မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) တပ်စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်၍ လက်နက်ကြီး အလုံးပေါင်း ၂၀၀ ကျော် ပစ်ခတ် အသုံးပြုခဲ့ကြောင်း သိရှိရသည်။
မြန်မာစစ်အစိုးရ နှင့် DKBA ပူးပေါင်းတပ်များက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှ KNLA တပ်မဟာ (၇) ဒေသရှိ တပ်ရင်း ၆ ရင်း၏ တပ်စခန်းများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ KNLA တပ်စခန်း များ အနီးတွင်လည်း မြေမြှုပ်မိုင်းများစွာ ထောင်ထားကြောင်း သိရသည်။
ကရင်ဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူတဦး၏ အဆိုရ နှစ်ဘက် တိုက်ပွဲများကြောင့် မြန်မာအစိုးရ တပ်နှင့် DKBA တပ်သားများအပါဝင် အင်အား ၁၀၀ ခန့် အကျအဆုံးရှိကြောင်းနှင့် အများစုမှာ DKBA တပ်သား များဖြစ်ကြောင်း သိရသည်။ KNLA ဘက်မှ ၂ ဦးဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဖူးကြီးအခြေစိုက် အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) လက် အောက် ခံ တပ်ရင်း ၁၀ ရင်းမှ တပ်သား ၂၀၀၀ ခန့်ကို မကြာသေးခင်က ကရင်ပြည်နယ် တောင်ပိုင်းသို့ စစ်ကူပို့ထား ကြောင်း မြန်မာစစ်တပ်နှင့် နီးစပ်သူများအဆိုရ သိရသည်။
“ဒီနေ့မနက် နအဖ တပ်ဘက်က လက်နက်ကြီး ၆ လုံးပစ်တယ်၊အင်္ဂါနေ့က အနည်းဆုံး ၁၉ လုံး ၊ ဗုဒ္ဓဟူးနေ့က လည်း အလုံး ၃၀ လောက် ပစ်တယ်”ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) အဖွဲ့ဝင်တဦးက ပြောသည်။
မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA ၉၉၉ ၊ ၅၅၅ ၊ ၃၃၃ တပ်ဖွဲ့ဝင်များသည် တပ် မဟာ(၇) ထိန်းချုပ်နယ်မြေရှိ တပ်ရင်း ၆ ခုအနီးမှ တပ်စခန်းများကို လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လူအင်အား စုစု ပေါင်း ၁၀၀၀ခန့် ဖြင့်သော်လည်းလောင်း ဆက်လက်ထိုးစစ်ဆင်ရန် ကြိုးစားနေကြောင်းလည်း သိရှိရသည်။
၎င်းတိုက်ပွဲများ ကြောင့် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထား ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစုပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့်မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။
၎င်း ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) နှင့် ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေးညွန့်ပေါင်းအသင်း ( TBBC ) တို့က ကူညီဆောင်ရွက်ပေးထားကြောင်းသိရသည်။
ယင်းတိုက်ပွဲများနှင့် ပတ်သက်ပြီး ယနေ့ထုတ် စစ်အစိုးရ သတင်းစာ၌ ကျော်ရဲမင်း ရေးသားထားသည့် ဆောင်းပါး တွင် “လက်ကျန် KNU ကိစ္စ၊ ပြည် ပြေးကိစ္စတွေကို ဒီနည်းဗျူဟာသုံးရပ်နဲ့ ဆောင်ရွက်မယ်ဆိုရင် မအောင်မြင် နိုင်စရာ လုံးဝမရှိပါဘူး၊ အဓိက လိုအပ်ချက်ကတော့ အိမ်နီးချင်း နိုင်ငံရဲ့ မိတ်ဆွေကောင်းပီသပြီး စိတ်ရင်း စေတနာမှန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကသာ အရေးအကြီးဆုံး”ဟု ရေးသားထားသည်။
အဆိုပါ နည်းဗျူဟာ ၃ ရပ်သည် ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ အိမ်နီးချင်နိုင်ငံများနှင့်ပူး ပေါင်းဆောင်ရွက်မှုရယူရန်နှင့် တည်ငြိမ်အေးချမ်းသွားပြီးဖြစ်တဲ့ နယ်စပ်ဒေသများတွင် နိုင်ငံတော် အစိုးရက နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို စေတနာအရင်းခံပြီး အောင်အောင် မြင်မြင်ဖြစ်ရန် ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း ဆိုသည်။
နိုင်ငံတော်အစိုးရ အနေနှင့် KNU ပြဿနာအပါဝင် နယ်စပ် ပြဿနာများကို ဖြေရှင်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်း ခဲ့ကြောင်း၊ အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် အိမ်နီးချင်း တဖက်နိုင်ငံ၏ စေတနာမှန်သည့် ပူးပေါင်း ဆောင် ရွက်မှုက အခရာကျကြောင်းလည်း စစ်အစိုးရသတင်းစာက ရေးသားထားသည်။
KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါက မှု ယခုကဲ့သို့ မြန်မာစစ်အစိုးရက ရေးသားခြင်းသည် စိတ်ကူးယဉ်နေခြင်း ဖြစ်၍ ဂရုမစိုက်နိုင်ကြောင်း ပြောဆိုသည်။
“နအဖက စိတ်ကူးယဉ်တာပဲ ကိုယ်ကကြီးလို့ ဒူးတောင်မမြင်တဲ့ အခြေအနေရောက်နေတဲ့အခါကျတော့ အဲဒီလို လေသံတွေပြောလာတာ၊ အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ ဂရုစိုက်မနေနိုင်ပါဘူး”ဟု စောဒေးဗစ်တာကပေါ က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံက အကြီးအကျယ် ဝေဖန်ပြောဆိုသည့် အတွက် မခံမရပ်နိုင်ဖြစ်၍ ယခုကဲ့သို့ သတင်းစာတွင် ရေးသားခြင်းဖြစ်ကြောင်းလည်း ၎င်း က ဆိုသည်။
လွန်ခဲ့သည့် မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ် အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ် ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံ က ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီးတို့က ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာခဲ့ကြသည်။
ယင်းတင်းမာမှုနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရ သတင်းစာများက ယနေ့အထိ တတိယအကြိမ်မြောက်ရေးသား ဖော်ပြခဲ့သည်။
သို့သော် မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာအားဖြင့်မှန်ကန် ခြင်းမရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့် ကွက်သည်ဟူ၍ တန်ပြန်ကြေညာခဲ့သည်။
ဧရာဝတီမှကူးယူဖော်ပြသည်။
ကရင်နေ.ထူးနေ.မြတ်များ
![]() |
Category
- ကရင့်သတင်း (57)
- သတင်း (21)
- ကဗျာများ (9)
- ဗွီဒီယို (9)
- KNF(KOREA) (7)
- Gtalk နည်းလမ်းများ (5)
- ကရင့်သမိုင်း (5)
- ကွန်ပျုတာဆော့ဝဲ (5)
- နည်းလမ်းများ (5)
- ကရင့်ပုံပြင် (3)
- Gameများ (2)
- ကရင်အမျိုးသားသီချင်း (2)
- ကရင်နှစ်သစ်ကူးနေ. (2)
- ကွန်ပျုတာနှင့်စာအုပ် (2)
- ဆုတောင်း (2)
- ဖိတ်ကြားစာ (2)
- ကြော်ငြာ (2)
- ပြည်သူအသံ (2)
- ကရင်ရာဇ၀င် (1)
- ကရင်သတင်း (1)
- ကရင်အမျိုးသားအလံတော် (1)
- ကရင့်ရိုးရာ (1)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကျမ်းမာရေး (1)
- ခံစားချက် (1)
- ချည်ဖြူဖွဲ.မင်္ဂလာပွဲတော် (1)
- ဓာတ်ပုံများ (1)
- ပိုးကရင် ပြဇာတ်များ (1)
- ဖိတ်ကြားလွှာ (1)
- ရိုးရာကရင်ဒုံးယိမ်းအကြောင်း (1)
- လူမူရေး (1)
- သင်ခန်းစာ (1)
-ီDictionaryများ (1)
- စောဘဦးကြီး (1)
- ဆောင်းပါး (1)
- ပေးစာ (1)
Thursday, 11 June 2009
နယ်စပ်တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများသုံး
Labels:
ကရင့်သတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment