Wednesday 20 January 2010

Gmail Security*Gmail Back Up (or) Gmail Hacking*

ကျွှန်တော်ကို အပူလာလာကပ်နေတဲ့ စောလယ်မူးရဲ. တောင်းတချက်ကြောင့် ကျွှန်တော်ညီအကို/မောင်နှမ ဘလော့ဂ်လေးကို လျှောက်လည်ရင်း စောလယ်မူး လိုချင်တဲ့အကြောင်းအရာတွေရယ် နောက်ပြီး မြန်မာနိုင်ငံသားအားလုံးနီးပါး သုံးနေတဲ့ Gtalkကို ကျွှန်တော်တို. ဘလော့ဂ်လေးကိုလာလည်ကြတဲ့ မိတ်ဆွေသူငယ်ချင်းများကို သိသင့်သိထိုက်တဲ့ Gtalk နည်းလမ်းလေးတွေကိုsofialay ဘလော့ဂ်ကနေကူးယူပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။အပူလာကပ်တဲ့ စောလယ်မူးလဲ ဒီလောက်ဆိုအဆင်ပြေမယ်လို. ထင်ပါတယ်။


Gmail Back Up (or) Gmail Hacking



ဒီ post ကို မတင်ခင်မှာ အကြိမ်ကြိမ် သချာ စဉ်းစားပါသေးတယ်။သူခိုးလမ်းပြ လုပ်သလို၊ကျားကို အတောင်ပံ ပေးသလို ဖြစ်မှာ စိုးရိမ်မိပါတယ်။ ဘာမှ မသိ နားမလည်သေးတဲ့ သိုးငယ်များကို ကျားပါးစပ် ပေါက်က လွတ်စေဖို့အတွက် လည်း အားလုံး သိဖို့လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကပဲ စဉ်းစားပြီး ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုလိုသူများအတွက် သုံးနိုင်အောင် ဖော်ပြလိုက်ရပါတယ်။
ဘယ်နိုင်ငံသားတွေနဲ့မှ မတူတဲ့ မြန်မာ လူမျိုးများရဲ့ ထူးခြားတဲ့ ဓလေ့စရိုက်တစ်ခုက အင်တာနက်ပေါ်ကနေ ချစ်သူဖြစ်ရင် ချစ်သူရဲ့ Gmail account ရဲ့ Password ကို တောင်းပြီး အကောင့်ထဲ ဝင်ကြည့်တာ၊ ဖြတ်သင့်တာဖြတ်တာ၊ စစ်သင့်တာ စစ်တာတွေ လုပ်ကြတာပါပဲ။ မသိရင်တော့ စစ်နေချိန်၊ ဝင်ကြည့်နေချိန်မှာ ကိုယ့်ထဲက အကြောင်းတွေ သူသိသွားပြီး Sign out လုပ်လိုက်တာနဲ့ သူဘာမှမသိတော့ဘူး၊ ဘာမှမတက်နိုင်တော့ဘူး၊ ခဏပြပြီး Password ပြန်ချိန်းလိုက်မယ် လို့ ဘယ်တော့မှ မစဉ်းစားလိုက်ပါနဲ့။ ဝင်ကြည့်နေချိန် ခဏ မှာ ကြည့်နေတာလေး နဲနဲတင် သိသွားမှာ မဟုတ်ပါဘူး၊ ဟိုး အရင် account စ လုပ်ချိန်ကနေ နောက်ဆုံး account ကို လုံးဝ မသုံး တော့ချိန်ထိ အားလုံး သိအောင် လုပ်ထားလို့ရပါတယ်။
ကိုယ့်အတွက် ကိုယ်ပဲ ဆိုရင်တော့ account အသစ် တစ်ခု သုံးချင်ချိန်တွေမှာ အရင်က အဟောင်းထဲက Data တွေ အားလုံးကို အသစ်ထဲ ကို ပြန်သိမ်းဖို့ အရမ်း အဆင်ပြေပါတယ်။



Email ကို Back up လုပ်တဲ့ စနစ်လေးပါ။
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို တစ်ခြား Email တစ်ခုကို တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ နာရီပိုင်းအတွင်းမှာ သူ့အလိုလို တစ်ခြား Email တစ်ခုထဲကို Download ချပြီးသားဖြစ်အောင်လုပ်လို့ရပါတယ်။
ဒီ နည်းလမ်းက ကိုယ့်ရဲ့ Password ကို အခြား တစ်စုံတစ်ယောက်ကို ပေးထားတတ်တဲ့ သူတွေအတွက် အရမ်းကို အန္တရယ်များတဲ့ နည်းလမ်းပါ။ မိနစ်ပိုင်းအတွင်းမှာ ကိုယ့် ထဲကရှိသမျှ Mail အားလုံးကို ကိုယ့် Email address password ကိုသိနေတဲ့ တစ်ခြားလူတစ်ယောက်က download ချသွားနိုင်ပါတယ်။ ဘယ်သူ ချတယ်ဆိုတာ ကိုယ့်ထဲမှာလည်း စစ်လို့မရဘူးနော်။ ဥပမာပြောရရင် sample@gmail.com က ကိုယ့်ရဲ့ mail ထားပါတော့ အခြား မသမာသူ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Password သိနေတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်သွားပါက ကိုယ့်ထဲကို Verification code ပါတဲ့ mail တစ်စောင်ပဲဝင်လာမယ်။ အဲဒီ mail ကိုလဲ အဲ့ဒီ မသမာသူ တစ်စုံတစ်ယောက်ကပဲ ယူပြီးတာနဲ့ ပြန်ဖြတ်သွားရင် ကိုယ့်အနေနဲ့ ဘာမှတောင် မသိလိုက်ရပဲ အားလုံးပါသွားလိမ့်မယ်။ အဟောင်းတွေ ပါသွားရုံတင် မဟုတ်ပါဘူး နောက်ထက် အသစ်တွေ ဝင်လာရင်လည်း သူ့ဆီကိုအလိုလို download ချနေမှာပါ။

ဒီ post ရဲ့ အဓိကရည်ရွယ်ချက်ကတော့ (၁) မသိသူများအတွက် အသိတစ်ခု တိုးစေဖို့၊ (၂) ကိုယ့် Email လုံခြုံရေးကို သတိပြုနိုင်စေဖို့နဲ့ (၃) ကိုယ့်ရဲ့ Email တွေကို back up လုပ်လိုသူများ လုပ်နိုင်ဖို့ အတွက်ပါ။
သူများ Mail ကို ခိုးဖို့မဟုတ်ပါဘူး။ အားလုံးပဲ မှန်ကန်စွာအသုံးချမယ်လို့ မျှော်လင့်ပါတယ်။
ပထမဆုံး ကိုယ့် Mail တွေကို Back up လုပ်ပြီး သိမ်းထားဖို့အတွက် Gmail အသစ်တစ်ခု လုပ်ပါ။ပြီးရင် အဲဒီ Email အသစ်ထဲကိုဝင်ပါ။ ဥပမာ.. sample@gmail.com ဆိုတဲ့ Mail ကို အသစ် လုပ်ထားသော Mail တစ်ခု ကနေ Download ဆွဲမယ်ဆိုပါစို့။

1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။
2. Settingကို သွားပါ။
3. Account and Import tab ထဲကို ဝင်လိုက်ပါ။
4. Add POP3 email account button ကို click ပါ။


5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ ခြင်းခံရမည့် account)။
6. Next Step ကို click ပါ။




7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင် အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။
8.Add Account ကို click ပါ။




9.Next Step ကို ဆက်သွားပါ။




10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။




11.Send Verification botton ကို click ပါ။



12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။

13. Code နံပါတ်ကို ဖြည့်ပြီးVerify လုပ်လိုက်ပါ။



နာရီအနည်းငယ်အတွင်းမှာပဲ Email အားလုံး ရောက်ရှိလာပါ လိမ့်မယ်။

အားလုံးပဲ မှန်ကန်စွာအသုံးချနိုင်ကြပါစေ။
မှတ်ချက်။ ။ အနာသိရင် ဆေးရှိ။ အမေးရှိရင် အဖြေရှိ ဆိုတဲ့အတိုင်း အသိနောက်ကျသွားလို့ ခံလိုက်ရသူတွေ၊ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေနဲ့ ကိုယ် Gmail ကို သံဿယ ရှိသူတွေ အတွက် ပြန်ဖြေနည်းတစ်ခု တော့ရှိပါတယ်။ ကိုယ် Password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို အထက်ပါ နည်းအတိုင်း Download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားလို့တော့ ရပါသေးတယ်။ ဘယ်လိုတားမလဲဆိုတော့ နောက် post တစ်ခုတင်ပြီး ဖြေရှင်း ရေးသား ဖော်ပြ ပေးပါမယ်။ Gmail အသုံးပြုသူအားလုံး လုံခြုံ အစဉ်ပြေမှုများနှင့် ပြည့်စုံကြပါစေ။

Gmail Security


Gmail အသုံးပြုသူများအတွက် Gmail account တစ်ခုမှ တစ်ခုဆီသို့ Email များအားလုံးကို တစ်စောင်ချင်း forward လုပ်စရာမလိုပဲ အားလုံး တစ်ခါတည်း ပြောင်းနိုင်ရန်နဲ့ ကိုယ့် Gmail ကို ပိုမို စိတ်ချရအောင် Back Up လုပ်နိုင်ရန် အတွက် Gmail Back Up (or) Gmail Hacking တွင် အားလုံး ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု နောက်တစ်ခု ကတော့… ကိုယ့် password သိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ဆီက Email တွေကို ကိုယ်မသိပဲ ဖြစ်စေ၊ သိပြီးမှ ဖြစ်စေ ယူသွားခြင်း ခံလိုက်ရ သူတွေ အတွက်နဲ့ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေ အတွက် ပြန်ဖြေနည်း တစ်ခုပါ။ ကိုယ် password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို ပထမ post မှာ ဖော်ပြခဲ့သလို နည်းလမ်းအတိုင်း download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားဖို့ လိုပါတယ်။ အဲဒီအတွက် သိသင့်တဲ့ အချက် များ ကို တစ်ပိုင်းချင်း ဖော်ပြပေးပါမယ်။


ပထမ တစ်ခုကတော့ ကိုယ့်ထဲကနေ ထပ်မထွက်နိုင်အောင် အားလုံး ပိတ်ပစ်ဖို့ပါ။ လုပ်ဆောင်မှု အဆင့်ဆင့်ကတော့ အရမ်းရိုးရှင်းပါတယ်။
1. Settingsကိုသွားပါ။
2. Forwarding and POP/IMAP tab ကို ဆက်သွားပါ။
3. Forwarding, POP Download နဲ့ IMAP Accessတို့ အားလုံးကို Disable forwarding, Disable POP နဲ့ Disable IMAP အသီးသီး ပေးလိုက်ပါ။
4. ပြီးရင် Save Changes button ကို click လိုက်ပါ။

အားလုံး ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပိတ်လိုက်တဲ့ အချိန်က စ ပြီး နောက်ထပ် Mail တစ်စောင်မှ တစ်ခြားတစ်ယောက်ဆီ ရောက်မှာ မဟုတ်တော့ပါဘူး။

တကယ်လို့ ကိုယ် အားလုံး ကို Disable ပေးထားချိန်မှာ တစ်စုံတစ်ယောက်ယောက်က POP3 download နဲ့ download ချ ဖို့ ကြိုးစားမယ် ဆိုရင် သူ့ဖက်မှာ အောက်ဖော်ပြပါ ပုံ အတိုင်း ပေါ်နေပါလမ့်မယ်။

ဒုတိယ သိရမယ့် တစ်ခု ကတော့ ကိုယ့် Gmail account password ကို သိတဲ့ တစ်ယောက်ယောက်က ကိုယ့်ဆီကနေ Email တွေကို POP3 မှာ download ဆွဲနေတယ် ဆိုရင် ကိုယ့်ဆီ ကို ဝင်လာတဲ့ Email တစ်စောင်ဟာ ကိုယ့်ဆီက download ဆွဲနေတဲ့ လူဆီကို ချက်ချင်း မရောက်ပါဘူး။ အနည်းဆုံး ၁ နာရီ ကနေ အများဆုံး ၄ နာရီ အတွင်းမှာမှ download ချ လို့ရတာပါ။ ဆိုလိုတာက ကိုယ့်ဆီ ကို တစ်စောင် အသစ်ဝင်တာနဲ့ download ဆွဲနေတဲ့ လူဆီကို လည်း တစ်စောင် အသစ် ချက်ချင်း ဝင်တာ မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်ဆီကို ဝင်လာတဲ့ Email တစ်စောင်ကို ဝင်လာပြီးလို့မှ တစ်နာရီ မကြာသေးခင်မှာပဲ delete ပေးလိုက်မယ်ဆိုရင် download ဆွဲနေတဲ့ လူဆီကို လုံးဝ ရောက်သွားမှာ မဟုတ်ပါဘူး။ download စ မဆွဲခင် အချိန်တုန်းက ရှိသမျှ Mail အားလုံးကတော့ မိနစ်ပိုင်းအတွင်း အားလုံး ရောက်မှာပါ။တတိယတစ်ခု ကတော့ အန္တရာယ်အများဆုံး ကိစ္စ လို့ ပြောလို့ ရပါတယ် ကိုယ့်ရဲ့ Mail ကို တခြားလူ တစ်ယောက်ယောက် က POP3 download နဲ့ ပထမ post မှာ ဖော်ပြခဲ့သလို လုပ်သွားပြီးပြီ ထားပါတော့ အဲဒါဆိုရင် သူ့ရဲ့ Mail ထဲမှာ Compose Mail လုပ်မယ်ဆိုရင် အောက်မှာပြထားတဲ့ ပုံအတိုင်း From: ဆိုတဲ့ Dropdown လေးတစ်ခုအပိုပေါ်လာလိမ့်မယ်။


ပုံမှန် ဆိုရင် Compose Mail လုပ်ရင် အဲဒီ Dropdown မရှိပါဘူး။ ကိုယ့် Mail ထဲမှာပြန်ကြည့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ ပုံမှန်ဆို Email တစ်ခုက Mail Address တစ်ခုတည်းကိုပဲ ပိုင်တာ ဖြစ်တဲ့အတွက် From: ဆိုတာ ပေါ်စရာ မလိုဘူးလေ။ ရွေးစရာမှ မလိုတာ။ ဒါပေမဲ့ အခုလိုဖြစ်သွားရင် Email တစ်ခုတည်းက Mail Address နှစ်ခု ပိုင်သလိုဖြစ်သွားပါတယ်။ ကိုယ့် Mail ကိုလည်း တစ်ဖက်လူက ပိုင်သွားပါပြီ။ အဲဒီတော့ အဲဒီ Dropdown မှာသူ့ Mail ရယ်ကိုယ့် Mail ရယ် နှစ်ခု ပေါ်နေလိမ့်မယ်။ အဲဒီအထဲက သူကကိုယ့်ရဲ့ Mail ကိုရွေးပြီး အခြား တစ်ယောက်ယောက်ဆီကို Email ပို့လိုက်ရင် လက်ခံ ရရှိတဲ့သူက ကိုယ့်ဆီက ရတာလို့ပဲ ထင်သွားမှာပါ။ ဘာလို့လည်းဆိုတော့ လက်ခံရရှိတဲ့သူဆီမှာကိုယ့် Mail Address သွားပေါ်နေမှာကိုး။ ပို့တာကသူ့ ထဲကပို့တာနော်။ ကိုယ်တောင် ဘာမှမသိလိုက်ရဘူး။ ကဲကိုယ့်ရဲ့ အရေးကြီးတဲ့ Contact တွေဆီကို ပေါက်ကရ Mail တွေလျှောက်ပို့လိုက်လို့ကတော့သေပြီ။ ဘယ်လောက် အန္တရာယ်များလဲ စဉ်းစားသာကြည့်ပေတော့။ အဲဒီတော့ အကောင်းဆုံးက ကိုယ့်ရဲ့အရေးကြီးတဲ့ Mail ရဲ့ Password ကိုဘယ်သူ့ကိုမှ မပေးတာအကောင်းဆုံးပါ။ Password ဆိုတာ Mail တစ်ခုရဲ့အသက်ပါ။ Password ကို မကာကွယ်နိုင်ဘူးဆိုမှတော့ Mail ရဲ့အသက်လည်းသေပြီပေါ့။ အားလုံးပဲ ကိုယ့်ရဲ့ Email Password လေးတွေကို လုံလုံခြုံခြုံ သိမ်းနိုင်ကြပါစေ။

Send Gmail Using Different Address


ဒီ Post ကတော့ Forward Mail အပို့များတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ Forward Mail ပို့ကြတဲ့အခါ ကိုယ့် Forward Mail ကိုတခြားလူက Forward ထပ်လုပ် အဲဒီအခါကျရင် ကိုယ့်ရဲ့ Email Address ကြီးကလည်းအလိုလို Forward လုပ်ပြီးသားဖြစ်နေပါတယ် တစ်ချို့တစ်ချို့သော အလွန်အလွန် Chat ချင်သောသူများက အဲဒီ Forward Mail တွေထဲက Email Address တွေကိုသိသိမသိသိ လိုက် Add ကြပါတယ် တော်တော်လေးကို စိတ်အနှောက်အယှက် ဖြစ်ရပါတယ် အဲဒီတော့ ကိုယ့်ရဲ့ Email ကို လူမသိစေပဲ ကိုယ့် Mail ထဲကနေပဲ တခြား Email Address တစ်ခုနဲ့ Forward လုပ်ကြရအောင်….။

နည်းလမ်းက ဒီလိုပါ

1. Gmail ကနေ Account အသစ်တစ်ခု လုပ်လိုက်ပါ။

2. ပြီးရင် ကိုယ့်ရဲ့ Original mail ကိုဖွင့်ပါ (Not the new Email)

3. Go to Setting

4. Go to Accounts and Import tab

5. Click Send mail from another address button

Name မှာကိုယ်ကြိုက်တာ ဖြည့်ပါ။

6. Email address: မှာကိုယ်အသစ်လုပ်ထားတဲ့ Email address ကိုဖြည့်ပါ။ (အောက်က Specify a different "reply-to" address (optional) ဆိုတာက ကိုယ်က new address နဲ့ ပို့ လိုက်ပေမဲ့ Mail လက်ခံတဲ့လူက Reply ပြန်ရင် Old Address ထဲကိုပဲဝင်ချင်တယ်ဆိုရင် အဲဒီ Box မှာ Old Address ကိုဖြည့်ပါ ဒီထက်မက ဖြည့်လည်းရပါတယ်)
7. Click Next Step

8. Click Send Verification အဲဒါဆို New Mail ထဲကို Verification Code လေး ပို့ပေးလိမ့်မယ်။

9. ပုံမှာပြထားတဲ့ box မှာဖြည့်ဖို့ Code ကိုရဖို့အတွက် New Mail ကိုဖွင့်ပြီး Code ကိုယူပါ။
10.ပြီးရင် Code ကို box မှာဖြည့်ပြီး Verify လုပ်လိုက်ပါ။

Compose Mail ပဲလုပ်လုပ် Forward ပဲလုပ်လုပ် To ဆိုတဲ့ box ရဲ့အပေါ်မှာ From ဆိုတဲ့ Dropdown လေးထဲမှာ ကိုယ်အသစ်လုပ်ထားတဲ့ New Address နဲ့လည်းပို့လို့ရတယ် ကိုယ့် Original Address နဲ့လည်းပို့လို့ရသွားတာပေါ့ အဲဒီတော့ Forward Mail တွေပို့တဲ့အခါ New Address လေးနဲ့ပို့တော့ ကိုယ့် Original Mail ကိုဘယ်သူမှမသိနိုင်တော့ပဲ ကိုယ့်ကိုလာလာ Add နေကြတဲ့ ဒုက္ခကကင်းဝေးသွားတာပေါ့ တကယ်လို့ Reply ပြန်မယ်ဆိုလည်း Original Mail ထဲကိုပဲဝင်မှာဖြစ်တဲ့အတွတ် New Mail ကိုလုံးဝဖွင့်စရာမလိုပဲ ကိုယ်လိုသလိုထိန်းချုပ်လို့ရပါတယ် Forward အတွက်တင်မဟုတ်ပဲ တခြားရည်ရွယ်ချက်တွေအများကြီးအတွက် သုံးရင်သုံးတတ်သလို ဒီနည်းလေးက အသုံးဝင်ပါတယ်။
Gmail Filter
Gmail မှာကိုယ်ဆီကို အမြဲ Forward လုပ်နေတဲ့သူ ဒါမှမဟုတ် ကိုယ့်အတွက်အရေးကြီးတဲ့လူဆီက Send တဲ့ Mail တွေကို Inbox ထဲမှာ တစ်ခြား Mail တွေနဲ့ ရောမထားပဲ သီးသန့်လေး Folder တစ်ခုနဲ့သိမ်းဖို့ Filter ကိုသုံးပါတယ်။
1.Setting ကိုသွားပါ။
2. Filters tab ကိုရွေးပါ။
3. Click Create a new filter
4. Fill in the (eg. sample@gmail.com
5. တကယ်လို့ စကားလုံးတစ်ခုခုကို Filter လုပ်မယ်ဆိုရင် အဲဒီစာလုံးပါတာနဲ့ Filter ထဲဝင်အောင် Has the words boxမှာကိုယ် Filter လုပ်ချင်တဲ့ စကားလုံးကို ရိုက်ထဲ့ပါ။
6. Click
7.Skip the Inbox (Archive it) ဆိုတဲ့ Check box ကို check လိုက်ရင် အဲဒီ Mail က Inbox ထဲကိုမဝင်တော့ပါဘူး Filter ထဲကိုတန်းပြီးဝင်သွားပါလိမ့်မယ် အဲဒီတော့ Inbox မှာရှုပ်မနေတော့ဘူးပေါ့ ဒါပေမဲ့ အားနည်းချက်ရှိပါတယ် ကိုယ် Filter လုပ်ထားတဲ့ Mail ပိုင်ရှင်ဆီက Offline Message ကို Gtalk ဖွင့်တာနဲ့မရနိုင်ပါဘူး Gmail ထဲကိုသွား အဲဒီ Filter ကိုဖွင့်မှမြင်ရမှာပါ ပြီးတော့ Gtalk အောက်ချေမှာ ကိုယ့်ဆီကို Mail ဘယ်နှစ်စောင်ဝင်တယ်ဆိုတာပြတဲ့ Counter မှာ Filter ထဲက Mail တွေကို ထည့်မပြပါဘူး ဘာလို့လဲဆိုတော့ အဲဒီ Counter က Inbox ထဲက Mail တွေကိုပဲ Count လုပ်တာဖြစ်လို့ပါ အဲဒီနှစ်ခုမဖြစ်ချင်ဘူးဆိုရင်တော့ အဲဒီ Check box ကိုမ On ပါနဲ့ ဒါဆို Filter Mail က Filter ထဲလည်းဝင်မယ် Inbox ထဲလည်းဝင်ပါလိမ့်မယ် Offline Message ကိုလည်း Gtalk ဖွင့်တာနဲ့ မြင်ရပါလိမ့်မယ်။
8. ကျန်တဲ့ Check box တွေကိုတော့ကိုယ်ကြိုက်သလို Check လုပ်နိုင်ပါတယ် ပြီးရင် Apply the label check box ကို on ပြီး အဲဒီ Filter အတွက် Drop down ကနေ New Labelတစ်ခုပေးပါ။
9. အဲဒီ Filter လုပ်ထားတဲ့ Mail တွေကို Back up လုပ်ချင်တယ်ဆို တစ်ခြား Mail Address တစ်ခုကို Forward လုပ်ထားလို့ရပါတယ် Forward it toမှာကိုယ် Forward လုပ်ထားချင်တဲ့ Mail Address ရိုက်ထဲ့လိုက်ရင် Filter လုပ်ထားသမျှ Mail တွေကိုအဲဒီ Email ထဲကို Automatic Forwardလုပ်ပေးပါလိမ့်မယ်။Also apply filter to 0 conversations below ဆိုတဲ့ Check box က အဲဒီ Filter လုပ်ထားတဲ့ Email ဆီကနေ ကိုယ့်ဆီအခုလက်ရှိ Mail ၁၀ စောင် ဝင်ပြီးသားဆိုAlso apply filter to 10 conversations below လို့ပေါ်ပါလိမ့်မယ် အဲဒီ Mail အဟောင်းတွေကိုပါ Filter ထဲထဲ့မလားမေးတာပါ ထဲ့မယ်ဆို check လိုက်ပေါ့။

11. Click Create Filter

Gmail မှာပုံမှာပြထားတဲ့ အတိုင်းပေါ်နေပါလိမ့်မယ် ကိုယ် Filter လုပ်ထားတဲ့ Mail တွေကိုသီးသန့်လေး ကြည့်လို့ရပြီပေါ့။သတိထားရမှာက Skip the Inbox (Archive it) ဆိုတဲ့ Check box ကိုမ On ခဲ့ဘူးဆိုရင် အဲဒီ Filter Mail က Inbox ထဲကိုဝင်နေမှာပါ Inbox ထဲမှာကိုယ်ကမထားချင်လို့ ဖယ်မယ်ဆိုရင် Deleteမလုပ်ပါနဲ့ အဲဒါဆို Filter ထဲက အဲဒီ Mail ပါ ပျက်သွားပါလိမ့်မယ် Inbox ထဲမှာမထားချင်ရင် Inbox ထဲက Mail ကို Check ပြီး Archiveလုပ်လိုက်ပါ ဒါဆို Inbox ထဲမှာပျောက်သွားပြီး Filter ထဲမှာကျန်နေပါလိမ့်မယ်။

Gmail Search

Gmail မှာ ကိုယ်ရှာချင်တဲ့ mail ကို Search box မှာ Mail address ရိုက်ထဲ့ပြီး ရှာတာတော့ တော်တော်များများသိပြီးဖြစ်မှာပါ ဒါပေမဲ့ အသုံးနည်းတာက အဲဒီ Search box မှာ From Date and To Date နဲ့ရှာတာပါ တစ်ခါတစ်လေ ကိုယ်အရေးတကြီးလိုချင်နေတဲ့ Forward Mail တစ်စောင် ဘယ်သူကပို့လိုက်တယ်ဆိုတာတော့ မမှတ်မိတော့ဘူး ဘယ်ရက်လောက်ကလည်းဆိုတာပဲ မှတ်မိတော့တာမျိုးဆို ဒါက အတော်လေးအသုံးဝင်ပါတယ်

Format ကဒီလိုပါ

Example: Want to search mail From 1 Nov 2009 to 30 Nov 2009 then

Search box မှာဒီလိုရိုက်ထဲ့ပါ => before:2009/12/1 after:2009/11/1

ထူးခြားချက်မှာ before နောက်မှာရိုက်တဲ့ to date ကကိုယ်ရှာချင်တဲ့ to date ကိုတစ်ရက်တိုးပြီးရိုက်ရပါတယ် after နောက်မှာရိုက်တဲ့ from date ကတော့ကိုယ်ရှာချင်တဲ့ from date ကစပြီးရိုက်ရုံပါပဲ

တခြား key word တွေနဲ့လည်းလိုက်ရှာလို့ရပါသေးတယ်

subject: Search the Subject

from: Search for sender name

to: Search the To line for names and addresses.

cc: Search recipients in the Cc field.

bcc: Search for addresses and names in the Bcc field.

label: Search for messages assigned a label


is:starred Search for messages that are starred.

has:yellow-star Search for messages with a yellow star.

has:red-star Search for messages with a red star.

has:yellow-bang Search for messages with a yellow exclamation mark.

has:red-bang Search for messages with a red exclamation mark.

has:purple-question Search for messages with a purple question mark.

has:orange-guillemet Search for messages with two orange forward arrows.

has:blue-info Search for messages with a blue i.


is:unread Search for new and unread messages.

is:read Search for messages that have already been opened.

has:attachment: Search for messages that have files attached to them.

filename: Search within file names of attachments

lang: Search for messages in a particular language

in: Search in a standard "folder". You can search in Drafts, Inbox, Chats, Sent, Spam,Trash andanywhere (for everything, including Spam and Trash).

after: Search for messages sent after a date. The date must given in YYYY/MM/DD format.

before: Search for messages sent before a date.


