Wednesday, 22 April 2009
Game Website
အွန်လိုင်းပေါ်မှာ ဆော့လို့ ကောင်းမယ့် ဂိမ်းဆိုက်လေး တစ်ခုကို ဖော်ပြလိုက်ပါတယ်။ ကစားနည်းများစွာ ပါဝင်တဲ့အတွက် မိမိတို့ ကြိုက်နှစ်သက်ရာကို ပျော်ရွှင်စွာ ကစားနိုင်ပါတယ်။ စိတ်ဝင်စားသူများ ဒီဝက်ဆိုက်မှာ သွားရောက် ကစားနိုင်ပါတယ်။
Wednesday, 8 April 2009
Game များ
Zoombieshooter ဂိမ်းဆော့ဝဲလ်
မိုးရေထဲမှာ မချမ်းနိုင်ပါဘူး။ ကိုယ်လျှောက်ရမယ့် လမ်းပေါ်မှာ ကြွက်တွေက ရောက်လာခဲ့တယ်။ ကြွက်ကိုက်တာ နာမနာတော့ မသိဘူး။ များများကိုက်ရင် သေတာပါပဲ။ ဒီတော့ ကြွက်မြင်ရင် ဓါးနဲ့ ခုတ်ရ၊ သေနတ်နဲ့ ပစ်ရနဲ့ တော်တော် အလုပ်ရှုပ်ပါတယ်။ ဒီကြားထဲ လူသေကောင်တွေက တစ်မျိုး။ ကိုယ်က လူစွမ်းကောင်း ဇာတ်လိုက် မင်းသားလေး။ တွေ့သမျှ ဓါတ်ဆီတိုင်ကီ တွေကအစ ပစ်ခတ်နေရတယ်။ ကိုယ်အသက် ရှင်သန်ဖို့။
ဂိမ်းကြော်ငြာကနေ ဘယ်ရောက်မှန်း မသိတော့ဘူး။ အထက်ကပြောသလို ဇာတ်လမ်းဂိမ်းလေးပါ။ အပစ်အခတ် ၀ါသနာပါသူများ၊ သဲထိပ်ရင်ဖို ကစားချင်သူများ စိတ်ပျော်စေမယ့် ဂိမ်းလေးပါ။ ဒီမှာ (Download) လုပ်ယူပါ။
ွှTank Car နဲ.စစ်တိုက်မယ်
ဂိမ်းတွေ စပေါ်တော့ နီပန်ဒိုဂိမ်းစက်တွေ ဖြစ်ပါတယ်။ နီပန်ဒိုဂိမ်းစက်မှာ ကစားနည်းတွေက မှိုကစားနည်း၊ မိမိစခန်းကို စောင့်ရှောက်တဲ့ တင့်ကား ကစားနည်း၊ အတုံးဆက်နည်း ... စသဖြင့် ဆော့ကစားခဲ့ကြရမှာပါ။ အဲဒီတုန်းက ကလေးတိုင်း ဆော့ကစားဖူးတဲ့ တင့်ကားဂိမ်းလေးကို ကွန်ပျူတာနဲ့ ဆော့လို့ရအောင် ပြုလုပ်ထားပါတယ်။ မိမိစခန်းကို အုတ်တွေနဲ့ ကာထားမယ်။ ဘယ်ညာကနေ ရန်သူတင့်ကားတွေ ထွက်လာမယ်။ မိမိက စခန်းချုပ်ကို စောင့်ရှောက်ပြီး ရန်သူတင့်ကားတွေကို တိုက်ခိုက်မယ်။ အဲဒီ ကစားနည်းလေးပါ။ စိတ်ဝင်စားသူများ ဒီမှာ (Download)လုပ်ယူပါ။
Hello Mario Game
Mario Game ကလေးဘ၀ထဲက သည်းသည်းမဲမဲ ဆော့ကစားခဲ့တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ယခု အသက်အရွယ် အရလဲ ဂိမ်းများကို ဆော့တဲ့အခါ red alert 2 ၊ warcraft တို့ ကစားဖြစ်ပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ ကောင်းတုန်းဖြစ်တဲ့ Mario Game လေးကို ရံဖန်ရံခါ ကစားတတ်ပါတယ်။
မိမိလို ကစားချင်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဂိမ်း(၂)မျိုး ထည့်သွင်း ထားပါတယ်။ အပေါ်မှာ ပြထားတဲ့ ဂိမ်းက မှိုပွင့်နဲ့ ပစ်မယ်ဆိုရင် Z Key ကို နှိပ်ရပြီး ခုန်ချင်တယ် ဆိုရင် A Key ကို နှိပ်ရပါတယ်။ အောက်ပုံက ကစားနည်းကတော့ သေနတ်နဲ့ ပစ်ရတာပါ။ Mouse Left Click နဲ့ ပစ်ခတ်ရပါတယ်။ (၂)မျိုးပေါင်းမှ ( 2 MB)ကျော်ပဲ ရှိပါတယ်။ ပေါ့လွန်းပါတယ်။ ဒီတွင် (Download) လုပ်ယူပါ။
