Wednesday 4 August 2010

မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်

























အထက်ပါ ဓါတ်ပုံရှင် ကိုစိုးထွန်းအတွက် ဆေးဝါးကုသမှု စားရိတ်အား မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။ ကိုစိုးထွန်းသည် ရန်ကုန်မြို့ ကန်တော်လေးတွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် ဘူချွှန်းမြို့နှင့် အင်ချွှန်းမြို့ တစ်ဝိုက်တွင် အလုပ်လုပ်ကိုင် ခဲ့ဖူးသူ တစ်ဦးဖြစ်ပါသည်။ ယခု ဆေးဝါးကုသမှု မခံယူရမီ အချိန်ထိ ချော်နန်မြို့ အနီးတွင် အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။

ကိုစိုးထွန်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့ ည ၁၂နာရီခွဲခန့် အချိန်တွင် ရုတ်တရက် ပါးစပ်မှ အမြုပ်များထွက်ကာ မေ့လဲသွားခဲ့ပါသည်။ အနီးရှိ သူငယ်ချင်း ဖြစ်သူ တစ်ဦးမှ ၁၁၉အား အရေးပေါ် ဖုန်းဆက်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ ပထမဦးဆုံး နီးစပ်ရာ ချော်နန်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ သို့သော် ချော်နန်မြို့ရှိ ဆေးရုံမှ လက်မခံသဖြင့် နီးစပ်ရာ ဗြောင်းထက်မြို့ရှိ good morning ဆေးရုံသို့ ပို့ဆောင် ခဲ့ပါသည်။ ထိုဆေးရုံ၏ စမ်းသပ်စစ်ဆေးချက်အရ ၀မ်းဗိုက်ထဲတွင် သွေးများ ပျံနှံ့နေကြောင်း ပြောပြီး မိမိတို့ ဆေးရုံတွင် ကုသနိုင်စွမ်း မရှိဟုဆိုကာ ဆောင်နမ်မြို့အနီးရှိ ဘူန်ဒန်ဆိုးလ်တက္ကသိုလ် ဆေးရုံကြီး (분당 서울대학교병원)သို့ ပြောင်းလဲ ပို့ဆောင်ပေးခဲ့ပါသည်။ ယခုလက်ရှိ ဘူန်ဒန် ဆိုးလ်တက္ကသိုလ်ဆေးရုံရှိ အသည်းအသန်ဖြစ်နေသော လူနာများ ထားရှိသည့် အခန်းတွင် ဆေးကုသမှု ခံယူလျှက်ရှိပါသည်။

ယခုလက်ရှိ အနေအထားမှာ အသက်ရှုနှုန်း မမှန်သည့်အတွက် အသက်ရှုရန် အကူအညီပေးသည့် စက်ဖြင့် အသက်ရှုနေရပါသည်။ ထို့အတွက် အိပ်စက်အနားယူရန် အိပ်ဆေးများ အသုံးပြုပြီး အားအင်များ အနည်းငယ် ဖြစ်ထွန်းလာသည်အထိ လက်ရှိအနေအထား အတိုင်း စောင့်ကြည့်ရန် လိုအပ်သည်ဟု ဆရာဝန်မှ ပြောပါသည်။ဆရာဝန်မှ ကိုစိုးထွန်း၏ အခြေအနေသည် အသည်း၊အူ၊အစာအိမ်နှင့် အဆုတ်တို့သည် ပုံမှန် အနေအထားတွင် မရှိကြောင်း၊ လောလောဆယ် ဆိုးရွားသည်မှာ အဆုတ်၏ ညာဖက်အခြမ်းသည် အလုပ်လုပ်နိုင်စွမ်း အင်မတန် နည်းပါးနေပြီး ဘယ်ဖက်တခြမ်းကိုသာ အားထား အသက်ရှုနေရခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။

ဝမ်းဗိုက်အတွင်း ပျံနှံ့နေသော သွေးများအား ဖောက်ထုတ်ပြီးသည့် အတွက် သွေးပျံနှံ့မှုမှာ အနည်းငယ် သက်သာသွားသည် ဖြစ်ကြောင်း ပြောပြပါသည်။ ဖြစ်သည့် ရောဂါ အမျိုးအစားအား မေးမြန်းရာတွင် လောလောဆယ် အနေအထားအရ ခန္ဓာကိုယ် အတွင်းပိုင်းရှိ အသည်း၊အူ၊အစာအိမ်၊အဆုတ်တို့ အားလုံး တပြိုင်နက် ကောင်းမွန်ခြင်း မရှိသည့်အပြင် လက်ရှိလူနာ အနေအထားအရ အသေးစိတ် စစ်ဆေးစမ်းသပ်ရန် မဖြစ်နိုင်သည့် အတွက် လက်ရှိအနေအထားအရ မည်သည့် ရောဂါဖြစ်သည်ဟု အမည်မတပ်နိုင်သေးပါဟု ရှင်းပြပါသည်။

ဆေးဝါးကုသမှု ကုန်ကျစားရိတ်မှာ ပထမဆုံး ကုသခဲ့သည့် ဗြောင်းထက်မြို့ရှိ good morning ဆေးရုံတွင် ၀မ်(၂၃၃၂၀၀၀) ကုန်ကျခဲ့ပါသည်။ ယခုလက်ရှိ ဆေးရုံတွင်လည်း ၂၀၁၀-၀၇-၂၆ နေ့အထိ ဆေးကုသစားရိတ် ၀မ် သိန်း(၈၀)နီးပါး ကုန်ကျနေပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသားအချင်းချင်း ရိုင်းပင်းကူညီသည့် အနေဖြင့် မိမိတို့ တတ်စွမ်းနိုင်သ၍ ဆေးကုသမှု စားရိတ်အတွက် ၀ိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။

အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဦးခင်မောင်ရင် (၈၂+၀၁၁-၉၃၈၆-၇၁၅၃)

ဦးသန့်ဇင်အောင် (၈၂+၀၁၀-၉၀၅၄-၄၇၂၇)

ဦးဝင်းနိုင်ဦး (၈၂+၀၁၀-၈၆၄၈-၄၅၃၃)

ကိုကျော်ကျော်လွင် (၈၂+၀၁၀-၅၆၀၆-၅၀၂၇)

ကိုဝင်းလှိုင် (၈၂+၀၁၀-၅၁၈၀-၂၂၀၈)


ဘဏ်မှ တစ်ဆင့် ပေးပို့ ကူညီလိုသူများ အနေဖြင့်

Name-----KHINMAUNGYIN
BanK Account Number------553301-04-054359
Bank Name--------KB Bank(국민은행)

နှင့်

Name-----MAUNGZAWMOEAUNG
BanK Account Number------3658-09-0170934
Bank Name------새마을금고 တို့သို့ ပေးပို့ ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

http://burmainfokorea.blogspot.com/ ဟန်းဂုရွာမှ ပြန်လည်ဖြန်.ဝေသည်။

0 comments:

Post a Comment