Gmail IP


လူကြီးလူငယ်မရွေး နှစ်သက်စွဲလန်းနေကြတဲ့ Gmail မှာ Email ပို့လို့ရတာ Chatting လုပ်လို့ရတာတွေထက် ထူးခြားတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဲဒီအချက်တွေထဲကမှ Sofia သိသလောက်ကို အားလုံးကိုမျှဝေပေးလိုက်ပါတယ်။
Gmail မှာကိုယ့် Account ကိုဘယ်သူတွေဝင်ကြည့်သွားလဲဆိုတာကြည့်ကြရအောင်....။

ဒီနေရာမှာ တစ်ချို့တစ်ချို့သော ကိုကို မမ မောင်လေး ညီမလေးများက ကိုယ့်ရဲ့ gmail password ကို ချစ်ချစ်များကို အသိပေးထားလေ့ရှိကြပါတယ်။ အဲတော့ ကိုယ့်ချစ်ချစ်ကကိုယ့် Account ကိုဘယ်အချိန်မှာ ဝင်မွှေသွားလဲဆိုတာ ကြည့်လို့ရတာပေါ့နော်။ တစ်ချို့တစ်ချို့အတွက်တော့ ဘယ်သူများကိုယ့် password ကိုသိနေပြီးကိုယ့် account ကိုဝင်ကြည့်နေလဲဆိုတာ ကြည့်လို့ရတယ်နော်။

Gmail ရဲ့ဟိုးအောက်ဆုံးမှာ Details ဆိုတဲ့ link လေးကိုတွေ့လား မတွေ့ရင် အောက်ကပုံမှာ ကြည့်လို့ရပါတယ်။


အဲဒါလေးကို clcik လိုက်ရင် နောက်ထပ်အောက်မှာပြထားတဲ့ပုံလေးထပ်ပေါ်လာလိမ့်မယ်။


အဲဒီမှာ IP address ၅ ခုကိုတွေ့လိမ့်မယ်။ ပထမဆုံးတစ်ခုက ကိုယ်အခုဝင်နေတဲ့ Address ပဲ။ အဲဒါလေးကို မှတ်ထားပေါ့။ နောက်တစ်ခေါက် ကိုယ်ဝင်တဲ့အချိန်မှာ နောက်ဆုံးအကြိမ်တုန်းက ကိုယ်ဝင်ခဲ့တဲ့ Address လေးက ဒုတိယနေရာမှာ ရောက်နေရမယ်။ နောက်ဆုံးအကြိမ် ဝင်ခဲ့တဲ့ Date and time ကိုလည်းပြတယ်။ အဲလိုမဟုတ်ပဲ ကြားထဲမှာ IP Address တစ်ခုခုဝင်နေတယ်ဆိုရင်တော့ ကိုယ့် Account ကိုတစ်ယောက်ယောက် ဝင်ကြည့် ထားတာသေချာပြီပေါ့။ Password change သင့်ရင် change ပေါ့နော်။နောက်တစ်ခုလုပ်လို့ရတာက ကိုယ်က ကျောင်းမှာ account ကို sign out လုပ်ဖို့မေ့ခဲ့တယ်ဆိုပါတော့ ကျောင်းက account ကိုကိုယ့်အိမ်ရောက်မှ sign out လုပ်လို့ရတယ်နော်။ အဲဒီမှာ Sign out all other sessions ဆိုတဲ့ button လေးကိုတွေ့လား အဲဒါလေးကို click လိုက်ရုံပဲ။ ကိုယ်ကမြို့ထဲက မှာသုံးခဲ့ပြီး sign out လုပ်ဖို့မေ့ခဲ့တယ်ဆိုရင်လဲ သတိရတဲ့အချိန် နီးစပ်ရာ ဆိုင်မှာဝင်ပြီး sign out လုပ်လို့လည်းရပါတယ်။ ဘယ်လောက်အသုံးဝင်လဲနော်။P.S : Sofia ရဲ့ IP Address က ၅ခုလုံးတူနေတာက gmail ကိုတစ်နေရာထဲမှာပဲ တစ်ယောက်တည်း သုံးလို့ပါ။ တကယ်လို့နေရာ အများကြီးမှာသုံးမယ်ဆိုရင်တော့ IP address ကမတူနိုင်တဲ့အတွက် ကိုယ်သုံးခဲ့တဲ့ IP address လေးကိုတော့မှတ်ထားဖို့လိုမယ်နော်။

0 comments:

Post a Comment