၇န်သူစခန်းကို ၀င်ေ၇ာက်စီးနှင်းမယ်
ဂြိုလ်သားလိုလို အကောင်တွေ ကျွန်းစခန်းကို တိုက်လေယာဉ်များ ဆင်းသက်ပြီး မိမိက ကွန်မန်ဒို စစ်သား တစ်ဦး အနေဖြင့် စစ်တိုက်ရမည် ဖြစ်သည်။ ကောင်တာ ဂိမ်းနှင့် ခပ်ဆင်ဆင်ပင်။ စိတ်ဝင်စားဖွယ် ကောင်းလောက်အောင် မြင်ကွင်းစုံ ပါဝင်သည်။ စိတ်ဝင်စားသူများ (Download) လုပ်ယူပါ။
ရွှေတွင်းတူးရအောင်
ကွန်ပျူတာ သမားများ အနေနဲ့ အလုပ်ဖိအားတွေကို လျော့ချဖို့အတွက် စိတ်အပန်းဖြေ ဂိမ်းများကို ဆော့ကစား သင့်ပါတယ်။ (ဟီး ....ဖိအားတော့ မရှိဘူး ....ကျွန်တော်က ဆော့ချင်လို့ ဆင်ခြေပေးတာ )။ ဂိမ်းဆော့တဲ့ နေရာမှာလဲ အရမ်းကြိုးစား အားထုတ်ရတဲ့ ကစားနည်းမျိုးတွေကို ရှောင်သင့်ပါတယ်။ ကျွန်တော် တင်ပေးတဲ့ ဂိမ်းကတော့ လူတိုင်း ကြီးပွားချမ်းသာ စေမယ့် ကစားနည်းလမ်း လေးပါ။ မိုင်းရှုးမှာ ရွှေတူးစရာ မလိုပဲ ။ ဒီကစားနည်း လေးနဲ့ ရွှေတူးနိုင်ပါတယ်။ ရွှေတွင်းထဲမှာ ရွှေ၊ ကျောက်ခဲ၊ စိန် စတာတွေထဲက ရွှေနဲ့ စိန်ကို ရွေးပြီး တူးရမှာပါ။ ပြောရင်းနဲ့ စိတ်ဝင်စား လာကြပြီး မဟုတ်လား။ ဆော့ဝဲလ်ကို ဒီမှာ (download) လုပ်ယူပါ။ ဆိုက်က ပါးပါးလေးပါ။ ရွှေတူးရင် သူဌေးများ ဖြစ်ကြပါစေဗျား။
ကြက်ဖတိုက်ကြရအောင်
ဟီး အကုသိုလ်များလိုက်အုံးမယ်။ ကိုယ်ကြက်ဖနဲ့ သူ့ကြက်ဖ ဘယ်သူနိုင်မလဲ၊ တိုက်ကြည့်ပါလား။ ကြက်ဖတွေက သန်သန် မာမာ တွေကြီးပဲနော်။ သွေးထွက်သံယို မမြင်ချင်ရင် တော့ မကစားပါနဲ့။ ဘာလို့လဲဆိုတော့ ကြက်တွေက တိုက်ပြီးဆိုရင် သွေးထွက်အောင် တိုက်ကြတာလေ။ ကစားနည်းလေးက လွယ်ကူပါတယ်။ ဂိမ်းဆိုက်ကလဲ သေးသေးလေးပါ။ ဒီမှာ (download )လုပ်ယူပါ။
ကွန်ပျူတာ ဂိမ်းဆော့ဝဲလ်
ကွန်ပျူတာ ဂိမ်းကို ကြိုက်နှစ်သက်သူများအတွက် ဖြစ်ပါတယ်။ အကယ်၍ ကွန်ပျူတာဂိမ်းဆော့ချင်တဲ့ User များထဲက အပစ်အခတ်ကို ကြိုက်တယ် ဆိုရင်တော့ သဘောကျမလားပဲ။ ကောင်းမကောင်းတော့ ဆော့ကြည့်မှ သိမှာပါ။ ဒီမှာ (Download) လုပ်ယူပါ။
မြန်မာဖဲ စကားနိုင်ပြီ
ဖဲကို ၀ါသနာ ခုံမင်သူများအတွက်ပါ။ အားရင် ကွန်ပျူတာမှာ ပါတဲ့ ဖဲချပ်ပဲ ကစားနေတဲ့ သူများအတွက် မြန်မာလို ဖဲကစားနိုင်ပါပြီး။ ဖဲကစားနည်းကိုလဲ ထည့်သွင်းဖော်ပြပေးထားပါတယ်။ အင်စတော လုပ်စရာ မလိုပါ။ ဒီဖိုင်ထဲမှာ ပါဝင်တဲ့ မြန်မာ ဖောင့်လေးသာ Control Panel ထဲက Font ထဲ ထည့်ပေးရုံပါ။ စိတ်ဝင်စားရင် ဒီမှာ (Download)လုပ်ယူနိုင်ပါတယ်။
0 comments:
Post a Comment