို ကရင်ပြည်နယ်နေ. အဖြစ် သတ်မှတ်၍ တရားဝင်
ကျင်းပလာခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်
၁၉၆၄ ခုနှစ် ဧပြီလ (၃) ရက်နေ.တွင် ကရင်ပြည်နယ်ကို ကော်သူးလေ ဟု
ပြောင်းလဲခေါ်ဆိုခဲ့သည်။ ကော်သူးလေ ၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်
စုစုပေါင်း(၁၁.၀၉၁)တသောင်းတထောင်ကိုးဆယ်တစ်မိုင်ရှိသည်။
ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ.တောင်ဖျား၊မြောက်ဘက် လတ္တီကျု. ဒီဂရီ
၁၅.၁၅(ရေးမြို.နှင့် တတန်းတည်း)နှင့် ဒီဂရီ ၁၉.၁၃(ရေနီမြို.နှင့် တတန်းတည်း)အရှေ.ဘက်
လောင်ဂျီတွဒ်ဒီဂရီ ၉၆.၁၅နှင့် ဒီဂရီ ၉၈.၅၅စပ်ကြားတွင် အနောက်မြောက်မှ အရှေ.တောင်ဆီသို.
ခပ်ယွန်းယွန်း ကျဉ်းမြောင်းကွေ.ကောက်ရှည်လျားစွာတည်ရှိနေသည်။
ကရင်ပြည်နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊အရှေ.မြောက်ဘက်တွင်
ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်၊အရှေ.ဘက်တွင် သံလွင်မြစ်နှင့် ၎င်း၏လက်တက်
သောင်းရင်းမြစ်တို.အကြားဖြစ်သည့် ယိုးဒယားနိုင်ငံ၊တောင်ဘက်တွင် ကျိက္ခမီခရိုင်တွင်ပါ
ဝင်သော ရေးမြို.နယ်၊အနောက်ဘက်တွင် တောင်ငူခရိုင်တွင်ပါဝင်သော ရေတာရှည်မြို.
နယ်များ၊သထုံခရိုင်တွင်ပါဝင်သော ဘီးလင်း၊သထုံနှင့် ပေါင်မြို.နယ်များ၊ကျိက္ခမီခရိုင်တွင်
ပါဝင်သော ကျိုက်မရော၊မုဒုံ၊ကျိုက္ခမီနှင့် ရေးမြို.နယ်များရှိကြသည်။
ပြည်နယ်အတွင်းရှိ ခရိုင်အလိုက်၊မြို.နယ်အလိုက် အကျယ်အ၀န်းမှာ သံလွင်(၂၆၆၆)၊
လှိုင်းဘွဲ.(၁၇၆၄)၊ဘားအံ(၁၀၀၇)၊ကော့ကရိတ်(၁၉၆၃)၊ကြာအင်း(၁၂၃၈)၊သံတောင်
(၇၀၃)စတုန်းရန်းမိုင် အသီးသီးရှိကြသည်။
ကရင်ပြည်နယ်၏မြို.တော်သည် ဘားအံ မြို.ဖြစ်သည်။
ကရင်ပြည်နယ်အလံ
(၁)အလံ၏ပုံစံ-ထောင်မှန်စတုဂံပုံ ဖြစ်သည်။
(၂)အလံအရောင်-လက်ဝဲဘက်အပေါ်ဘက်ထောင့် အလံ၏သုံးပုံ
တပုံနေရာတွင် ကြယ်ဖြူတလုံး၊ကျန်အပိုင်းတို.တွင် အပြာရောင် အလံ၏
အလယ်တွင် အဖြူရောင်၊အလံ၏အောက်ဆုံးပိုင်းတွင် အနီရောင်ဖြစ်သည်။
(၃)အလံ ပမာဏ အရွယ်အစား
အလံအကြီးဆုံး ……..အလျား(၉)ပေ၊အနံ(၅)ပေ
အလံအလတ်စား …….အလျား(၆)ပေ(၆)လက်မ
အနံ (၃)ပေ (၄)လက်မ
အလံ အငယ်စား ……အလျား(၄)ပေ (၆)လက်မ
အနံ (၂)ပေ (၆)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၂)ပေ (၆)လက်မ
အနံ(၁)ပေ (၄)လက်မခွဲ။
။ ။ ။။ အလျား(၂)ပေ
အနံ(၁)ပေ (၁)လက်မ
။ ။ ။။ အလျား(၁)ပေ (၆)လက်မ
အနံ(၁၀)လက်မ
။ ။ ။။ အလျား(၁)ပေ
အနံ(၇)လက်မခွဲ
ဤသည်တို.ကား ကရင်ပြည်နယ် အလံအရွယ်အစားမျိုစုံဖြစ်ပေသည်။
အဓိပ္ပါယ် အနှစ်သာရ
(၁)အလံ၏ လက်ဝဲဘက် သုံးပုံတပံနေရာ တိမ်ထဲမှ ကြယ်ကြီးတလုံးမှာ
ပြည်ထောင်စုထဲမှ ပြည်နယ်တခုဖြစ်ကြောင်း အဓိပယ်ဖော်ဆောင်ထားခြင်းဖြစ်သည်။
(၂)အပြာရောင်သဘောမှာ တည်ကြည်၊နက်နဲ၊ငြိမ်းချမ်းသော အမှတ်လက်ခဏ ဖြစ်သည်။
(၃)အဖြူရောင်၏ သဘောမှာ ဖြူစင်ခြင်းနှင့် သန်.ရှင်းစင်ကြယ်ခြင်း၏ လက်ခဏဖြစ်သည်။
(၄)အနီရောင်၏ သဘောမှာမူ ရဲ.ရင့်ခြင်း၊သတိရှိခြင်း၊ဇွဲကောင်းခြင်း၊သွေးစည်းညီ
ညွတ်ရေး၏ အဓိပယ်အနှစ်သာရများကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
ဤသည်တို.ကား ကရင်ပြည်နယ် အလံအကြောင်းဖြစ်သည်။
ကရင်ပြည်နယ်တံဆိပ်
(၁)အလယ်တွင် ဘားစည်မျက်နှာပြင်နှင့် သီလ၊သမာဓိ၊သစ္စာ အမှတ်အသား
စာလုံးများရေးသားထားသည်။
(၂)လက်ျာဘက်တွင် ဆင်ရုပ်တုတခု၊။
(၃)လက်ဝဲဘက်တွင် ဆင်ရုပ်တုတခု၊။
(၄)ဦးထိပ်ဘက်တွင် ခြင်္သေ့ရုပ်တခု။
ဤအမှတ်သား၊ဤစာသား၊ဤအခြင်းအရာများပါရှိသော တံဆိပ်သည်
ကရင်ပြည်နယ် တံဆိပ်ဖြစ်သည်။
အဓိပယ်အနှစ်သာရ
(၁)တံဆိပ်၏အလယ်မှ ဘားစည်မျက်နှာပြင်၏ အဓိပယ်မှာ ကရင်အမျိုးသား
များ၏ ယဉ်ကျေးမူ.ဘ၀ကို ဖော်ပြထားသော ယဉ်ကျေးမူ.ပစ်စည်းဖြစ်ခြင်း။
(၂)သီလ၊သမာဓိ၊သစ္စာ စာလုံးများ၏ အဓိပယ်မှာ ကရင်အမျိုးသားများသည်
အကျင့်သီလ ပြည့်စုံကောင်းမွန်ခြင်း၊ဖြောင့်မတ်တည်ကြည်ရိုးသားခြင်း၊
သစ်စာရှိခြင်း စသောအရည်အချင်းကောင်းများကို ဖော်ပြထားခြင်းဖြစ်သည်။
(၃)တံဆိပ်၏ လက်ျာဘက်မှဆင်နှင့် လက်ဝဲဘက်မှ ဆင်ရုပ်တို.မှာ ပြည်ထောင်စု
မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်သည် သစ်များကို ဒုတိယအများဆုံး ထုတ်လုပ်
နိုင်ခြင်းကိုဖော်ပြထားသည့် အဓိပယ်ဖြစ်သည်။
(၄)တံဆိပ်၏ ဦးထိပ်ပိုင်းမှ ခြင်္သေ့ရုပ်မှာမူ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တံဆိပ်တွင်
ခြင်္သေ့ရုပ်ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ.၀င်ပြည်နယ်တခုဖြစ်
ကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။
အမျိုးသားစာပေဆုနှင့် လူ.အခွင့်ရေးဆုရ ဖူ.မောင်စင်ကြယ်၏ ကရင့် ဘ၀ဓလေ့
စာအုပ်မှဖော်ပြပါသည်။
မှတ်ချက်။ ။တချို.စာလုံးပေါင်းများသည် ကျွှန်တော်ကွန်ပျုတာတွင် မြန်မာစာ စီစာရိုက်
အခက်အခဲကြောင့် စာလုံးပေါင်းမှားနေပါသဖြင့် နားလည်ပေးစေချင်ပါသည်။
ကရင်နေ.ထူးနေ.မြတ်များ
Category
- ကရင့်သတင်း (57)
- သတင်း (21)
- ကဗျာများ (9)
- ဗွီဒီယို (9)
- KNF(KOREA) (7)
- Gtalk နည်းလမ်းများ (5)
- ကရင့်သမိုင်း (5)
- ကွန်ပျုတာဆော့ဝဲ (5)
- နည်းလမ်းများ (5)
- ကရင့်ပုံပြင် (3)
- Gameများ (2)
- ကရင်အမျိုးသားသီချင်း (2)
- ကရင်နှစ်သစ်ကူးနေ. (2)
- ကွန်ပျုတာနှင့်စာအုပ် (2)
- ဆုတောင်း (2)
- ဖိတ်ကြားစာ (2)
- ကြော်ငြာ (2)
- ပြည်သူအသံ (2)
- ကရင်ရာဇ၀င် (1)
- ကရင်သတင်း (1)
- ကရင်အမျိုးသားအလံတော် (1)
- ကရင့်ရိုးရာ (1)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကျမ်းမာရေး (1)
- ခံစားချက် (1)
- ချည်ဖြူဖွဲ.မင်္ဂလာပွဲတော် (1)
- ဓာတ်ပုံများ (1)
- ပိုးကရင် ပြဇာတ်များ (1)
- ဖိတ်ကြားလွှာ (1)
- ရိုးရာကရင်ဒုံးယိမ်းအကြောင်း (1)
- လူမူရေး (1)
- သင်ခန်းစာ (1)
-ီDictionaryများ (1)
- စောဘဦးကြီး (1)
- ဆောင်းပါး (1)
- ပေးစာ (1)
Tuesday, 10 November 2009
နိုဝင်ဘာလ (ရ)ရက် ကျရောက်သည့်(၅၄)နှစ်မြောက် ကရင်ပြည်နယ်နေ.
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment