Friday 16 July 2010

အတွေးစိတ်ကူး
















အတွေးစိတ်ကူး



တစ်ခါတစ်လေ...

မဖြစ်နိုင်သေးမှန်း သိနေလျှက်လည်း
ငါ့ရဲ.အတွေး စိတ်ကူးယဉ်နေမိတယ်။

ဆင်းရဲဒုက္ခ ငါ့လူမျိုးတွေရဲ့ဘဝ
မျက်စိရှေ့တွင် နေ.စဉ်မြင်တွေ့နေရ
ထမင်းတစ်လုပ်စားဖို့ ရှာကြံဖန်းတီး
နေစရာ မြေတောင်မရှိကြတဲ့ သူတို.တတွေဘ၀။

ဒီလိုဆင်းရဲမူ.နှင့် ငါ့လူမျိုးအား
ငါ့မှာ ဥစ္စာ၊စည်းစိမ် ရှိခဲ့ရင်လည်း
ငါ့ရှိစည်းစိမ် ဥစ္စာများအား
ငါလူမျိုးကိုပေးကမ်းချင်မိ။

စည်းစိမ် ၊ ဥစ္စာ ငါမမက်ပါ
သို့သော်ငြားလည်း...
စည်းစိမ် ၊ ဥစ္စာ ပြည့်စုံပါမှ
ငါ့လူမျိုးအား ကူညီနိုင်အံ့
အတွေးတိမ်တိုက်ထဲမှာတော့လေ
ငါ့လူမျိုးတွေငါကူညီနေကြပေါ့။

တောက်...
ဆူညံသံ တစ်ခုအကြား
ငါ့အတွေးစိတ်ကူး နိုးထစေခဲ့
ဒီလိုနဲ့ ပြန်လည်နိုးထ
ငါ့ရဲ.အတွေး စိတ်ကူးကနေ
ဂရုတစိုက်ပြန်တွေးကြည့်မိပေါ့။

တစ်ကယ်တော့..
မဖြစ်နိုင်သေး အလွန်ဝေးတဲ့
အတွေးတစ်ခု စိတ်ကူးယဉ်တတ်တဲ့
ငါ့ရဲ.ဘ၀လေးက တုံးအောက်ကဖား
တုံးအောက်ကနေ မိုးထက်မြင့်တဲ့စိတ်ကူးတွေနဲ့
လေပေါ်မှာ တိုက်အိမ်ဆောက်နေခဲ့။

လောလောဆယ်မှာတော့
တုံးအောက်ကဖား
တုံးပေါ်တက်နိုင်အောင် ကြိုးစားထားရင်း
အတွေး စိတ်ကူးလွင့်မျှောနေရင်းပေါ့။

ကဗျာ(စောနှင့်နန်း)

0 comments:

Post a Comment